ခရူးဆိတ် စစ်ပွဲများ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
→ကရူးဆိတ်စစ်ပွဲများ: စာလုံးပေါင်း ပြင်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
|||
စာကြောင်း ၂၃ -
ရ၏။
ကရူးဆိတ်(Crusade)ဆိုတာ ယေဘုယျအားဖြင့်တော့ ခရစ်ယာန်တွေနဲ့ အစ္စလာမ်တွေတိုက်ခဲ့တဲ့ စစ်ပွဲလို့ သိကြမှာပါ။ ကရူးဆိတ် ဆိုတဲ့ အဓိပ္ပာယ်ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ လမ်းညွှန်ချက်နဲ့အတူ ခရစ်ယာန်ဝါဒရဲ့ အပြင်ရန်သူ၊ အတွင်းရန်သူတွေကို နှိမ်နှင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မိုဟာမက်ရဲ့ ခေတ်ရောက်တဲ့အခါမှာတော့ ချိနည့်နေတဲ့ မွတ်ဆလင်တွေဟာ စတင်ဓားထက်လာခဲ့ကြပြီး နောက်ရာစုနှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ မြောက်အာဖရိက၊ အာရှမိုင်းနား၊ အရှေ့အလယ်ပိုင်းဒေသနဲ့ စပိန်တို့ကို မွတ်ဆလင်တွေအောင်နိုင်ခဲ့ပါတယ်။ ၁၁ရာစု အရောက်မှာတော့ ဆဲဂျု့တူရကီ(Seljuk Turk)တွေဟာ ဂျေရုစလင်မှအပ ပါလက်စတိုင်းဒေသ တခုလုံးနီးပါးကို စိုးမိုးနိုင်ခဲ့ပါတယ်။ တူရကီတို့ဟာ ထိုနေရာမှာတင် မရပ်တန့်ဘဲ အရှေ့ရောမအင်ပါယာရဲ့ မြို့တော်၊ အရှေ့ပိုင်းခရစ်ယာန်ဘာသာရဲ့ ဗဟိုချက် ကွန်စတန်တီနိုပယ်(Constantinople) မြို့ကို ထိုးစစ်ဆင်နေခဲ့ပြီး အနောက်ဥရောပကိုပါ ခြိမ်းခြောက်နေခဲ့တဲ့အတွက် ပြင်သစ်တောင်ပိုင်းမှာ ကျင်းပခဲ့တဲ့ ကလဲမွန့်ကောင်စီ အစည်းအဝေးပွဲမှာ သာသနာပိုင် ရဟန်း အာဘန်(Pope Urban II)ဟာ ၁၀၉၅ခုနှစ်မှာ အနောက်ဥရောပနဲ့ ခရစ်ယာန်နယ်မြေတွေကို ကာကွယ်ကြပါစို့ ဟူ၍ ဆော်သြခဲ့သည့်နောက်မှာတော့ ပထမခရူးဆိတ်စစ်ပွဲကြီး စတင်ခဲ့ပါတယ်။ ခရစ်ယာန်တပ်ဖွဲ့ဝင်များအားလုံးတို့သည် လက်ဝါးကပ်တိုင်ကို ဝတ်ဆင်ရပြီး အမျိုးမျိုးသော မက်လုံးများကိုလည်း လက်ခံရရှိခဲ့ကြပါတယ်။ (ပထမ ခရူးဆိတ်စစ်ပွဲကို အချို့သော သမိုင်းဆရာတို့က ပုတ်အာဘန်ရဲ့ လောဘတက်မှု့ကြောင့် ဖြစ်ပွားခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။)
*ပထမခရူးဆိတ်စစ်ပွဲကြီး ([[Tel:၁၀၉၆-၁၀၉၉|၁၀၉၆-၁၀၉၉]])
အနောက်ဥရောပ ခရစ်ယာန်တပ်ဖွဲ့ဟာ ရေမွန်(Raymond)၊ ဂေါ့ဖရေး(Godfray)၊ ဟု(Hugh)၊ ဘဟီးမွန့်(Bahemond) တို့၄ယောက် ဦးဆောင်တဲ့ စစ်တပ် ၄ခုနှင့်ဖွဲ့စည်းထားပါတယ်။ ထို့ပြင် သာမန်လယ်သမားအများအပြားနှင့် ဖွဲ့စည်းထားသော စစ်တပ်တခုလည်း ထပ်မံပေါ်ပေါက်လာပြီး ပြည့်သူ့တပ်ဖွဲ့ လို့ခေါ်ဝေါ်ကြကာ ပီတာက ဦးဆောင်ပါတယ်။ သြဂုတ်လ မှာတော့ ခရစ်ယာန်တပ်များနှင့် မွတ်ဆလင်တပ်များ ပထမဆုံးထိတွေ့မှု့ ဖြစ်ပွားခဲ့ပြီး တူရကီတို့ရှုံးနိမ့်ခဲ့ကြပြီး အနောက်ဥရောပကို ကျူးကျော်မယ့် အကြံအစည်များလည်း ပျက်စီးခဲ့ကာ ဆုတ်ခွာရာ လမ်းတလျှောက်ရှိ ဂျူးခရစ်ယာန် ရွာများကို ရသလောက် ဖျက်ဆီးသွားခဲ့ကြပါတယ်။ ခရစ်ယာန်တပ်ဖွဲ့ကြီး လေးခုစလုံး ကွန်စတန်တီနိုပယ်သို့ အရောက်မှာတော့ ဘိုင်ဇန်တိုင်း ဘုရင် အဲလစ်ရှက်(Alixius)ဟာ တူရကီလက်အောက်ကျရောက်နေတဲ့ ဘိုင်ဇန်တိုင်း အင်ပါယာရဲ့ မူလနယ်မြေများကို သိမ်းပိုက်ရရှိပါက သူ့ကို ပြန်လည်ပေးအပ်ရန်နှင့် အခြားသော တူရကီနယ်မြေများကိုတော့ သိမ်းပိုက်နိုင်သူက အုပ်ချုပ်ရန် ကမ်းလှမ်းခဲ့ပါတယ်။
၁၀၉ရ မေလမှာတော့ ဘိုင်ဇန်တိုင်းအင်ပါယာနဲ့ ကရူးဆိတ်တပ်ဖွဲ့တွေဟာ နီချီယာကို စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လမှာတော့ ဆဲဂျု့တူရကီတို့ရဲ့ မြို့တော် အနာတိုလီယာ လက်နက်ချခဲ့ပါတယ်။ ၁၀၉၈ ဇွန်လမှာတော့ ဆီးရီးယန်း မြို့တော် အန်တီအော့ကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၉၉ မှာတော့ ဂျေရုစလင်မြို့ကိုပါ လုံခြုံအောင် စီမံပေးနိုင်ခဲ့ပြီး ပထမခရူးဆိတ်စစ်ပွဲကြီး မှာတော့ ခရစ်ယာန်တပ်ဖွဲ့များဟာ အောင်မြင်မှု့များဖြင့် ပြည်တော်ပြန်ခဲ့ကြပါတယ်။
*ဒုတိယကရူးဆိတ် စစ်ပွဲကြီး ([[Tel:၁၁၄၇-၁၁၄၉|၁၁၄၇-၁၁၄၉]])
ပထမခရူးဆိတ်စစ်ပွဲမှာ မြန်မြန်အောင်ပွဲရခဲ့ကြတဲ့ ခရစ်ယာန်တပ်ဖွဲ့တို့ဟာ အချို့က ပြည်တော်ပြန်ကြပြီး အချို့က အောင်ပွဲရနယ်မြေများကို အုပ်ချုပ်ရန် ကျန်ရှိခဲ့ကြပါတယ်။ သိမ်းပိုက်ရရှိခဲ့တဲ့ နယ်မြေများကို ဂျေရုဆလင်၊ အီဒစ်ဆာ၊ အန်တီအာ့နှင့် ထရိုပိုလီ ဟူ၍ နယ်မြေလေးခု ခွဲခြားထားပြီး ထိုနယ်မြေများကို ကရူးဆိတ်ပြည်နယ်များ(Crusades States)ဟု ခေါ်ဝေါ်ခဲ့ကြပါတယ်။ ၁၁၃၀ အရောက်မှာတော့ ဆဲဂျု့တူရကီတို့ဟာ အစ္စလာမ်တို့ရဲ့ ရန်သူများကို တွန်းလှန်ကြဟူ၍ ဂျီဟတ်ကြွေးကြော်ခဲ့ကြပြီး စစ်အင်အား ပြန်လည်စုဆောင်းခဲ့ကြပါတာ်။ ၁၁၄၄ခုနှစ်မှာတော့ မိုဆိုးဘုရင်ခံ ဆဲဂျု့စစ်သူကြီး ဇန်ဂီဟာ အီဒစ်ဆာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အီဒစ်ဆာ ကျသွားတဲ့သတင်း ဥရောပသို့ အရောက်မှာတော့ အနောက်ဥရောပအုပ်စုဟာ ဒုတိယခရူးဆိတ်စစ်ပွဲ ဆင်နွှဲရန် လူစုခဲ့ကြပြီး ပြင်သစ်ဘုရင် လူဝစ် ရ(Louis VII) နှင့် ဂျာမနီဘုရင် ကောနာ့ ၃(Conard III) တို့က ဦးဆောင်ခဲ့ကြပါတယ်။ ၁၁၄ရ အောက်တိုဘာလမှာတော့ ကော်နာ့တပ်ဖွဲ့များက ဒိုရီယေလမ်ကို သိမ်းပိုက် နိုင်ခဲ့ပြီးနောက် ဂျေရုဆလင်သို့ဝင်ကာ တပ်ကို ပြန်လည်စုဖွဲ့ခဲ့ပါတယ်။ ဘုရင်လူးဝစ်နဲ့ ကော်နာ့တို့ဟာ ဒမတ်စကပ်မြို့ကို ထိုးစစ်ဆင်ခဲ့ပြီး ဒမတ်စကပ်အုပ်ချုပ်သူများဟာ ဘုရင် နာအယ်ဒင်(Nur Al Din)ကို စစ်သူကြီးဇန်ဂီအား စစ်ကူစေလွှတ်ရန် တောင်းဆိုခဲ့ပါတယ်။ စစ်သူကြီး ဇန်ဂီအရောက်မှာတော့ ဒမတ်စကတ်စစ်တပ်နဲ့ ဇန်ဂီ့စစ်တပ်တို့ရဲ့ နှစ်ဖွဲ့ပေါင်းတိုက်ခိုက်မှု့ကြောင့် လူးဝစ်နဲ့ကော်နာ့တို့ အရှုံးကြီး ရှုံးကာ တပ်ပြန်ဆုတ်ခဲ့ကြပြီး ဒုတိယကရူးဆိတ်စစ်ပွဲကြီး ပြီးဆုံးခဲ့ပါတယ်။
<nowiki>*</nowiki>တတိယကရူးဆိတ် စစ်ပွဲကြီး ([[Tel:၁၁၈၉-၁၁၉၂|၁၁၈၉-၁၁၉၂]] )
ဂျေရုဆလင်တွင် အခြေစိုက်နေသော ကရူးဆိတ်တပ်ဖွဲ့များဟာ ဒမတ်စကပ်တိုက်ပွဲမှာ ဘုရင် နာအယ်လ်ဒင်နှင့် ထိပ်တိုက်တွေ့ခဲ့ကြပြီးနောက် ကိုင်ရိုကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြပါတယ်။ ကိုင်ရိုမြို့မှာ ၁၁၆၉ခုနှစ်ကတည်းက ကရူးဆိတ်တို့လက်မှ စစ်သူကြီး ရှာကူး(Shirkuh) တိုက်ခိုက်သိမ်းပိုက်ထားခြင်း ဖြစ်ပါတယ်။ ရှာကူးဟာ ၁၁၇၄မှာ သေဆုံးခဲ့ပြီးနောက် ဆလာဒင်ဟာ စစ်သူကြီးဖြစ်လာခဲ့ပြီး နာအယ်လ်ဒင်ဟာလည်း ၁၁၈ရမှာသေဆုံးခဲ့ပါတယ်။ နာအယ်ဒင်သေဆုံးပြီးနောက် ဆလာဒင်ဘုရင်ဖြစ်လာခဲ့ပြီး တတိယကရူးဆိတ်စစ်ပွဲတွင် ဆလာဒင် ဦးဆောင်၍ တိုက်ခိုက်ခဲ့ပါတယ်။ ဟာတင်တိုက်ပွဲမှာတော့ ဆလာဒင်ဟာ ကရူးဆိတ်တပ်ဖွဲ့ကို အနိုင်ယူခဲ့ပြီး နယ်မြေချဲ့ထွင်နိုင်ခဲ့ပါတယ်။
အင်္ဂလန်ဘုရင် ရစ်ချတ်(Richard I)၊ ပြင်သစ်ဘုရင် ဖိလစ်(Philip II)၊ ဂျာမနီဘုရင် ဘာဘာရိုဆာ(Fredrik Barbarossa) တို့က တတိယကရူးဆိတ်စစ်ပွဲတွင် ကရူးဆိတ်တပ်ဖွဲ့များကို ဦးဆောင်ခဲ့ကြပါတယ်။ ၁၁၉၁ စက်တင်ဘာမှာ ဖြစ်ပွားတဲ့ အာစွပ်တိုက်ပွဲမှာ ရစ်ချတ်ဘုရင်ဟာ ဆလာဒင်ကို အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး ဂျေရုဆလင်သို့ ဆုတ်ပြေးခဲ့ရပါတယ်။ ဆလာဒင်ဟာ ဂျက်ဖာမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဂျေရုဆလင်မြို့ကို ဆက်လက်ဖိအားပေးခဲ့ပါတယ်။ ရစ်ချတ်ဘုရင်ဟာ စစ်ဆက်လက်တိုက်လိုစိတ်မရှိတော့ပဲ ဆလာဒင်နှင့် ညှိနှိုင်း၍ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုကာ အင်္ဂလန်သို့ ပြန်လာခဲ့ပါတယ်။ တတိယကရူးဆိတ်စစ်ပွဲအပြီးမှာတော့ ဆလာဒင်ဟာ အီဂျစ်၊ဆီးရီးယားနှင့် ဂျေရုဆလင်ကိုပါ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အင်္ဂလန်ဘုရင်ရစ်ချတ်ဟာ အင်္ဂလန်သို့ ၁၁၉၄ခုနှစ်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ၁၁၉၉ခုနှစ် အသက် ၄၁နှစ်တွင် ကွယ်လွန်ခဲ့ပါတယ်။ ဆလာဒင်ဟာလည်း ၁၁၉၃ခုနှစ်တွင် အဖျားရောဂါနှင့် ကွယ်လွန်ခဲ့ပါတယ်။ တတိယခရူးဆိတ်စစ်ပွဲအပြီးမှာတော့ မွတ်ဆလင်များဘက်က ဆလာဒင်အား အဘယ့်ကြောင့် ခရစ်ယာန်အုပ်စုကို ပါလက်စတိုင်းဒေသ အပြင်သို့ရောက်အောင် မတိုက်ထုတ်ရသနည်းဟု အပြစ်တင်ခဲ့ကြပြီး ခရစ်ယာန်များဘက်မှ ရစ်ချတ်ဘုရင်အား ပါလက်စတိုင်းဒေသကို ဆက်လက်ထိန်းချုပ်ခွင့်ရအောင် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အရှုံးထဲမှ အမြတ်ရအောင် ယူခဲ့သူဟူ၍ ချီးကျူးခဲ့ကြပါတယ်။ (သမိုင်းဆရာများရဲ့ သုံးသပ်ချက်အရ တတိယကရူးဆိတ်စစ်ပွဲမှာ နှစ်ဖက်တပ်များ လူအဆန်ဆုံး စစ်ပွဲဟူ၍ သတ်မှတ်ခဲ့ကြပါတယ်။ မွတ်ဆလင်ဘက်မှ ဆလာဒင်ကလည်း စစ်စည်းကမ်းနှင့် ဘာသာရေးစည်းကမ်းများအရ သူ၏စစ်တပ်ကို တင်းကြပ်ခဲ့သလို ရစ်ချတ်ဘုရင်ဟာလည်း ထို့အတူပင် ဖြစ်ပါတယ်။ ထို့ပြင် ခရူးဆိတ်စစ်ပွဲတလျှောက်လုံးတွင် ဤတကြိမ်သာ မွတ်ဆလင်များဘက်က အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။)
( အများသိကြသည့် ရော်ဘင်ဟုမှာ ဤရစ်ချတ်ဘုရင် လက်ထက်တွင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပြီး ရစ်ချတ်ဘုရင် ခရူးဆိတ်စစ်ပွဲဆင်နွှဲနေချိန်တွင် အင်္ဂလန်တွင် ကျန်ရစ်သည့် မြို့စား၊ နယ်စားများက ပြည်သူပြည်သားများကို ဖိနှိပ်မှု့ကြောင့် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ ရစ်ချတ်ဘုရင် အင်္ဂလန်သို့ပြန်အရောက် ရော်ဘင်ဟုနှင့် တွေ့ဆုံပြီးချိန်မှာတော့ ရော်ဘင်ဟုဟာ ဘုရင့်ဘက်သားဖြစ်လာခဲ့ပါတယ်။)
*စတုတ္ထ ကရူးဆိ်တ်စစ်ပွဲကြီး ([[Tel:၁၂၀၂-၁၂၀၄|၁၂၀၂-၁၂၀၄]])
တတိယ ကရူးဆိတ်စစ်ပွဲ အပြီးမှာတော့ ဥရောပတွင် မိမိဆန္ဒနှင့် မိမိ ကရူးဆိတ်စစ်ပွဲ ထပ်မံဆင်နွှဲလိုသူများ ပေါ်ပေါက်လာခဲ့ကြပါတယ်။ ထိုအထဲတွင် ပြင်သစ်တောင်ပိုင်းမှ နယ်စား မွန့်ဖဲ့ရာ့သည် လူသူအင်အား အတောင့်တင်းဆုံးဖြစ်လာခဲ့သည်။ ကရူးဆိတ်တပ်ဖွဲ့ဝင်များကို ဗင်းနစ်မြို့မှ ငွေဒင်္ဂါး ၈၅၀၀၀ ထောက်ပံ့ခဲ့ပြီး ဟန်ဂေရီမှ ဇဒါမြို့ကို သိမ်းပိုက်၍ သူတို့လက်အောက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ရာ ခရူးဆိတ်ခေါင်းဆောင်များက လက်ခံခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီး အင်နိုးဆန့်(Pope Innocent III) ဟာ ကရူးဆိတ်စစ်ပွဲ ဆင်နွှဲရန် အစည်းအဝေးခေါ်ခဲ့ပေမယ့် နောက်ပိုင်းတွင် စိတ်ပြောင်းသွားခဲ့ကာ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
အစည်းအဝေးတက်ရောက်လာတဲ့ ခရူးဆိတ်ခေါင်းဆောင်များကို ဘိုင်ဇန်တိုင်းအင်ပါယာရဲ့ မင်းသား အန်ဂျလို့(Angelos)ဟာ သူ့ဦးလေးဖြစ်သူ ဘိုင်ဇန်တိုင်းဘုရင် အယ်လက်ဇီယို(Alexio III)ကို နန်းချပြီး ဖခင်ဖြစ်သူ အယ်လက်ဇီယို(Alexio II)အား နန်းတင်ပေးပါက ငွေဒင်္ဂါး နှစ်သိန်းပေးမည်ဟု ကမ်းလှမ်းရာ ခရူးဆိတ်ခေါင်းဆောင်များက သဘောတူခဲ့ကြပါတယ်။ ခရူးဆိတ်တပ်ဖွဲ့များ အကူအညီနဲ့ အယ်လက်ဇီယို(Alexio II) နန်းရသွားတဲ့အခါမှာတော့ ဒီထီးနန်းဟာ မိသားစုပိုင်ထီးနန်းဖြစ်တဲ့အတွက် ကိုယ့်ပစ္စည်းကို ပြန်ယူခြင်းသာ ဖြစ်ကြောင်းနှင့် ကူညီပေးတဲ့ခရူးဆိတ် တပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ပေမယ့် ငွေတပြားမှ မပေးနိုင်ကြောင်း အကြောင်းကြားခဲ့ကြပါတယ်။ ခရူးဆိတ်ခေါင်းဆောင်များဟာ အမျက်ချောင်းချောင်း ထွက်ပြီး ဘိုင်ဇန်တိုင်းအင်ပါယာရဲ့မြို့တော် ကွန်စတန်တီနိုပယ်မြို့ကို ဝိုင်းဝန်းတိုက်ခိုက်ကြရာ ကွန်စတန်တီနိုပယ်မြို့ကျဆုံးခဲ့ရပါတယ်။ စတုတ္ထကရူးဆိတ်စစ်ပွဲဟာ မွတ်ဆလင်များကို တိုက်ခိုက်ရန်စုစည်းခဲ့ပေမယ့် ပုပ်ရဟန်းမင်းကြီးရဲ့ စိတ်ထား ပြောင်းလဲမှု့နှင့်အတူ ကွန်စတန်တီနိုပယ်မြို့ကြီး ကျဆုံးမှု့နှင့်သာ အဆုံးသတ်ခဲ့ပြီး မွတ်ဆလင်နယ်မြေများသို့ မချီတက်လိုက်ရပေ။
<nowiki>*</nowiki>ပဥ္စမကရူးဆိတ် စစ်ပွဲကြီး ([[Tel:၁၂၁၇-၁၂၂၁|၁၂၁၇-၁၂၂၁]])
၁၂၁၅ခုနှစ်မှာတော့ ပုပ်အင်နိုးဆန့်(Innocent III)ဟာ ခရူးဆိတ်စစ်ပွဲဆင်နွှဲရန် ထပ်မံ ဆင့်ခေါ်ခဲ့ပေမယ့် နောက်တနှစ်အကြာမှာ ကွယ်လွန်သွားပါတယ်။ သူ့နေရာကို ဆက်ခံတဲ့ ပုပ်ဟိုနိုးရီးယက်(Honorius III)ဟာ မွတ်ဆလင်တို့သိမ်းပိုက်ထားတဲ့ ခရစ်ယာန်နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် ဟန်ဂေရီဘုရင် အန်းဒရူး(Andrew II)နဲ့ သြစတြီးယားဘုရင် လီအိုပို(Leopold IV) တို့ကို ခရူးဆိတ်တပ်ဖွဲ့များအား ဦးဆောင်ရန် တာဝန်ပေးအပ်ခဲ့ပါတယ်။
၁၂၁၉မှာတော့ ခရူးဆိတ်တပ်ဖွဲ့ဝင်များဟာ ဒမီတာနှင့် အယ်လ်ကာမီတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အီဂျစ်ဘုရင် စူလတန် အာယုဘစ်ဟာ ခရူးဆိတ်တပ်ဖွဲ့များကို ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ပေမယ့် ခရူးဆိတ်တပ်ဖွဲ့ဟာ အီဂျစ်ပြည်တခုလုံးကို သိမ်းပိုက်ရန် ရည်မှန်းထားသည့်အတွက် စူလတန် အာယုဘစ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး အီဂျစ်သို့ ချီတက်လာခဲ့ရာ လမ်းတလျှောက်ရှိ မြို့ရွာငယ်များ ထောင်းလမောင်း ကြေကုန်ပါတော့သည်။ ၁၂၂၁ခုနှစ်အရောက်မှာတော့ နိုင်းမြစ်ဝှမ်း မြစ်ရေကြီးမှု့ကြောင့် ခရူးဆိတ်တပ်ဖွဲ့ဝင်များဟာ ရှေ့ဆက်မတိုးနိုင်ခဲ့ဘဲ တန့်နေရာမှ ရိက္ခာရှားပါးမှု့နှင့် ရောဂါဘယတို့ကြောင့် နောက်ပိုင်းတွင် ဆူလတန် အာယုဘစ်ရဲ့ ကမ်းလှမ်းမှု့ကို လက်ခံခဲ့ရကာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြပြီး ပဥ္စမကရူးဆိတ်စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။
*ဆဌမ ကရူးဆိတ်စစ်ပွဲကြီး ([[Tel:၁၂၂၈-၁၂၂၉|၁၂၂၈-၁၂၂၉]])
ဆဌမ ကရူးဆိတ်စစ်ပွဲကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ဆင့်ခေါ်မှု့ကြောင့် မဟုတ်ပဲ ရောမအင်ပါယာဘုရင် ဖရက်ဒရစ်(Fredrik II)ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ အမိန့်မပါတဲ့အတွက် ဖရက်ဒရစ်ရဲ့ စစ်တပ်ကို ပါလက်စတိုင်းဒေသရှိ ခရစ်ယာန်နယ်မြေများမှ ဝတ်ကျေတန်းကျေ သာကူညီခဲ့ကြပေမယ့် ၁၂၂၉ ဖေဖော်ဝါရီမှာ ဖရက်ဒရစ်ဟာ စူလတန် အာယုဘစ်နဲ့ ငြိမ်းချမ်းရေးထပ်မံဆွေးနွေးခဲ့ပြီး ဂျေရုဆလင်ဘုရင်အဖြစ် ဘိသိတ်ခံခဲ့ပါတယ်။ စူလတန်အာယုဘစ်နှင့် ၁၀နှစ် စစ်ပြေငြိမ်းစာချုပ်ကိုလည်း ထပ်မံချုပ်ဆိုနိုင်ခဲ့ပြီး ဆဌမ ကရူးဆိတ်စစ်ပွဲဟာ သွေးထွက်သံယို မရှိဘဲ ပြီးစီးခဲ့ပါတယ်။ စစ်ရပ်စဲရေးစာချုပ် ၁၀နှစ်ပြည့်ပြီးနောက် ၁၂၄၄မှာတော့ အီဂျစ်-တူရကီ မွတ်ဆလင်တပ်ပေါင်းစုဟာ ဂျေရုဆလင်ကို ပြန်လည် တိုက်ခိ်ုက်သိမ်းပိုက်ခဲ့ပါတယ်။
*သတ္တမခရူးဆိတ် စစ်ပွဲကြီး ([[Tel:၁၂၄၈-၁၂၅၄|၁၂၄၈-၁၂၅၄]])
ဂျေရုဆလင်ကျဆုံးပြီးနောက်မှာတော့ ပုပ်ရဟန်းမင်းကြီး အင်နို့ဆန့်(Innocent IV)ဟာ သတ္တမ ခရူးဆိတ်စစ်ပွဲဆင်နွှဲရန် ဆော်သြခဲ့ပါတယ်။ ပြင်သစ် လူဝီဘုရင်(Louis IX)ဟာ ခရူးဆိတ်တပ်ဖွဲ့များကို ဦးဆောင်ခဲ့ပြီး ၁၂၄၈ တွင် အီဂျစ်သို့ တိုက်ရိုက်ချီတက်ခဲ့ပါတယ်။ ၁၂၄၉မှာတော့ ဒီမီတာကို သိမ်းပိုက်နိုင်ခဲ့ပြီး ကိုင်ရိုသို့ ဆက်လက်ဦးတည်ခဲ့ပါတယ်။ ဖာရီစကာ တိုက်ပွဲမှာတော့ လူဝီဘုရင်ရဲ့တပ်ဟာ စူလတန်တူရန်ရှားရဲ့ တပ်များကို ရှုံးနိမ့်ခဲ့ပြီး လူဝီဘုရင်ကိုယ်တိုင် အဖမ်းခံခဲ့ရပါတယ်။ ကရူးဆိတ်တပ်ဖွဲ့ဝင်များဟာ ရွှေဒင်္ဂါး ရှစ်သိန်းနှင့် ဒီမီတာ မြို့ကိုပါ မွတ်ဆလင်တို့လက်ထဲပေးအပ်ခဲ့ပြီး လူဝီဘုရင်ကို ပြန်လည်ရွေးနှုတ်ခဲ့ရပါတယ်။ ထို့နောက်မှာတော့ လူဝီဘုရင်ဟာ ပြင်သစ်သို့ မပြန်သေးပဲ ဂျေရုဆလင်မြို့ကို သိမ်းပိုက်ရန် ကြံစည်နေပြန်ပါတယ်။ ၁၂၅၄မှာတော့ လူဝီဘုရင်ရဲ့ မိခင် ဘလန်ချီ ကာစတန်လီ ကွယ်လွန်သွားတဲ့အတွက် လူဝီဘုရင်ဟာ ပြင်သစ်သို့ တပ်ပြန်ခေါက်သွားပြီး သတ္တမ ခရူးဆိတ်စစ်ပွဲဟာလည်း အရှုံးနှင့် နိဂုံးချုပ်ခဲ့ရပါတယ်။
*အဌမခရူးဆိတ် စစ်ပွဲကြီး (၁၂၇၀)
မွတ်ဆလင်တို့ဟာ တဖြည်းဖြည်း အင်အားတောင့်လာခဲ့ကြပြီး ဂျက်ဖာနှင့် အန်းတွိုက်မြို့များကိုပါ သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ထိုသတင်းကို ပြင်သစ်ဘုရင် လူဝီ(Louis IX) ဟာ အာရပ်နယ်မြေသို့ ခရူးဆိတ်စစ်ပွဲကြေညာကာ ရေလမ်းဖြင့် ထပ်မံချီတက်ခဲ့ပြန်ပါတယ်။ ၁၂၇၀ ဇူလိုင်လမှာတော့ တူးနစ်ဆိပ်ကမ်းမြို့သို့ ကမ်းတက်ခဲ့ပါတယ်။ တူးနစ်တွင် ကမ်းတက်ပြီးလျင်ပြီးချင်း လူဝီဘုရင်ရဲ့ တပ်များဟာ တူးနီးရှား စစ်တပ်ရဲ့ ပိတ်ဆို့ချေမှုန်းမှု့ကို ခံခဲ့ရပြီး လူဝီဘုရင်လည်း ကျဆုံးခဲ့ပါတယ်။ လူဝီဘုရင်ကျဆုံးပြီးနောက်မှာတော့ အကိုဖြစ်သူ ချားလ်ဟာ တူနီးရှားတွေနဲ့ အလျင်အမြန် စစ်ပြေငြိမ်းခဲ့ပြီး တူးနစ်မှ ပြင်သစ်သို့ ပြန်လည်ဆုတ်ခွာခဲ့ကာ အဌမ ခရူးဆိတ်စစ်ပွဲမှာလည်း အရှုံးနှင့် အဆုံးသတ်ခဲ့ရပါတယ်။
*နဝမခရူးဆိတ် စစ်ပွဲကြီး ([[Tel:၁၂၇၁-၁၂၇၂|၁၂၇၁-၁၂၇၂]])
ပြင်သစ်ဘုရင် လူဝီ ကျဆုံးသွားပြီဟု သတင်းရရခြင်းမှာပဲ အင်္ဂလန်နန်းလျာ အက်ဒွပ်(Edward I)ဟာ အလျင်အမြန်စစ်ချီခဲ့ပြီး ၁၂၇၁ နွေဦးပေါက်မှာတော့ အေကာမြို့မှာ အခြေစိုက်ပြီး လူအင်အားပြန်လည်စုစည်းနေခဲ့ပါတယ်။ ဗင်းနစ်နှင့် ဂီနိုအာမြို့များကလည်း အရှေ့အလယ်ပိုင်း ကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားရင်း စီးပွားဖြစ်နေသောအခါ အက်ဒွပ်ရဲ့ ကရူးဆိတ်စစ်ပွဲဆင်နွှဲရန် အစီအစဉ်ကို မထောက်ခံဘဲ လူသူလက်နက်ပစ္စည်းများ မထောက်ပံ့လိုကြတော့ပေ။ အက်ဒွပ်ဟာ အေကာမှာ တနှစ်ကျော်နီးပါး သောင်တင်နေခဲ့ပါတယ်။ ဆူလတန် ဘေဘာဟာ အက်ဒွပ်ကို လူသတ်သမားစေလွှတ်ကာ လုပ်ကြံစေပေမယ့် မအောင်မြင်ခဲ့ပါ။
အင်္ဂလန်ဘုရင် ဟင်နရီ(Henery III) အပြင်းအထန် နာမကျန်းဖြစ်နေသည်ဟု သတင်းရောက်လာသောအခါ အက်ဒွပ်ဟာ အင်္ဂလန်သို့ ပြန်သွားခဲ့ပြီး နဝမကရူးဆိတ်စစ်ပွဲလည်း အဆုံးသတ်သွားခဲ့ပါတယ်။ ၁၂၉၁ခုနှစ်မှာတော့ အရှေ့အလယ်ပိုင်းမှ ခရစ်ယာန်တို့ရဲ့ နောက်ဆုံးခံတပ်ကြီးဖြစ်တဲ့ အေကာမြို့လည်း ကျဆုံးသွားခဲ့ပြီး ခရစ်ယာန်နှင့် မွတ်ဆလင်တို့ရဲ့ အားပြိုင်မှု့များလည်း ခေတ္တ ရပ်တန့်သွားခဲ့ပါတယ်။ ။
ခရူးဆိတ်စစ်ပွဲများဟာ ရာစုနှစ် ၂ခုအကြာတိုက်ခိုက်ခဲ့ကြတဲ့ ရှည်လျားတဲ့ စစ်ပွဲကြီး ဖြစ်ပြီး နှစ်ဖက်စစ်သည်ပေါင်း ၅သန်းနှင့် ၆သန်းအကြား သေဆုံးခဲ့ပြီး အရပ်သားပေါင်း ရသိန်းနီးပါး(ပိုချင်ပိုပါ့မယ်) အသတ်ခံခဲ့ရပါတယ်။ နှစ်ဖက်တပ်များဟာ စစ်ရာဇဝတ်မှု့များ၊ လူမျိုးတုန်းသတ်ဖြတ်မှု့များ၊ မုဒိန်းမှု့များနှင့် လုယက်မှု့များကို မရေမတွက်နိုင်အောင် ကျူးလွန်ခဲ့ကြပါတယ်။
နှစ်ပေါင်းနှစ်ရာခန့်အတွင်း ကရူးဆိတ်စစ်ပွဲကြီးများ တစ်ခု
|