→‎အရဟံ၊ ရှင်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၅ -
အရိမဒ္ဒန ပုဂံပြည်ကြီး၌ သာသနာတော် နေဝန်းကို စတင်ထွန်းလင်း တောက်ပစေတော်မူခဲ့သော ဓမ္မဒဿီဘွဲ့ခံ ရှင်အရဟံမထေရ်မြတ်၏ ရာဇဝင်လာအကြောင်းကား
ဤသို့တည်း။ သုနာပရန္ထတိုင်း၊ တမ္ပဒီပတိုင်းတို့တွင် သာသနာတော် မထွန်းလင်းသေးချေ။ ဘုရားဗျာဒိတ်ထားတော်မူခဲ့သည့်အတိုင်း ထွန်းလင်းစေအံ့ဟု ရဟန္တာအရှင်မြတ်တို့ ကြံကြပြီးလျှင် [[သိကြားမင်း]]ထံသွား၍ သာသနာပြုနိုင် မည့်သူကို ညီညာတောင်းပန်ပါ ဆိုကုန်၏။ သိကြားမင်းလည်း တာဝတိံသာ၌ ရှိနေသော နတ်သားတစ်ယောက်ကို တောင်းပန်၍ ပုဏ္ဏေးမ ဝမ်း၌ သန္ဓေနေလာစေ၏။ နေ့လစေ့၍ ဖွားသည်ရှိသော် သီလဗုဒ္ဓိ အမည်ရှိသော ရဟန္တာမြတ်သည် စောင့်ကြပ်မစ၍
အရွယ်ရောက်လျှင် ရဟန်းပြု၏။ ပိဋကတ်ကျမ်းဂန် တတ်မြောက်၍ ရဟန္တအဖြစ်သို့ရောက်လျှင်ရဟန္တာအဖြစ်သို့ရောက်လျှင် အရဟံဟူသော အမည်ဖြင့် ဇမ္ဗူဒိပ်မြေပြင်အလုံး ကျော်စော ထင်ရှားလေ၏။
 
ထိုရဟန်းသည် သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၌သာ သာသနာတော် မတည်ချေသေးဟူ၍ [[အနိရုဒ္ဓ‎|အနော်ရထာ မင်းစော]] လက်ထက် သထုံပြည်မှ ပုဂါရာမသို့ ကြွတော်မူလာ၍ ပြည်နှင့် မနီးမဝေးသော တောအုပ်တစ်ခု၌ နေတော်မူ၏။ သိကြားမင်းသည် မုဆိုးတစ်ယောက်ကို လှည့်ပတ်၍ ရှင်အရဟံကို မြင်စေသော် နှစ်သက်ကြည်ညိုဖွယ်သော ဣန္ဒြေရှိသည်ဖြစ်၍ ဤလူကား လူထူးလူမြတ် ဖြစ်ရာသည်။ ပြည်သို့ဆောင်၍ မင်းအားဆက်မည်ဟု ဆောင်လေ၏။ ရှင်အရဟံလည်း [[ပရိက္ခရာ|ပရိက္ခရာရှစ်ပါး]] ကို ယူလျက် လိုက်တော်မူ၏။ မုဆိုးလည်း တောအုပ်တစ်ခု၌ ဤသူကိုတွေ့၍ ဆောင်ခဲ့သည်ဟု လျှောက်လျှင် မြတ်သောဣန္ဒြေနှင့် ပြည်စုံသောအဖြစ်ကို အနော်ရထာမင်းစောမြင်၍ ဤသူကား သူယုတ်မဟုတ်၊ မြတ်သောသူတည်း။ ဤသူကိုယ်တွင်း၌ မြတ်သော တရားရှိသည်ဖြစ်ရာဟူ၍ ကြံစည်