ဆိပ်ခွန်ရွာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၃၅ -
(သာသနာတော်နှစ် ၂၂၃၊ ခရစ်နှစ် ၂၄၇ က သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဟု ရာဇ၀င်သမိုင်းကြောင်းက ဆိုသည်။ အင်ကြင်းတစ်ကိုင်း ပျဥ်းတစ်ကိုင်း ဆိုသောသမိုင်းကြောင်းရှိသည့် အင်ကြင်းတောစေတီတော်မြတ်ကြီးသည် စေတီရံ ၁၅၈ ဆူနှင့်အတူ ဒေသတွင်း တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သည်။ နှစ်စဥ် တန်ခူးလဆန်း ၁၁ ရက်မှ လပြည့်နေ့အထိ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်သည်။ )
"အင်ကြင်းတစ်ကိုင်းပျဉ်းတစ်ကိုင်းဟု ထင်ရှားကျော်စောတော်မူသော အင်ကြင်းတောစေတီတော်မြတ်ကြီး"
သမိုင်းအထောက်အထား
သီရိဓမ္မာသောကမင်းကြီး၏ကောင်းမှုတော်စေတီတော်ပေါင်း ရှစ်သောင်းလေးထောင်တွင်တစ်ဆူအပါအဝင်ဖြစ်သည်ဟု သမိုင်းအထောက်အထားတို့ဖြင့်အစဉ်အဆက်လက်ခံယုံ ကြည်ခဲ့ကြသော မုဋ္ဌောဘွဲ့မည်ခံ အင်ကြင်းတောစေတီတော်မြတ်ကြီးသည်စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာတွင်တည်ရှိပါသည်။
မူလမုဋ္ဌောစေတီတော်၏ ဉာဏ်တော်နှင့်ပတ်သက်၍ အချို့က ဝါပခြင်း(ဝါဖတ်ခြင်း) အရွယ်မျှဟု ခန့်မှန်းရေးသားခဲ့ကြသည်။ သက္ကရာဇ်(၅၄၅)ခုနှစ်တွင်နရပတိစည်သူမင်းကြီး ဖူးမြှော်တွေ့ရှိသော အင်ကြင်းတောစေတီတော်မှာ ဉာဏ်တော်(၅)တောင်နှင့်ထီးတော်(၅)ဆင့်ပါရှိသည်ဟု သိရှိရပါသည်။
ရှေးဟောင်းသုတေသနဌာနရှိ "သျှိုင်းတော်ရှစ်သောင်းလေးထောင်စာရင်းဘုရား"ခေါင်းစီးအမည်ရှိပေထုပ်တွင်" ဆိတ်တခွံမုဋ္ဌော " ဟူ၍ မုဋ္ဌောဆူရေ (၈၀) ထဲတွင်တွေ့ရှိရသည်။ ၄င်းနောက်အင်ကြင်းတောစေတီတော်ဗုဒ္ဓပုဇနိယပွဲတော်ကျင်းပသော သမိုင်းနှင့်ပတ်သက်၍ အစောဆုံးအနေနှင့်ပုဂံပြည်ဓမ္မရာဇိကဂူဘုရား နံရံတွင်ရေးထားသော မင်စာအနေနှင့်လည်းကောင်း၊ အင်းဝခေတ်က မင်းအဆက်ဆက်တို့ အင်ကြင်းတောစေတီတော်မြတ်ကြီးတွင်သီတင်းကျွတ်လပြည့်ကျော်(၁၊၂၊၃) ရက်နေ့များ၌ ဆီမီးထွန်းညှိပူဇော်ကြပုံများကိုလည်းကောင်း၊ မြန်မာဂေဇက်တီးယားစာစောင်ထဲမှရွှေဘိုမြို့နယ်စစ်တမ်းတွင်အင်ကြင်းတောဘုရားပွဲတော်အကြောင်းဖော်ပြထည့်သွင်းထားသည်ကိုလည်းကောင်း၊ အစောဆုံးပြဋ္ဌာန်းစာအုပ်ဖြစ်ေသာ ပဉ္စမတန်းဒေါင်းဖတ်စာတွင်လည်းသင်ခန်းစာတစ်ခုအနေနှင့်"အင်ကြင်းတောဘုရားပွဲတော်အကြောင်း" ဟူ၍ထည့်သွင်းရိုက်နှိပ်ထားသည်ကိုလည်းကောင်း အသီးသီးလေ့လာတွေ့ရှိရပါသည်။
ယင်းအင်ကြင်းတောအမည်တွင်သည့်မုဋ္ဌော(မုဒ္ဓေါ)စေတီတော်မြတ်ကြီးကို သီရိဓမ္မာသောက မင်းကြီးက သာသနာသက္ကရာဇ်(၂၂၄) ခုနှစ်(BC 300) ခန့်တွင်တည်ထားတော်မူခဲ့သည်။ မြတ်ဗုဒ္ဓ၏ သာသနာတော်တည်တံ့ပြန့်ပွားရေးအတွက်သာသနာ့သမိုင်းဝင်တတိယသံဂါယနာတင်တော်မူခဲ့သော အသောကမင်းကြီး၏ကောင်းမှုတော်စေတီပေါင်း (၈၄၀၀၀) အနက်တစ်ဆူအပါအဝင်ဖြစ်တော်မူသောကြောင့်လည်း တန်ခိုးကြီးဘုရားတစ်ဆူအဖြစ်အထက်အညာမြေအနှံ့ ထင်ရှားကျော်ကြားပါသည်။
မှတ်တမ်းမှတ်ရာများအရ သက္ကရာဇ်(၅၄၅)ခုနှစ်ပုဂံမင်းဆက်(၄၇)ဆက်မြောက်ဖြစ်သော နရပတိစည်သူမင်းကြီးက အင်ကြင်းတောစေတီတော်၏ မူလဉာဏ်တော်အမြင့်(၅)တောင်မှ ဉာဏ်တော်အတောင်(၄၀)ခန့်အထိ တိုးမြှင့်၍ မွမ်းမံတည်ထားတော်မူခဲ့ကြောင်းကိုလည်း သိရှိရပါသည်။ ထိုအချိန်ကစေတီတော်မှာ ပစ္စယံ(၃)ဆင့်၊ အထက်လေးထောင့်ချိုး၊ ပန်းအိုးတင်ပွတ်စေတီ၊ ဉာဏ်တော်အတောင်(၄၀)ရှိသည်ဟု မှတ်သားရပါ သည်။ ၄င်းအပြင်အင်ကြင်းတောစေတီတော်၏ တနင်္ဂနွေထောင့်(အရှေ့မြောက်)အရပ်တွင်စေတီတော်နှင့်အတောင်(၂၀)ခန့်အကွာ၌ အရှေ့နောက်အလျားအတောင်(၃၀)၊တောင်မြောက်အနံ (၁၉)တောင်နှင့်(၁)မိုက်ရှိ သိမ်တစ်ခုနှင့်၄င်းသိမ်၏မြောက်ဘက်မှကပ်လျက်တောင်ဘက်မျက်နှာလှည့်ပေါင်းကူး အခုံးနှင့်အုတ်ဂူဘုရားတစ်ဆူ၊ ဂူအထွက်အရှေ့ဘက်အနောက်ဘက်ဆီမီးလှူရန်အပေါ်မှ အခွက်များစွာပါရှိသော တစ်တောင်တစ်မိုက်ခန့်အမြင့်ရှိကျောက်တိုင်များ စိုက်ထူထားကြောင်းကိုလည်း မှတ်တမ်းမှတ်ရာများမှတဆင့်သိရှိရပါသည်။
စေတီတော်ကြီး၏ အရှေ့မျက်နှာတွင်နရပတိစည်သူမင်းကြီးဖောင်ဦးဆိုက်ရာ အထိမ်းအမှတ်အဖြစ်စေတီငယ်(၂)ဆူကို ဖိနပ်တော်နှင့်တစ်ဆက်တည်း(၂)ဆူတွဲများကို လှူဒါန်းခဲ့သေး သည်။ ၄င်းအလှူကောင်းမှုများအပြင်ဆီမီး၊ ဆွမ်း၊ သင်ပုတ်ဝတ်အတွက်ဝတ်ပြေပယ်(၅)ပယ်(၂)စိတ်(တင်း ၂၀ ကြဲခန့်) လယ်မြေကိုလည်း လှူဒါန်းခဲ့ပါသည်။ အစောင့်နေဘုရားကျွန်များကိုပါ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သက္ကရာဇ်(၁၂၁၄)ခုနှစ်အရေးတော်ပုံတွင်မင်းတုန်းမင်း သားနှင့်ညီတော်ကနောင်မင်းသားတို့ဘက်မှ အမှုတော်ကို လိုက်ပါထမ်းရွက်ခဲ့သော တည်တောဗိုလ်၏သား "ကြောင်သင်းဗိုလ်" သည်အရေးတော်ပုံအတွင်းက မလွှဲရှောင်သာသော စစ်ရေးကိစ္စကြောင့်အင်ကြင်းတောဘုရားရင်ပြင်တော်ပေါ်တွင်မြင်းဆွဲသွားမိသည်ကိုနောင်တွင်သတိတရားရ၍ ထိုအပြစ်မှကျေပါစေရန်ရည်သန်သောအားဖြင့်ရင်ပြင်တော်အပြည့်သဲကျောက်ပြားများကို ခင်းကျင်းလှူဒါန်းခဲ့လေသည်။ ထိုသဲကျောက်ပြားအချို့ကို ယခုထက်တိုင်ရင်ပြင်တော်ပေါ်တွင်တွေ့မြင်နိုင်ပါသေးသည်။
ကောဇာသက္ကရာဇ်(၁၂၁၅)ခုနှစ်တွင်ပဉ္စမသံဂါယနာတင်ဘဝရှင်မင်းတုန်းမင်းတရားကြီးသည်အင်ကြင်းတောစေတီတော်မြတ်ကြီးအားရွှေသင်္ကန်းကပ်လှူတော်မူခဲ့သည်။
ကောဇာသက္ကရာဇ်(၁၂၄၀)ခုနှစ်တွင်နန်းတက်သော သီပေါဘုရင်မင်းမြတ်သည်လည်းရွှေသင်္ကန်းကပ်လှူတော်မူခဲ့ပါသည်။
ကောဇာသက္ကရာဇ်(၁၂၅၅)ခုနှစ်တွင်ဆိပ်ခွန်ရွာနေ ဦးလူကြီး၊ ဦးလေးကြီး၊ ဦးပေါ်ဦး၊ ဦးကျော်တို့ကြီးမှူး၍စေတီရံ (၁၅၃)ဆူ
ပူဇော်ခဲ့ကြပါသည်။
ကောဇာသက္ကရာဇ်(၁၂၅၆)ခုနှစ်တွင်ဆိပ်ခွန်ရွာအနီးဝန်းကျင်ရှိ ကင်းဖျားရွာနေ ဦးရွှေကုန်း ကြီးမှူး၍ အရှေ့ဘက်လှေကား မုခ်နှင့်၎င်းအထက်ရှိစေတီတစ်ဆူကို ပူဇော်ကြသဖြင့်မူလစေတီရံ (၄)ဆူနှင့်အတူစေတီရံစုစုပေါင်း (၁၅၈)ဆူဖြစ်လာခဲ့သည်။
ကောဇာသက္ကရာဇ်(၁၂၆၇)ခုနှစ်တွင်အနီးဝန်းကျင်ရွာများဖြစ်သော တည်ပင်၊စောင်တန်း၊ရေကြည်ဝ၊ ဝါးရုံကန်၊ လက်လှုပ်၊ကြောင်လျှာတော၊ ရုံးတော၊ ဆူးတပ်၊ မိကျောင်းအိုင်စသော ရွာများစုပေါင်းလျက်ငှက်မြတ်နားတော်ကို လှူဒါန်းပူဇော်ခဲ့ကြ သည်။
ကောဇာသက္ကရာဇ်(၁၂၈၂) ခုနှစ်တွင်ဆိပ်ခွန်ရွာနေ ဦးနွယ်၊ ဦးအင်္ဂါ၊ သူကြီးဦးဖိုးဆိုင်၊ ဦးရွှေတုပ်တို့ကြီးမှူး၍ ထပ်မံပြုပြင်ကြရာ ဦးရွှေတုပ်ဒေါ်လေးမြင့်တို့မှ ထီးတော်၊ စိန်ဖူးတော်တို့ကို လှူဒါန်းပူဇော်ခဲ့ကြသည်။
ကောဇာသက္ကရာဇ်(၁၂၈၇)ခုနှစ်တွင်ဆိပိခွန်ရွာနေ ဦးဘိုးရင်၊ ဦးဘစိန်ကြီး တို့ကြီးမှူး၍ ငှက်ပျောဖူးမှ တတိယပစ္စယံထိ၊ (၁၂၈၈)ခုနှစ်တွင်တတိယပစ္စယံမှ ဒုတိယပစ္စယံထိ၊ (၁၂၈၉) ခုနှစ်တွင်ဒုတိယပစ္စယံမှ ဖိနပ်တော်အထိတိုင်အောင်ရွှေသင်္ကန်းကပ်လှူခဲ့ကြသည်။ လုံးတော်ပြည့်ရွှေသင်္ကန်းဟုခေါ်တွင်ခဲ့ပါသည်။
အဆိုပါ (၁၂၉၀)ပြည့်ရွှေသင်္ကန်းကိုဂုဏ်ပြုသောအားဖြင့်တေးပြုစာဆို ဆရာကြီးဦးစိုးဝက မြန်မာညွန့်တီးလုံးအလိုက်နှင့်အောက်ပါသီချင်းကို စပ်ဆိုပေးခဲ့ပါသည်။
ခြေဆင်း။ ။အင်ကြင်း ေတာဘဂဝါစေတီပုထိုးမှာလ ထင်လင်းစွာ အသရေ စီစီတိုးလိုက်တာက
နေခြည်တန်ခိုးတောင်မှ
ရှုံးလောက်ပြီထင်တယ်။
၁။ဇောသဒ္ဓါဖြူစင်သြဝါဒမူတင်ဦးဘစိန်ဘုရား ဒကာမင်းရယ်က လုံ့လဥဿဟနဲ့ကောင်းဖို့ရာကြံစည်အင်ကြင်းတောစေတီရွှေရောင်လင်း ဝင်းလက်ထိန်တော့သည်နတ်လူသာဓုခေါ်ကြတော့သည်အော်...သောကဓမ္မရာဇာတည်။
၂။ နတ်သိကြားဖန်ဆင်း မှန်မယွင်းစံကင်း ရှစ်သောင်းလေးထောင်ရည်ဟောသည်မြတ်စေတီစေတနာမြူးကြွ ဦးချဝန္ဒနာချီ နတ်လူသာဓုခေါ်ကြသည်အော်...သောကဓမ္မရာဇာတည်။
၃။ ရွာတာရွှေမိုး သဒ္ဓါမှာဝေဖြိုးကောင်းမှုစိတ်ကြံစည်တောင်းဆုနိဗ္ဗာန်ရည်ကောင်းမှုအနန္တတောင်းဆုပန်သ ပြည့်ဝကြတော့မည်အတိတ်အလွန်သာလှ ဆိပ်ခွန်ဂါမ ဌာနအခြေတည်တိုက်ပိုင်မင်းအရပ်ကရေးသားလို့ဆရာဝစီ နတ်လူသာဓုခေါ်ကြသည်အော်...သောကဓမ္မရာဇာတည်။ ။
ဤသို့အားဖြင့်ခေတ်အဆက်ဆက်ရွှေသင်္ကန်းများ အသီးသီး ကပ်လှူပူဇော်ခဲ့ကြရာ အင်ကြင်းတောစေတီတော်မြတ်ကြီးမှာ ဆိပ်ခွန်နယ်တစ်ခွင်ဝယ်ရွှေရောင်တဝင်းဝင်းနှင့်ကြည်ညိုဖွယ်အလွန်ကောင်းတော်မူသောစေတီတစ်ဆူအဖြစ်ထင်ရှားတော်မူပါသည်။ ယခုလက်ရှိအခါတွင်ရွှေသင်္ကန်းကိုရှေးနည်းအတိုင်းရွှေချကပ်လှူခြင်းမပြုတော့ဘဲရေရှည်တည်တံ့ခိုငိမာသောရွှေပြားများကိုခေတ်မှီနည်းစနစ်များအသုံးပြု၍ ကပ်လှူပူဇော်ထားရှိပါသည်။
အင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်းခေါ်တွင်ပုံ
စေတီတော်ကြီး၏ အရှေ့မုခ်၊ အုတ်လှေကား၏တောင်ဘက်၊ ဖိနပ်တော်အုတ်ခုံနှင့်ကပ်လျက်တွင်အင်ကြင်းပင်ကြီးတစ်ပင်ရှိပြီး လုံးပတ်မှာ (၉)တောင်ခန့်ရှိပါသည်။ အရှေ့မုခ်ဦးပြာသာဒ်နှင့်(၃)တောင်ခန့်အကွာတွင်တည်ရှိလေသည်။ ၄င်းအင်ကြင်းပင်ကြီးကို အင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်း ဟု ဘိုးစဉ်ဘောင်ဆက်ပြောဆိုမှတ်သားခဲ့ကြသည်။
အကြောင်းရင်းမှာ အဆိုပါအင်ကြင်းပင်ကြီးမှ ထူးဆန်းအံသြ ဖွယ်ပျဉ်းပန်းများမှာ အင်ကြင်းပန်းများနှင့်အတူ တစ်ပြိုင်နက်တည်းရောနှောပွင့်နေသည်ကို အစွဲပြု၍ ထိုသို့ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ အမှန်မှာ ပျဉ်းကိုင်းဟူ၍ သီးခြားအကိုင်းတစ်ကိုင်း အဖြစ်ပေါက်ရောက်နေခြင်းမဟုတ်ပါ။ ထိုအင်ကြင်းပင်ကြီး၏ စနေထောင့်ဘက်သို့ ထိုးထွက်နေသောအောက်ဆုံးအကိုင်း တစ်ကိုင်းတည်း၌ အင်ကြင်းပန်းပွင့်များနှင့်ပျဉ်းပန်းပွင့်များ အတူတကွရောနှောပွင့်နေခြင်းဖြစ်၍ အလွန်ထူးဆန်းအံသြ ဖွယ်အဖြစ်ထူးခြားနေရခြင်းဖြစ်ပါသည်။
အင်ကြင်းတောဘုရားပွဲတော်
အင်ကြင်းတောဗုဒ္ဓပူဇနိယပွဲတော်သည်နှစ်စဉ်တရားဝင်ကျင်း ပခွင့်ရသောဂေဇက်ဝင်ဘုရားပွဲတော်တစ်ခု ဖြစ်ပါသည်။ရှေး မြန်မာမင်းများလက်ထက်တော်မှ စတင်ခွင့်ပြုခဲ့ပြီး ဗြိတိသျှခေတ်အပါအဝင်ခေတ်အဆက်ဆက်စဉ်လာမပျက်ကျင်းပခဲ့ ကြသည်။ ပွဲတော်ရက်မှာ နှစ်စဉ်တန်ခူးလဆန်း(၁၀)ရက်မှ (၁၅)ရက်အထိ ကျင်းပလေ့ရှိသည်။ အညာကျေးလက်၏ လူသုံးကုန်ပစ္စည်းများ၊တောင်သူသုံးပစ္စည်းများစသည်တို့ကို ကုန်စည်ဖလှယ်ရောင်းဝယ်ကြရာ ပွဲတော်ကြီးတစ်ခုအဖြစ်အထက်မြန်မာပြည်တွင်ထင်ရှားလှသည်။ ဘုရားကြီးဝန်းကျင်တွင်ဘုရားပွဲလာဈေးသည်များအတွက်ဆိုင်ခန်းများကို ယာယီမဟုတ်ဘဲ အမြဲအတည်အခိုင်အခန့်ေေဆာက်လုပ်ပေး ထားသည်။ပွဲတော်ရက်အတွင်း ရပ်နီးရပ်ဝေးမှဘုရားဖူးလာ ဧည့်သည်များ၊ဈေးရောင်းဈေးဝယ်လာသူများဖြင့်ကြက်ပျံမ ကျဟုပြောစမှတ်ပြုလောက်ပင်စည်ကားလှသော ပွဲတော်တစ်ခုဖြစ်ပါသည်။ အညာဒေသ၏ အငွေ့အသက်များ၊ကျေးလက်ဘဝ သရုပ်သကန်များ၊ မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့စရိုက်များ စသည်တို့ဖြင့်ထုံမွှမ်းအပ်သောအရာကို တစ်ပြိုင်နက်တည်း ရရှိခံစားနိုင်အောင်အင်ကြင်းတောဘုရားပွဲတော်က ရသပေးစွမ်းနိုင်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
ဆဏ်းဝင်းအောင်
စာကိုး။ ။ဆိပ်ခွန်၊ အင်ကြင်းတောစေတီနှင့်မဟာစည်သမိုင်း(ဆရာဦးချစ်ဆွေ)
== ကိုးကား ==
|