ဆိုဖီယာ လိုရင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅ -
==ပညာရေး==
ဆိုဖီယာ အရွယ်ရောက်လာသောအခါ မိခင်က ငွေကြေးစုဆောင်း၍ ကျောင်းထားပေးခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြောင့် အလယ်တန်း မရောက်မီတွင် ပညာရေး ရပ်နားခဲ့ရသည်။ စစ်ကြီးပြီးဆုံးသောအခါ မိခင်က ဆိုဖီယာကို နေပဲ(လ်)မြို့ရှိ ဆရာဖြစ်သင်ကျောင်းသို့ ပို့၍ ပညာသင်ကြားစေခဲ့သည်။ ဆိုဖီယာသည် အပျိုပေါက်အရွယ် ရောက်ရှိနေပြီး သွင်ပြင်မှာ လှသွေးမကြွယ်သေးပေ။ ပိန်လွန်းပြီး အရပ်အလွန်ရှည်၍ ယောက်ျားလေးများက သူ့ကို "ပဲသီးတောင့်ကြီး"ဟု ခေါ်ဆိုကြသည်။
လှချင်၊ ပချင်၊ ဝချင်ရှာသော ဆိုဖီယာသည် အလွန်မခံချင်ဖြစ်ကာ ဟင်းသီးဟင်းရွက်များကို စနစ်တကျ စားသောက်၍ လေ့ကျင့်ခန်းကို နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ခဲ့သည်။ တစ်နှစ်ကျော်တွင် ဆိုဖီယာ၏သွင်ပြင်ပြောင်းလာပြီး ဝဖြိုးလှပလာကာ တဖက်လူ မက်မောဘွယ် ဖြစ်လာခဲ့သည်။
 
==ရုပ်ရှင်လောက==
တစ်ဆယ်ခြောက်နှစ်အရွယ်ဖြစ်ကာ နေပဲ(လ်)အလှမယ်ရွေးပွဲ၌ မယ်ဒုတိယ ရရှိခဲ့သည်။ ဤတွင် ဆိုဖီယာသည် အလှအပအားကိုးဖြင့် ရုပ်ရှင်နယ်ပယ်ထဲသို့ ဝင်ရန် ကြိုးပမ်းခဲ့သည်။
 
<ref>ကိုရင်မော်၊ ကမ္ဘာ့ရုပ်ရှင်ကြယ်ပွင့်များ၊ စာ-၃</ref>