တိုကျိုဗုံးကြဲမှု: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
"၁၉၄၅ခုနှစ် မတ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် |
No edit summary |
||
စာကြောင်း ၁ -
၁၉၄၅ခုနှစ် မတ်လ ၉-၁၀ ညတစ်ညတွင်ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့အား အမေရိကန်တပ်မတော်လေတပ် ဦးဆောင်သည့် လေတပ်မှ
ဂျပန်အားလေကြောင်းတိုက်ခိုက်မှုများကို ၁၉၄၄ခုနှစ် ဇွန်လတွင်စတင်ခဲ့ပြီး တိုကျိုတိုက်ခိုက်မှုသည် အပြင်းထန်ဆုံးတစ်ခုဖြစ်သည်။ ဤစစ်ဆင်ရေးမတိုင်မီက USAAF သည်ဂျပန်စက်မှုဇုန်များအားတိကျသောဗုံးဖောက်ခွဲမှုလှုပ်ရှားမှုကိုအာရုံစိုက်ခဲ့သည်။သို့သော်လည်း ယင်းတိုက်ခိုက်မှုများသည် မအောင်မြင်သောကြောင့် မီးလောင်ဗုံးကြဲခြင်းသို့ ပြောင်းလဲရန်ဆုံးဖြတ်ချက်အား တွန်းအားပေးခဲ့သည်။ မတ်လ ၁၀ရက်၏ အစောပိုင်းအချိန်များအတွင်း စစ်ဆင်းရေးအား ဂျပန်မြို့တော်အား အဓိကမီးလောင်ဗုံးကြဲခြင်းသည် ပထမဖြစ်ပြီး အမေရိကန်လေတပ်သည် တိကျသောစစ်ဆင်မှုများတွင် အသုံးပြုခဲ့သည် ညအချိန်တွင် လေယာဥ်များအား အနိမ့်ပျံသန်းကာ ဗုံးကြဲခြင်းကဲ့သို့သော မတူညီသည့် နည်းဗျူဟာများအသုံးချစေခဲ့သည်။ ဝင်ရောက်စီးနင်းမှုကြောင့်အကြီးအကျယ်ပျက်စီးခြင်း နည်းဗျူဟာများကို စစ်အပြီးအထိ USAAF ၏ B-29 များအတွက်စံဖြစ်လာသည်။
ထို မတ်လ၁၀ရက်နေ့ တိုကျိုဗုံးကြဲခြင်း၏ အကျင့်သိက္ခာအား ငြင်းခုံချက်သည် ကာလကြာရှည်နေပြီးဖြစ်သည်။ စစ်ဆင်မှုသည် မဟာမိတ်တို့၏ မဟာဗျူဟာမြောက် ဗုံးကြဲလှုပ်ရှားမှုများ၏ ဝေဖန်စရာများတွင် အဓိက သောချက်အဖြစ် မကြာခဏတိုက်ရိုက်ကိုကားပြီး မြောက်များစွာသော သမိုင်းပညာရှင်များနှင့် သုံးသပ်ချက်ပေးသူများက ငြင်းခုံနေကြသည်မှာ အမေရိကန်လေတပ်၏ ပြည်သူများအပေါ် ပစ်မှတ်ထားမှုသည် လက်ခံနိုင်စရာမရှိကြောင်းနှင့် အခြားသမိုင်းပညာရှင်များက အမေရိကန်တို့အနေဖြင့် တိကျသောဗုံးကြဲမှုသာမအောင်မြင်ခဲ့လျှင် ဧရိယာဗုံးကြဲမှုနည်းဗျူဟာအားအသုံးပြုရမည့်ရွေးချယ်မှုအားပြောင်းလဲရန် ရွေးစရာမရှိသောကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း ေယဘူယျအားဖြင့် တိုကျိုအားစစ်ဆင်ခဲ့သည် နည်းဗျူဟာနှင့် အခြားဆင်တူ ဗျူဟာများသည် စစ်ရေးအရအောင်မြင်မှုများဖြစ်သည်ဟု အသိအမှတ်ပြုရပေလိမ့်မည်။ ဤတိုက်ခိုက်မှုအား အထင်ကရအထိမ်းအမှတ်နှစ်ခု၊အခြား အထိမ်းအမှတ်အငယ်များနှင့် ပုဂ္ဂလိကပြတိုက်တစ်ခုတွင် အထိမ်းအမှတ်ပွဲများကျင်းပပေးသည်။
|