ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:Bajidwa, King of Burma orders his generals to wrest Bengal from British, 1823.jpg|thumb|ဘကြီးတော်(စစ်ကိုင်းမင်း) (ခရစ်နှစ် ၁၈၂၃)၏ပုံတော်ဘုရား]]
'''ဘကြီးတော် မင်းတရား''' (ခရစ်နှစ် ၁၈၁၉-၁၈၃၇၊ မြန်မာသက္ကရာဇ် ၁၁၈၁-၁၁၉၉)သည် [[ကုန်းဘောင်မင်းဆက်]] (၁၁) ဆက်တွင် သတ္တမမြောက် ဘုရင် ဖြစ်သည်။ ဘိုးတော် ([[ဗဒုံမင်း]]) ၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာ၏ ပထမ အိမ်ရှေ့မိဖုရားမှ ဖွားမြင်သော သားတော်ကြီး ဖြစ်သည်။ ငယ်မည်မှာ မောင်စိန်ဖြစ်သည်။ ဖွားတော်မူစပင် [[စစ်ကိုင်းမြို့]] ကို စားရသောကြောင့် စစ်ကိုင်းမင်းဟူ၍၎င်း ၊ [[သာယာဝတီမင်း]] (ရွှေဘိုမင်း)၏ နောင်တော်ဖြစ်၍ နောင်တော်ကြီးမင်း ဟူ၍၎င်း ၊ ရတနာပူရ (အင်းဝ) စတုတ္ထမြို့တည် မင်းတရား ဟူ၍၎င်း ၊ ရွှေနန်းတော်၌ ဖလ်မှန်အများအပြား ထည့်သွင်းတည်ဆောင်ထားသဖြင့် ဖလ်နန်းရှင် ဟူ၍၎င်း ၊ နန်းစံသက် (၁၈) နှစ်အတွင်း ဆင်ဖြူတော်များ ဆက်သခံရ၍ ဆင်ဖြူများရှင် ဟူ၍၎င်း ခေါ်တွင်ခဲ့သည်။ ဘကြီးတော် ဟူသောအမည်မှာ ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ ဘကြီးတော်ဖြစ်၍ နောင်အခါတွင် ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသမိုင်းတွင် ဘကြီးတော် အဖြစ်သာ ထင်ရှားလေသည်။ နန်းတက်ဘွဲ့အမည်မှာ '''သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ'''ဖြစ်သည်။