ဆိုဖီယာ လိုရင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၈ -
==ရုပ်ရှင်လောက==
တစ်ဆယ်ခြောက်နှစ်အရွယ်ဖြစ်ကာ နေပဲ(လ်)အလှမယ်ရွေးပွဲ၌ မယ်ဒုတိယ ရရှိခဲ့သည်။ ဤတွင် ဆိုဖီယာသည် အလှအပအားကိုးဖြင့် ရုပ်ရှင်နယ်ပယ်ထဲသို့ ဝင်ရန် ကြိုးပမ်းခဲ့သည်။ ရောမသို့ သားအမိနှစ်ယောက် သွားရောက်၍ ရုပ်ရှင်ကုမ္ပဏီများနှင့် ဆက်သွယ်ခဲ့ကြသော်လည်း မအောင်မြင်ပေ။ သို့သော် ရောမတွင် ရုပ်ရှင်လာရောက် ရိုက်ကူးနေသော အမေရိကန် M.G.M ရုပ်ရှင်ကုမ္ပဏီ၏ (ကိုမားဒစ္စ)ဟူသော ရုပ်ရှင်တွင် ဆိုက်ပတ်အဖြစ် သားအမိနှစ်ယောက်လုံး ပါဝင်ခဲ့ရသည်။ တစ်ယောက်လျှင် ဒေါ်လာ ၅၀ခန့် ရရှိကြပြီး ဆိုဖီယာ၏ ပထမဆုံးရုပ်ရှင်ဟု ခေါ်ဆိုနိုင်ပေသည်။ အီတလီရုပ်ရှင်နှင့် ဆက်သွယ်မရသဖြင့် သားအမိနှစ်ယောက်လုံး စိတ်ပျက်စွာ နေပဲ(လ်)သို့ ပြန်ခဲ့ကြသည်။
ဆိုဖီယာသည် ကိုယ်ကာယ ပိုမိုလှပရန် အားကစားများ ပြန်လည်လေ့ကျင့်ရင်း ၁၉၅၁-ခုနှစ်တွင် ကျင်းပသော "'အီတလီအလှမယ်"' ရွေးပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မယ်အီတလီ ဒုတိယဆုကို ရရှိခဲ့သည်။ သို့သော် ပထမဆုရသူထက်ပင် နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့သည်။ ဓာတ်ပုံဆရာတစ်ဦး၏ ကောင်းမှုကြောင့် အီတလီမဂ္ဂဇင်း များတွင် မျက်နှာဖုံးမယ် အဖြစ် ရောက်ရှိသွားရာ အလိုအလျောက် ဓာတ်ပုံစံပြမယ်လေးအဖြစ် ရောက်ရှိသွားတော့သည်။
==အလှမယ်==
 
 
<ref>ကိုရင်မော်၊ ကမ္ဘာ့ရုပ်ရှင်ကြယ်ပွင့်များ၊ စာ-၃</ref>