ပဲခူးတိုင်းဒေသကြီး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉၃ -
 
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် (၁၈.၁၀.၁၉၈၉) ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာ၌ ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ်စု၊ ပြည်မြို့နယ်စုနှင့် တောင်ငူမြို့နယ်စု၊ သာယာဝတီမြို့နယ်စုဟူ၍ မြို့နယ်စု(၄)စု ပါဝင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၇.၁၀.၁၉၉၂) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုများ၏အမည်ကို ခရိုင်ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ လက်ရှိ ပဲခူးတိုင်းဒေသကြီးတွင်ခရိုင်(၄) ခရိုင်၊ မြို့နယ်(၂၈) မြို့နယ်၊ မြို့(၄၂)မြို့၊ ရပ်ကွက်(၂၈၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၈)အုပ်စု၊ ကျေးရွာ (၆၄၉၅)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။
 
==ရည်မှန်းချက်==
ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်မှချမှတ်ထားသော ရည်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲပြီး အပြီးသတ်ငြိမ်းချမ်းမှုရရှိရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ပြည်သူလူထုအများစု၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ စိုက်ပျိုးမှု၊ ဖြန့်ဖြူးမှု ရောင်းချမှု မရှိစေရေးနှင့် သုံးစွဲမှုများကို တားဆီးနှိမ်နင်ရေး၊ ကျေးလက်ဒေသနှင့်မြို့ပြ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေ​ရေး စသည့် ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
 
==မူဝါဒ==
ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရင်ကြား စေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးစသည့် မူဝါဒ(၄)ရပ်ကို အခြေခံသည့် တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲပြီး အပြီးသတ်ငြိမ်းချမ်းမှုရရှိရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကိုရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ပြည်သူလူထုအများစု၏လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မား ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မူဝါဒချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
 
==ဖွဲ့စည်းပုံ==
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ခ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များ အရ "ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့" ကို ဝန်ကြီးချုပ်ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး(၇)ပါး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပါသည်။
 
* ဦးဝင်းသိန်း
တိုင်းဒေသကြီးဝန်ကြီးချုပ်
 
* ဗိုလ်မှူးကြီးလှမျိုးရွှေ
ဝန်ကြီး၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန
 
* ဦးညွန့်ရွှေ
ဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
 
* ဦးအောင်ဇော်နိုင်
ဝန်ကြီး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
 
* ဒေါ်ညွန့်ညွန့်ဌေး
ဝန်ကြီး၊ လူမှုရေးဝန်ကြီးဌာန
 
* ဦးသန်းဝင်း
ဝန်ကြီး၊စက်မှုလျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန
 
* ဒေါက်တာစောညိုဝင်း
ဝန်ကြီး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန
 
* ဒေါ်နော်ပွယ်စေး
ဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
 
* ဦးအုန်းမြင့်
တိုင်းဒေသကြီးဥပဒေချုပ်၊
 
* ဦးခင်မောင်ဆန်း
အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့
 
 
== ရာသီဥတု ==