ကုဋိကာရသိက္ခာပုဒ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁ -
 
==သမိုင်း==
မြတ်စွာဘုရားသည် ရာဇဂြိဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ အာဠဝီတို်င်းသားအာဠဝီတိုင်းသား ရဟန်းတို့သည် ကိုယ်တိုင်တောင်းအပ်သော အရာဝတ္ထုရှိကုန်သော (ဆောက်လုပ်သူ ဒါယကာ) အရှင်မရှိကုန်သော ကျောင်းကို အတိုင်းအထွာပမာဏ မရှိကုန်သော ကျောင်းတို့ကို ဆောက်လုပ်၏။ ထိုကျောင်းတို့သည် ဆောက်လုပ်ပြီးစီးခြင်းသို့ မရောက်ရှိဘဲ လိုအပ်သည့် လုပ်သား၊ ဆောက်၊ ပဲခွပ်၊ ပုဆိန်၊ ဓားမ အစရှိသည်ဖြင့် လိုအပ်သည့်အရာများကို တောင်းနေကြရ၏။
 
လူတို့သည် ရဟန်းတို့၏ အရိပ်နိမိတ်ပြကာ တောင်းခြင်းဖြင့် နှိပ်စက်သဖြင့် ရဟန်းတို့ကို မြင်လျှင် ထိတ်လန့်ကုန်၏။ အသျှင်မဟာကဿပသည် မိုးလပတ်လုံး လွန်သောအခါ အာဠဝီမြို့သွား ကြွလေ၏။ ထိုမြို့သို့ရောက်သော် အသျှင်မဟာကဿပသည် သပိတ်ကို ယူကာ ဆွမ်းလှည့်လည် ခံ၏။ လူတို့သည် အသျှင်မဟာကဿပကို မြင်လေသော် ရှောင်ဖယ်ပြေးကုန်၏၊ မျက်နှာလွှဲကုန်၏။ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားဇရပ်တွင် ဆွမ်းစား၏။ ထို့နောက် ရဟန်းတို့အား “ရဟန်းတို့ ယခင်က အာဠဝီမြို့သည် ဝပြော၏၊ ဆွမ်းအတွက် ရလွယ်၏။ သို့သော် ယခုအခါ အာဠဝီမြို့သည် ခေါင်းပါး၏။ ရခဲသော ဆွမ်းရှိ၏။ အဘယ်အတွက်ကြောင့် ဤသို့ဖြစ်ရပါသနည်း” ဟု မေး၏။ ထိုအခါ ရဟန်းတို့သည် အသျှင်မဟာကဿပအား ဤအကြောင်းကို ဖြေကြားလျှောက်ထား၏။