မရှိခဏစေတီတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
[[ဖိုင်:Sagaing Ma Shi Kha Na pagoda (Mahiyingana).JPG|thumb|စစ်ကိုင်းမှ သူခိုးကြီး ငတက်ပြား လှူထားခဲ့သည်ဆိုသော် မရှိခဏ (မဟီယင်္ဂဏ) စေတီတော်]]
မရှိခဏစေတီတော်သည် [[စစ်ကိုင်းတိုင်းဒေသကြီး]]၊ [[စစ်ကိုင်းမြို့]]၊ နန်းဦးမြို့သစ်ရပ်ကွက်၊ မင်းဝံတောင်ညွန့် ကုန်းမြင့်အထက်တွင် ကိန်းဝပ်စံပယ်တော်မူလျက် ရှိပြီး၊ သက္ကရာဇ် ၇၂၆-ခုနှစ်၊ အင်းဝနန်းစံ [[သတိုးမင်းဖျား]]လက်ထက်၊ ထင်ရှားကျော်စောလှသည့် စစ်ကိုင်းရေဝန် အရပ်သား သူခိုးကြီး [[ငတက်ပြား]] တည်ထားကိုးကွယ်ခဲ့ပြီး သူခိုးကြီးငတက်ပြားသည် ဘုရားတည်စဉ် ငွေလိုက ခဏသာဖြစ်သည်ကို အစွဲပြု၍ မရှိခဏစေတီဘွဲ့အမည် ဆက်ကပ်ခဲ့သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြသည်။
 
အချို့ကလည်း သက္ကရာဇ် ၇၈၈-ခုနှစ် အင်းဝနန်းစံ မိုးညှင်းမင်းတရားကြီး၏ သူရဲကောင်း ရာဇသင်္ကြန် တည်ထားခဲ့သည်ဟု ယူဆကြသည်။ (ပုဂံမင်း ဥဇာနာမှ နရသီဟပတေ့ လက်ထက်ထိ ထင်ရှားသောအမတ် ရာဇသင်္ကြန် မဟုတ်ပါ) မိုးညှင်းမင်းတရားလက်ထက်တွင် ပေါ်ပေါက်ခဲ့သော ဘယဂါမဏီ၊ ရာဇသင်္ကြန် ရန်လိုကျွဲဟူသော သူရဲကောင်းညီနောင် သုံးဦးအနက်မှ ရာဇသင်္ကြန်သည် အလတ်ဖြစ်ပြီး၊ စေတီတော်ကို မဟီယင်္ဂဏဟု ဘွဲ့အမည် ဆက်ကပ်ခဲ့ကြောင်း ဆိုကြသည်။
 
အကြိမ်ကြိမ် တုန်လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် မူလစေတီတော်ကြီးမှာ အုတ်ပုံအတိပြိုကျ ပျက်စီးခဲ့သဖြင့် မူလစေတီတော်၏ ပုံစံအစစ်အမှန်ကို ခန့်မှန်း၍ မရနိုင်သည့်အပြင် ဘွဲ့အမည်တော်ကို အတည်ပြုနိုင်သည့် သမိုင်းအထောက်အထား [[ကျောက်စာ]]၊ [[မင်စာ]]များကို တွေ့နိုင်ခြင်း မရှိတော့ပေ။ ၁၃၅၅-ခုနှစ်တွင် စေတနာရှင်များက ယခုဖူးမြင်နေရသည့် ပုံစံတော်အတိုင်း ပြန်လည်တည်ထားခဲ့ပြီး သူခိုးကြီးငတက်ပြား တည်ထားခဲ့သည်ဟု ယုံကြည်စွာဖြင့် သူခိုးကြီးငတက်ပြား၏ ကြင်သူသက်ထား [[အမေဂျမ်း]]ရုပ်တုကိုလည်း ထုလုပ်ထားသည်။
 
<ref>မြတ်မင်းလှိုင်၏ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ (ဒု-တွဲ) ၂၀၁၂-ခု၊ ဇန်နဝါရီလထုတ်၊ စာ-၂၆</ref>