"ပြည်တွင်းသောင်းကျန်းမှုသမိုင်း" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (remove extra enter)
အရေးမကြီး
၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကိုသိန်းဖေတို့ အိန္ဒိယရောက်စက တိတ်တဆိတ်ဆက်သွယ်အကြောင်းကြားခဲ့သော တရုတ်ပြည်သမ္မတချန်ကေရှိတ်၏အကြံပေး အရာရှိ ဂျင်နရယ် ပီအက်စ်ဝမ်၏တောင်းဆိုချက်ဖြင့် ဗြိတိသျှအစိုးရက ကိုသိန်းဖေနှင့် သခင်တင်ရွှေကို ချန်ကင်းသို့ ပို့ပေးသည်။ ထိုအချိန်တွင် ချန်ကေရှိတ် အစိုးရသည် ဂျပန်ကိုဟန်ပြသာတိုက်ခိုက်နေပြီး မော်စီတုန်း၏ကွန်မြူနစ်များကိုသာ အဓိကထား ထိုးနှက်နေစဉ် ဖြစ်သည်။ ချန်ကေရှိတ်အစိုးရက သခင်တင်ရွှေနှင့် ကိုသိန်းဖေကို မည်သည့်အကူအညီမျှ မပေးခဲ့ပေ။ သို့သော် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သော ချူအင်လိုင်းနှင့် တိတ်တဆိတ် ဆွေးနွေးခွင့်ရခဲ့သည်။ ချူအင်လိုင်းက ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ပြည်တွင်းအင်အားကိုသာ အဓိကထားရန် အကြံပေးခဲ့သည်။ ကိုသိန်းဖေနှင့် သခင်တင်ရွှေ ချန်ကင်း၌ရှိစဉ် အင်္ဂလိပ်စစ်ဘက်ဆိုင်ရာက ဝင်းဂိတ်၏ ခရီးရှည်ထိုး ဖောက်စစ်ဆင်ရေးတွင် ပါဝင်ရန် သွေးတိုးစမ်းမေးမြန်းခဲ့သည်။
 
မဟာမိတ်များသည် မြန်မာပြည်ရှိ ဖက်ဆစ် ဆန့်ကျင်ရေးအင်အားစုများအား ယင်းတို့၏ သူလျှိုများ၊ သတင်းပေးများ၊ ဒေသခံတပ်ဖွဲ့ဝင်များအဖြစ်သာ အသုံးပြုလိုခြင်းဖြစ်သည်။ ကိုသိန်းဖေနှင့် သခင်တင်ရွှေက ဝင်းဂိတ်၏စစ်ဆင်ရေးကို ငြင်းပယ်ပြီး အိန္ဒိယသို့ ပြန်လာကြသည်။ အိန္ဒိယရောက်သောအခါ မြန်မာပြည်ရှိ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများအား အကူအညီပေးသင့်ကြောင်း ဗြိတိသျှအစိုးရထံ စာဖြင့်တင်ပြပြန်သည်။ ဗြိတိသျှစစ်တပ်များသည် မြန်မာပြည်ပြန်သိမ်းရေးအတွက် ယင်းတို့၏အစီအစဉ်ဖြင့်သာ အောင်မြင်ရန် ကြိုးစားနေကြသည်။ ထို့နောက် မြန်မာပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ အကူအညီမရဘဲမြန်မာနိုင်ငံအား သိမ်းပိုက်ရန်မဖြစ်နိုင်ကြောင်းသိလာမှ သခင်တင်ရွှေကို မြန်မာပြည်သို့ ပြန်လည်စေလွှတ်လိုက်သည်။ သခင်တင်ရွှေသည် မြန်မာပြည်သို့ လျှို့ဝှက်စွာ ပြန်လည်ရောက်ရှိလာပြီး မြေအောက်လုပ်ငန်းလုပ်နေသော သခင်စိုးတို့လူစုနှင့် ညှိနှိုင်းဆွေးနွေးပြန်သည်။ ထို့နောက်မမြရီနှင့်လက်ထပ်၍ မမြရီကိုပါခေါပြီး အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ကွန်မြူ နစ်များ၏ ပြည်ပဆက်သွယ်မှုမှာ ပထမပိုင်းတွင်အောင်မြင်မှုမရခဲ့သော်လည်း နောက်ပိုင်းတွင် အသင့်အတင့်အောင်မြင်လာသည်။ တရုတ်ကွန်မြူနစ်ပါတီ၊ အိန္ဒိယကွန်မြူနစ်ပါတီတို့နှင့်လည်း အဆက်အသွယ်ကောင်းမွန်လာသည်။ သို့သော် မြေအောက်ကွန်မြူနစ် ပါတီဝင်များသည် ကွန်မြူနစ်ပါတီ၏အရေးကို ဆောင်ရွက်ခြင်းထက် အခြားခေါင်းဆောင်များနည်းတူဖက်ဆစ်ဆန့်ကျင်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ ကြခြင်း ဖြစ်လေသည်။
 
အိန္ဒိယကွန်မြူနစ်ပါတီတို့နှင့်လည်း အဆက်အသွယ်ကောင်းမွန်လာသည်။ သို့သော် မြေအောက်ကွန်မြူနစ် ပါတီဝင်များသည် ကွန်မြူနစ်ပါတီ၏အရေးကို ဆောင်ရွက်ခြင်းထက် အခြားခေါင်းဆောင်များနည်းတူဖက်ဆစ်ဆန့်ကျင်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ ကြခြင်း ဖြစ်လေသည်။
 
=ကုလား - ရခိုင် အဓိကရုဏ်းနှင့် ရခိုင်တိုင်း၏ နိုင်ငံရေးအခြေအနေ=
၁၁၉၆

တည်းဖြတ်မှုများ