ဆိုဖီယာ လိုရင်း: တည်းဖြတ်မှု မူကွဲများ

"ဟောလိဝုဒ်ရုပ်ရ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၁ -
ဟောလိဝုဒ်ရုပ်ရှင် လောကတွင် အလှပဂေးမင်းသမီးများစွာ ရှိကြသည်။ သူတို့ကို အမျိုးမျိုး (အချို့ကို မျက်လုံးအလှဆုံး မင်းသမီး၊ မျက်ခုံးအလှဆုံး၊ လက်မောင်းအလှဆုံး၊ ပေါင်တန်အလှဆုံး) စသည်ဖြင့် ကင်ပွန်းတတ်ကြသည်။ သို့သော် ဆိုဖီယာ လိုရင်းမှာ ထိုကဲ့သို့ ဘွဲ့ထူး၊ ဂုဏ်ထူးမျိုး မရှိပါ။ သူမသည် မျက်လုံးလည်း မလှပါ။ အနည်းငယ် ပြူး၍နေသည်။ နဖူးလည်း အနည်းငယ်မောက်သည်။ နှာခေါင်းမှာလည်း အနည်းငယ် ချွန်လွန်းသည်။ ပါးစပ်မှာ ပြဲလွန်းလှပြီး ရီလိုက်လျှင် ပို၍ ဆိုးသည်။ သို့သော် သူမသည် ကမ္ဘာကျော် မင်းသမီးဖြစ်ပါသည်။ ဆိုဖီယာလိုရင်းသည် မလှတာလေးများ စုစည်း၍ လှပနေသောကြောင့်၊ သရုပ်ဆောင်မှု ပြောင်မြောက်သောကြောင့် ဖြစ်သည်။<ref>ကိုရင်မော်၊ ကမ္ဘာ့ရုပ်ရှင်ကြယ်ပွင့်များ၊ စာ-၃</ref>
 
==ငယ်ဘဝ==
ဆိုဖီယာ လိုရင်းသည် ၁၉၃၄-ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့တွင် အဖ ရစ်ကာဒိုနှင့် အမိ ရိုမီ(လ်)ဒေါ် တို့မှ အီတလီနိုင်ငံ ၊ နေပဲ(လ်)ကမ်းခြေရှိ ပိုဇောင်လီမြို့ကလေးတွင် မွေးဖွားခဲ့သည်။ မိခင်နှင့် ဖခင်သည် အလွန်ဆင်းရဲသူများ ဖြစ်ကြသည်။ မိခင်သည် စန္ဒယားတီးတတ်သူဖြစ်ရာ နေ့ရောညပါ စန္ဒယားတီးသူအဖြစ် အလုပ်လုပ် ရသည်။ သို့သော် မိသားစု မချောင်လည်ပေ။ ဆိုဖီယာ လိုရင်း အောက် ကလေးတစ်ယောက်ရပြီး အဖေနှင့်အမေ မသင့်မတင့်ဖြစ်ကာ လင်မယားကွဲကြတော့သည်။ ဆိုဖီယာ လိုရင်းနှင့် ညီမလေး မာရီယာသည် မိခင်နှင့်အတူ အလွန်ဆင်းရဲစွာ နေထိုင်ခဲ့ကြရသည်။ အဖိုးအဖွားများသည်လည်း ဆင်းရဲကြသဖြင့် ဆိုဖီယာတို့ မိသားစုကို မကူညီ၊ မထောက်ပံ့နိုင်ကြပေ။
 
 
<ref>ကိုရင်မော်၊ ကမ္ဘာ့ရုပ်ရှင်ကြယ်ပွင့်များ၊ စာ-၃</ref>
 
==ကိုးကား==