မူလပရိယာယသုတ်: တည်းဖြတ်မှု မူကွဲများ

"ဤသုတ်သည် ဗုဒ္ဓ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
ဤသုတ်သည် ဗုဒ္ဓသာသနာ တခုလုံး၏ သဗ္ဗဓမ္မပရိယာယ (အဓိကမဏ္ဍိုင်ကြီး) ဟု ဆိုရပေမည်။ ဤသုတ်တွင် ဘုရားမြတ်စွာသည် မိမိနှင့်တခေတ်တည်း ပေါ် ပေါက်သော အဘိဓမ္မာအမျိုးမျိုးတို့ကို ဝေဖန်ချက်နှင့် ရှင်းလင်းဖော်ပြခဲ့ ရုံမျှမက၊ ထိုခေတ်ပြိုင်အဘိဓမ္မာတို့သည် ဗုဒ္ဓဘာသာဝါဒနှင့် မည်သို့ မည်ပုံ ကွဲပြားခြားနားကြောင်းကိုလည်း ထုတ်ဖော်နှိုင်းခိုင်းခဲ့သည်။ ဤသုတ်သည် အဓိကအားဖြင့် အတ္တဝါဒနှင့် သက်ဆိုင်သည်။ နိဗ္ဗာန်နှင့် ပတ်သက်သည်ကိုလည်း အနည်းငယ် ဖော်ပြထားပသည်။ ဘုရားမြတ်စွာ၏ အရိယာသာဝကများသည် ပဇာပတိ၊ ဗြဟ္မာ၊ အာဘဿရနတ်များ၊ သုဘကိဏှာနတ်များ၊ ဝေဟပ္ဖလ၊ အဘိဘူ၊ အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန စသော ပုဂ္ဂိုလ်များကို တွေ့ရှိသိရှိရကြောင်းကိုလည်း ဤသုတ်မှပင် လေ့လာရပေသည်။<ref>ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။</ref>
 
 
မဇ္ဈိမနိကာယ်
 
= ၁— မူလပရိယာယသုတ် =
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥက္ကဋ္ဌမြို့၁ သုဘဂတောအုပ်၂ တောစိုးသစ်ပင်ရင်း၌ နေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။
 
“ရဟန်းတို့ တရားအားလုံးတို့၏ အကြောင်းရင်းဒေသနာ ‘သဗ္ဗဓမ္မမူလပရိယာယသုတ်’ကို သင်တို့အား ဟောကြားပေအံ့၊ ထိုဒေသနာကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့” ဟု (မိန့်တော်မူ၏)။
 
“အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောကြားတော်မူ၏။
 
၂။ ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိ, အရိယာတရား၌ မလိမ္မာ, အရိယာတရား၌ ယဉ်ကျေးမှု ‘ဝိနည်း’ မရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိ, သူတော်ကောင်းတရား၌ မလိမ္မာ, သူတော်ကောင်းတရား၌ ယဉ်ကျေးမှု ‘ဝိနည်း’ မရှိသော အကြားအမြင်မရှိသူ ပုထုဇဉ်သည်— မြေကို မြေဟု မှတ်၏၊ မြေကို မြေဟု မှတ်၍ မြေကို ကြံ၏၊ မြေ၌ ကြံ၏၊ မြေမှ ကြံ၏၊ မြေကို ငါ့ (ဟာ) ဟု ကြံ၏၊ မြေကို ရှေးရှုနှစ်သက်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုမြေကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရေကို ရေဟု မှတ်၏၊ ရေကို ရေဟု မှတ်၍ ရေကို ကြံ၏၊ ရေ၌ ကြံ၏၊ ရေမှ ကြံ၏၊ ရေကိုငါ့ (ဟာ) ဟု ကြံ၏၊ ရေကို ရှေးရှုနှစ်သက်၏။ ထိုသို့ ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုရေကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
မီးကို မီးဟု မှတ်၏၊ မီးကို မီးဟု မှတ်၍ မီးကို ကြံ၏၊ မီး၌ ကြံ၏၊ မီးမှ ကြံ၏၊ မီးကို ငါ့ (ဟာ) ဟု ကြံ၏၊ မီးကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုမီးကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
လေကို လေဟု မှတ်၏၊ လေကို လေဟု မှတ်၍ လေကို ကြံ၏၊ လေ၌ ကြံ၏၊ လေမှ ကြံ၏၊ လေကိုငါ့ (ဟာ) ဟု ကြံ၏၊ လေကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုလေကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
၃။ သတ္တဝါတို့ကို သတ္တဝါတို့ဟု မှတ်၏၊ သတ္တဝါတို့ကို သတ္တဝါတို့ဟု မှတ်၍ သတ္တဝါတို့ကို ကြံ၏၊ သတ္တဝါတို့၌ ကြံ၏၊ သတ္တဝါတို့မှ ကြံ၏၊ သတ္တဝါတို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ သတ္တဝါတို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုသတ္တဝါတို့ကို) ပိုင်းခြား၍ မသိသော ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
နတ်တို့ကို နတ်တို့ဟု မှတ်၏၊ နတ်တို့ကို နတ်တို့ဟု မှတ်၍ နတ်တို့ကို ကြံ၏၊ နတ်တို့၌ ကြံ၏၊ နတ်တို့မှ ကြံ၏၊ နတ်တို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ နတ်တို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုနတ်တို့ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
မာရ်နတ်ကို မာရ်နတ်ဟု မှတ်၏၊ မာရ်နတ်ကို မာရ်နတ်ဟု မှတ်၍ မာရ်နတ်ကို ကြံ၏၊ မာရ်နတ်၌ ကြံ၏၊ မာရ်နတ်မှ ကြံ၏၊ မာရ်နတ်ကို ငါ့ (ဟာ) ဟု ကြံ၏၊ မာရ်နတ်ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုမာရ်နတ်ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ဗြဟ္မာကို ဗြဟ္မာဟု မှတ်၏၊ ဗြဟ္မာကို ဗြဟ္မာဟု မှတ်၍ ဗြဟ္မာကို ကြံ၏၊ ဗြဟ္မာ၌ ကြံ၏၊ ဗြဟ္မာမှ ကြံ၏၊ ဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ ဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုဗြဟ္မာကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
အာဘဿရဗြဟ္မာတို့ကို အာဘဿရဗြဟ္မာတို့ဟု မှတ်၏၊ အာဘဿရဗြဟ္မာတို့ကို အာဘဿရဗြဟ္မာတို့ဟု မှတ်၍ အာဘဿရဗြဟ္မာတို့ကို ကြံ၏၊ အာဘဿရဗြဟ္မာတို့၌ ကြံ၏၊ အာဘဿရဗြဟ္မာတို့မှ ကြံ၏၊ အာဘဿရဗြဟ္မာတို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ အာဘဿရဗြဟ္မာတို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ — ထိုသူသည် (ထိုအာဘဿရဗြဟ္မာတို့ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
သုဘကိဏှဗြဟ္မာတို့ကို သုဘကိဏှဗြဟ္မာတို့ဟု မှတ်၏၊ သုဘကိဏှဗြဟ္မာတို့ကို သုဘကိဏှဗြဟ္မာတို့ဟု မှတ်၍ သုဘကိဏှဗြဟ္မာတို့ကို ကြံ၏၊ သုဘကိဏှဗြဟ္မာတို့၌ ကြံ၏၊ သုဘကိဏှဗြဟ္မာတို့မှ ကြံ၏၊ သုဘကိဏှဗြဟ္မာတို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ သုဘကိဏှဗြဟ္မာတို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုသုဘကိဏှဗြဟ္မာတို့ကို) ပိုင်းခြား၍မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ဝေဟပ္ဖိုလ်ဗြဟ္မာတို့ဟု မှတ်၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ဝေဟပ္ဖိုလ်ဗြဟ္မာတို့ဟုမှတ်၍ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ကြံ၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့၌ ကြံ၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့မှ ကြံ၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
အဘိဘူဗြဟ္မာကို* အဘိဘူဗြဟ္မာ၃ဟု မှတ်၏၊ အဘိဘူဗြဟ္မာကို အဘိဘူဗြဟ္မာဟု မှတ်၍ အဘိဘူဗြဟ္မာကို ကြံ၏၊ အဘိဘူဗြဟ္မာ၌ ကြံ၏၊ အဘိဘူဗြဟ္မာမှ ကြံ၏၊ အဘိဘူဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ အဘိဘူဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— ထိုသူသည် (ထိုအဘိဘူဗြဟ္မာကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
၄။ အာကာသာနဉ္စာယတနဗြဟ္မာကို အာကာသာနဉ္စာယတနဗြဟ္မာဟု မှတ်၏၊ အာကာသာနဉ္စာယတနဗြဟ္မာကို အာကာသာနဉ္စာယတနဗြဟ္မာဟု မှတ်၍ အာကာသာနဉ္စာယတနဗြဟ္မာကို ကြံ၏၊ အာကာသာနဉ္စာယတန ဗြဟ္မာ၌ ကြံ၏၊ အာကာသာနဉ္စာယတနဗြဟ္မာမှ ကြံ၏၊ အာကာသာနဉ္စာယတနဗြဟ္မာကိုငါ့ (ဟာ) ဟု ကြံ၏၊ အာကာသာနဉ္စာယတနဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုအာကာသာနဉ္စာယတနဗြဟ္မာကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ဝိညာဏဉ္စာယတနဗြဟ္မာကို ဝိညာဏဉ္စာယတနဗြဟ္မာဟု မှတ်၏၊ ဝိညာဏဉ္စာယတနဗြဟ္မာကို ဝိညာဏဉ္စာယတနဗြဟ္မာဟု မှတ်၍ ဝိညာဏဉ္စာယတနဗြဟ္မာကို ကြံ၏၊ ဝိညာဏဉ္စာယတနဗြဟ္မာ၌ ကြံ၏၊ ဝိညာဏဉ္စာယတနဗြဟ္မာမှ ကြံ၏၊ ဝိညာဏဉ္စာယတနဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ ဝိညာဏဉ္စာယတနဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုဝိညာဏဉ္စာယတနဗြဟ္မာကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
အာကိဉ္စညာယတနဗြဟ္မာကို အာကိဉ္စညာယတနဗြဟ္မာဟု မှတ်၏၊ အာကိဉ္စညာယတနဗြဟ္မာကိုအာကိဉ္စညာယတနဗြဟ္မာဟု မှတ်၍ အာကိဉ္စညာယတနဗြဟ္မာကို ကြံ၏၊ အာကိဉ္စညာယတနဗြဟ္မာ၌ ကြံ၏၊ အာကိဉ္စညာယတနဗြဟ္မာမှ ကြံ၏၊ အာကိဉ္စညာယတနဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ အာကိဉ္စညာယတန ဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထို အာကိဉ္စညာယတနဗြဟ္မာကို) ပိုင်းခြား၍မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
နေဝသညာနာသညာယတနဗြဟ္မာကို နေဝသညာနာသညာယတနဗြဟ္မာဟု မှတ်၏၊ နေဝသညာနာသညာယတနဗြဟ္မာကို နေဝသညာနာသညာယတနဗြဟ္မာဟု မှတ်၍ နေဝသညာနာသညာယတနဗြဟ္မာကို ကြံ၏၊ နေဝသညာနာသညာယတနဗြဟ္မာ၌ ကြံ၏၊ နေဝသညာနာသညာယတနဗြဟ္မာမှ ကြံ၏၊ နေဝသညာ နာသညာယတန ဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ နေဝသညာနာသညာယတနဗြဟ္မာကိုရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုနေဝသညာနာသညာယတနဗြဟ္မာ ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
၅။ မြင်အပ်သော အဆင်းကို မြင်အပ်သော အဆင်းဟု မှတ်၏၊ မြင်အပ်သော အဆင်းကို မြင်အပ်သောအဆင်းဟု မှတ်၍ မြင်အပ်သော အဆင်းကို ကြံ၏၊ မြင်အပ်သော အဆင်း၌ ကြံ၏၊ မြင် အပ်သောအဆင်းမှ ကြံ၏၊ မြင်အပ်သော အဆင်းကို ငါ့ (ဟာ) ဟု ကြံ၏၊ မြင်အပ်သော အဆင်းကိုရှေးရှုနှစ်သက်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုမြင်အပ်သောအဆင်းကို) ပိုင်းခြား၍ မသိသော ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ကြားအပ်သော အသံကို ကြားအပ်သော အသံဟု မှတ်၏၊ ကြားအပ်သော အသံကို ကြားအပ်သောအသံဟု မှတ်၍ ကြားအပ်သော အသံကို ကြံ၏၊ ကြားအပ်သော အသံ၌ ကြံ၏၊ ကြားအပ်သော အသံမှ ကြံ၏၊ ကြားအပ်သော အသံကို ငါ့ (ဟာ) ဟု ကြံ၏၊ ကြားအပ်သော အသံကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုကြားအပ်သောအသံကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိဟုမှတ်၏၊ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို တွေ့ထိအပ်သော အနံ့ အရသာအတွေ့အထိဟု မှတ်၍ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို ကြံ၏၊ တွေ့ထိအပ်သော အနံ့အရသာ အတွေ့ အထိ၌ ကြံ၏၊ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိမှ ကြံ၏၊ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို ငါ့ (ဟာ) ဟု ကြံ၏၊ တွေ့ထိအပ်သော အနံ့ အရသာအတွေ့အထိကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုတွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
အထူးသိအပ်သော အာရုံကို အထူးသိအပ်သော အာရုံဟု မှတ်၏၊ အထူးသိအပ်သော အာရုံကို အထူးသိအပ်သော အာရုံဟု မှတ်၍ အထူးသိအပ်သော အာရုံကို ကြံ၏၊ အထူးသိအပ်သော အာရုံ၌ ကြံ၏၊ အထူး သိအပ်သော အာရုံမှ ကြံ၏၊ အထူးသိအပ်သော အာရုံကို ငါ့ (ဟာ) ဟု ကြံ၏၊ အထူးသိအပ်သော အာရုံကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည့်အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထို အထူးသိအပ်သော အာရုံကို) ပိုင်းခြား၍မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
၆။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ဟု မှတ်၏၊ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ဟု မှတ်၍တစ်ခုတည်း ဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို ကြံ၏၊ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ၌ ကြံ၏၊ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) မှ ကြံ၏၊ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို ငါ့ (ဟာ) ဟု ကြံ၏၊ တစ်ခုတည်း ဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုတစ်ခုတည်းဖြစ်ခြင်း ‘ဈာန်သမာပတ်စိတ်’ကို) ပိုင်းခြား ၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို အထူးထူးဖြစ်ခြင်း (ကာမစိတ်) ဟု မှတ်၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို အထူးထူးဖြစ်ခြင်း (ကာမစိတ်) ဟု မှတ်၍ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို ကြံ၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ၌ ကြံ၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) မှ ကြံ၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို ငါ့ (ဟာ) ဟု ကြံ၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ— ထိုသူသည် (ထိုအထူးထူးဖြစ်ခြင်း ‘ကာမစိတ်’ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
အလုံးစုံကို အလုံးစုံဟု မှတ်၏၊ အလုံးစုံကို အလုံးစုံဟု မှတ်၍ အလုံးစုံကို ကြံ၏၊ အလုံးစုံုံ၌ ကြံ၏၊ အလုံးစုံမှ ကြံ၏၊ အလုံးစုံကို ငါ့ (ဟာ) ဟု ကြံ၏၊ အလုံးစုံကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်း သည်အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုအလုံးစုံကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
နိဗ္ဗာန်ကို နိဗ္ဗာန်ဟု မှတ်၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု မှတ်၍ နိဗ္ဗာန်ကို ကြံ၏၊ နိဗ္ဗာန်၌ ကြံ၏၊ နိဗ္ဗာန်မှ ကြံ၏၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု ကြံ၏၊ နိဗ္ဗာန်ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုနိဗ္ဗာန်ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ပုထုဇဉ်၏ အစွမ်းအားဖြင့် ပဌမနည်း ဘုံအပိုင်းအခြားပြီး၏။
 
၇။ ရဟန်းတို့ အတုမဲ့သော ယောဂလေးပါးတို့၏ ကုန်ရာ အရဟတ္တဖိုလ်ကို တောင့်တနေသောအရဟတ္တဖိုလ်သို့ မရောက်သေးသော သေက္ခရဟန်းသည်လည်း— မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟုအထူးသိ၍ မြေကို မကြံရာ၊ မြေ၌ မကြံရာ၊ မြေမှ မကြံရာ၊ မြေကို ငါ့ (ဟာ) ဟု မကြံရာ၊ မြေကို ရှေးရှုမနှစ်သက်ရာ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— ထိုသူသည် (ထိုမြေကို) ပိုင်းခြား၍ သိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံရာ၊ နိဗ္ဗာန်၌ မကြံရာ၊ နိဗ္ဗာန်မှ မကြံရာ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံရာ၊ ့နိဗ္ဗာန်ကို ရှေးရှုမနှစ် သက်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ— ထိုသူသည် (ထိုနိဗ္ဗာန်ကို) ပိုင်းခြား ၍သိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
သေက္ခပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် ဒုတိယနည်း ဘုံအပိုင်းအခြားပြီး၏။
 
၈။ ရဟန်းတို့ အာသဝေါကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသော ဝန်ကိုချထားပြီးသော (အရဟတ္တဖိုလ်ဟူသော) ကိုယ်ကျိုး ကိုယ်စီးပွားကို ရပြီးသော ဘဝသံယောဇဉ်အားလုံးကုန်ပြီးသော ကောင်းစွာသိ၍ လွတ်မြောက်ပြီးသော ရဟန္တာရဟန်း သည်လည်း— မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည် (ထိုမြေကို) ပိုင်းခြား၍ သိပြီးသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရ ဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— ထိုသူသည် (ထိုနိဗ္ဗာန်ကို) ပိုင်းခြား၍သိပြီးဖြစ် သောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရဟန္တာ၏ အစွမ်းအားဖြင့် တတိယနည်း ဘုံအပိုင်းအခြားပြီး၏။
 
၉။ ရဟန်းတို့ အာသဝေါကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသော ဝန်ကိုချထားပြီးသော (အရဟတ္တဖိုလ်ဟူသော) ကိုယ်ကျိုး ကိုယ်စီးပွားကို ရပြီးသော ဘဝသံယောဇဉ်အားလုံးကုန်ပြီးသော ကောင်းစွာသိ၍ လွတ်မြောက်ပြီးသော ရဟန္တာ ရဟန်းသည်လည်း— မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှု မနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ— တပ်စွန်းမှုကုန်သောအားဖြင့် တပ်စွန်းမှုကင်းသည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— တပ်စွန်းမှုကုန်သောအားဖြင့်တပ်စွန်းမှုကင်း သည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရဟန္တာ၏ အစွမ်းအားဖြင့် စတုတ္ထနည်း ဘုံအပိုင်းအခြားပြီး၏။
 
၁ဝ။ ရဟန်းတို့ အာသဝေါကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသောဝန်ကို ချထားပြီးသော (အရဟတ္တဖိုလ်ဟူသော) ကိုယ်ကျိုး ကိုယ်စီးပွားကို ရပြီးသော ဘဝသံယောဇဉ်အားလုံးကုန်ပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာ ရဟန်းသည်လည်း— မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— အမျက်ထွက်မှုကုန်သောအားဖြင့် အမျက်ထွက်မှုကင်းသည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်း ဟူမူ— အမျက်ထွက်မှုကုန်သောအားဖြင့် အမျက်ထွက်မှုကင်းသည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရဟန္တာ၏ အစွမ်းအားဖြင့် ပဉ္စမနည်း ဘုံအပိုင်းအခြားပြီး၏။
 
၁၁။ ရဟန်းတို့ အာသဝေါကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသောဝန်ကို ချထားပြီးသော (အရဟတ္တဖိုလ်ဟူသော) ကိုယ်ကျိုး ကိုယ်စီးပွားကို ရပြီးသော ဘဝသံယောဇဉ်အားလုံးကုန်ပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာ ရဟန်းသည်လည်း— မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ — တွေဝေမှုကုန်သောအားဖြင့် တွေဝေမှုကင်းသည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— တွေဝေမှုကုန်သောအားဖြင့်တွေဝေမှုကင်းသည့် အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရဟန္တာ၏ အစွမ်းအားဖြင့် ဆဋ္ဌနည်း ဘုံအပိုင်းအခြားပြီး၏။
 
၁၂။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည်လည်း— မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— မြတ်စွာဘုရားသည် ထို (အားလုံး) ကို ပိုင်းခြား၍သိပြီးသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— မြတ်စွာဘုရားသည်ထို (အားလုံး) ကို ပိုင်းခြား ၍ သိပြီးသောကြောင့် တည်းဟု (ငါဘုရား) ဆို၏။
 
မြတ်စွာဘုရား၏ အစွမ်းအားဖြင့် သတ္တမနည်း ဘုံအပိုင်းအခြားပြီး၏။
 
၁၃။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည်လည်း— မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှု မနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— နှစ်သက်မှုသည် ဆင်းရဲခြင်း၏ အကြောင်းရင်းတည်းဟု ဤသို့ သိ၍ ‘ဘဝကြောင့် ပဋိသန္ဓေတည်နေခြင်း ဇာတိသည် ဖြစ်၏၊ ဇာတိဖြစ်သူအား အိုရင့်ခြင်း, သေခြင်းသည် ဖြစ်၏’ဟု (ဤသို့ သိ၍မြတ်စွာဘုရားသည် တပ်မက်မှုကို ပယ်အပ်ပြီ)။ ရဟန်းတို့ မြတ်စွာဘုရားသည် အလုံးစုံအားဖြင့်တပ်မက်မှုကုန်ခြင်းကြောင့် တပ်စွန်းမှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် စွန့်ခြင်းကြောင့် စွန့်လွှတ်ခြင်းကြောင့် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ထို့ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ— နှစ်သက်မှုသည်ဆင်းရဲခြင်း၏ အကြောင်းရင်းတည်းဟု ဤသို့ သိ၍ ‘ဘဝကြောင့် ပဋိသန္ဓေတည်နေခြင်း ဇာတိသည်ဖြစ်၏၊ ဇာတိဖြစ်သူအား အိုရင့်ခြင်း, သေခြင်းသည် ဖြစ်၏’ဟု (ဤသို့သိ၍ မြတ်စွာဘုရားသည့်တပ်မက်မှုကို ပယ်အပ်ပြီ)။ ရဟန်းတို့ မြတ်စွာဘုရားသည် အလုံးစုံအားဖြင့် တပ်မက်မှုကုန်ခြင်းကြောင့်တပ်စွန်းမှုကင်းခြင်းကြောင့် ချုပ်ခြင်း ကြောင့် စွန့်ခြင်းကြောင့် စွန့်လွှတ်ခြင်းကြောင့် အတုမရှိသောသမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ထို့ကြောင့်တည်းဟု (ငါဘုရား) ဆို၏။
 
မြတ်စွာဘုရား၏ အစွမ်းအားဖြင့် အဋ္ဌမနည်း ဘုံအပိုင်းအခြားပြီး၏။
 
မြတ်စွာဘုရားသည် ဤ (ဒေသနာ) ကို ဟောတော်မူပြီ၊ ရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားဒေသနာကို မနှစ်သက်ကြကုန်*၄။
 
ရှေးဦးစွာသော မူလပရိယာယသုတ်ပြီး၏။
 
၁။ ဥက္ကဋ္ဌ၊ ဥက္ကာဋ္ဌ၊ ဥက္ကာ= မီးရှူး မီးတိုင်၊ ဋ္ဌ= စိုက်ထောင်သည်၊ ဥက္ကဋ္ဌ= မီးရှူး မီးတိုင်ကို စိုက်ထောင်၍ တည်သောမြို့၊ နက္ခတ်ကောင်းကြုံကြိုက်သည့် ညဉ့် မိုးမလင်းမီ အချိန်မလွန်ရန် မီးထွန်းလျက် အဆောတလျင် တစ်ညဉ့်တွင်းချင်းပြီးစီးအောင် တည်ထောင်သောမြို့။
 
၂။ သုဘဂ၊ သု=ကောင်းမြတ်သော၊ ဘဂ=ကျက်သရေမင်္ဂလာ၊ သုဘဂ= ကောင်းမြတ်သော ကျက်သရေမင်္ဂလာရှိသည့်တောအုပ်။
 
၃။ *အဘိဘူ = နာမ်ခန္ဓာလေးပါးကို နှိမ်နင်း လွှမ်းမိုးပြီးသော ဗြဟ္မာ၊ အသညသတ်ဘုံ၌ အသညသတ်ဗြဟ္မာတို့သည် “ဆင်းရဲဒုက္ခရှိခြင်းကား သိမှတ်တတ်သော နာမ်တရားကြောင့်သာ ဖြစ်ရသည်၊ နာမ်တရားမရှိလျှင် သိမှတ်ခြင်းသဘောမရှိသဖြင့် ဆင်းရဲဒုက္ခရှိမည်မဟုတ်” ဟု နှလုံးသွင်း၍ ဈာန်သမာပတ်ကို ပွားများနေထိုင်သဖြင့် ထိုဘုံ၌ ဖြစ်လာကြရသည်၊ ထို့ကြောင့် ထိုဗြဟ္မာတို့မှာ အသိနာမ်ဝိညာဉ်မရှိ၊ ရုပ်သက်သက်ဖြင့်သာ ကမ္ဘာငါးရာပတ်လုံး တည်နေရသည်၊ ထိုအသညသတ် ဗြဟ္မာကို အဘိဘူဗြဟ္မာ ခေါ်သည်။
 
၄။ * (မူကွဲ) အချို့ပါဠိတော်၌ ‘အဘိနန္ဒုန္တိ’ဟု အဆုံးသတ်လျက် ရှိ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်ပြီဟု အဓိပ္ပါယ်ထွက်၏။ သို့ရာတွင် ဤသုတ်ကို မြတ်စွာဘုရားသည် တရားနာ ရဟန်းငါးရာတို့အား အဓိပ္ပါယ်သိရှိ၍ တရားရစေရန် ဟောတော်မူ သည်မဟုတ်၊ မြတ်စွာဘုရား ဟောတော်မူတိုင်းသော တရားကို ငါတို့သိကြသည်ဟု အထင်ကြီးနေသော မာနကို ပယ်ဖျောက်ရန်သာ ဟောကြားတော်မူခြင်း ဖြစ်ပေသည်၊ ထိုရဟန်းတို့သည် တရားတော်ကို မသိမမြင်နိုင် သဖြင့် မာန်မာနကျကြသည်၊ ဤသို့ နားမလည်ခြင်းကြောင့် ဝမ်းမြောက်နုမော် သာဓုမခေါ်ကြကုန်ဟု အဋ္ဌကထာဖွင့်အတိုင်းသာ ပြန်ဆိုသည်။
 
== ကိုးကား ==