ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အထွေထွေ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၇၄ -
 
:{{Ping|မြိုလူမျိုးနွယ်}} ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးပါ။ ကျွန်တော်တွေ့သလောက် Myanmar Information Management Unit ကထုတ်ပြန်ထားတဲ့ [http://themimu.info/sites/themimu.info/files/documents/Ethnologue_Map_Main_Spoken_Languages_of_Myanmar_MIMU1300v03_07Jan2019_A1_MMR.pdf ဘာသာစကားမြေပုံ (မြန်မာ)] နဲ့ [http://themimu.info/sites/themimu.info/files/documents/Ethnologue_Map_Main_Spoken_Languages_of_Myanmar_MIMU1300v03_07Jan2019_A1.pdf (အင်္ဂလိပ်)] ကို ကိုးကားပြုပြီး ပြောရရင် မြင်မိသလောက်က နာမည်ကို မြန်မာလို အသံထွက်ပြီးရေးရာမှာ ရောသွားတာဗျ။ Mro / Mru ကို နီးစပ်အောင် အသံထွက်ရေးတော့ နှစ်ခုစလုံး မြို ဆိုပြီး ဖြစ်နေတာ။ အဲဒါကို ကွဲပြားသွားအောင် Mru - မရူ နဲ့ Mro ကို အခြားအမည် ခမီ/ခမွီး ဆိုပြီး ခွဲခြားရေးလိုက်တော့ မြို(မရူစာ) နဲ့ မြို(ခမိ) လို့ ဖြစ်သွားရော။ ဒီအငြင်းပွားမှုကို ဖြေရှင်းဖို့ဆိုရင် [https://pyithu.hluttaw.mm/question-2141 လွှတ်တော်မှာ ဆွေးနွေးချက် ၁]၊ [https://pyithu.hluttaw.mm/question-1020 ဆွေးနွေးချက် ၂] နဲ့ ဝီကီရဲ့ မူဝါဒတွေအရ [[မြိုလူမျိုး]] ဆိုတဲ့ စာမျက်နှာကို ရခိုင်လူမျိုးကြီးအုပ်စုဝင် မြိုလူမျိုး (မရူစာ) အတွက် ပြင်ဆင်ဖို့ဖြစ်ပြီး၊ ချင်းလူမျိုးကြီးအုပ်စုအောက်က မြို(ခမီ) အတွက် [[ခမီလူမျိုး]] နဲ့ [[အဝခမီလူမျိုး]] စာမျက်နှာနှစ်ခုကို ပေါင်းပြီး [[ခမီလူမျိုး]] စာမျက်နှာမှာ ရေးသားဖို့ ဖြစ်မယ်လို့ ယူဆပါတယ်။ လတ်တလောရှိနေတဲ့ ရခိုင်လူမျိုးအုပ်စုအောက်က [[ခမီးလူမျိုး]] စာမျက်နှာကို ပြည်သူ့လွှတ်တော်ဆွေးနွေးချက် ၂ အရ [[ခမွီးလူမျိုး]]အမည် ပြောင်းပါမယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဆွေးနွေးချက် ၁ မှာ ဖော်ပြထားတဲ့ ချင်းလူမျိုးအောက်က အောင်ခမီ ဆိုတာ အဝခမီကိုပဲ ဆိုလိုချင်တာလား၊ သီးခြားတစ်ခုလားဆိုတာကို မပြောတတ်သေးပါ။ [[User:Ninjastrikers|<span style="font-variant:small-caps;color:blue;font-family:century gothic;">Ninja<span style="color:red">✮</span>Strikers</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Ninjastrikers|☎]]»</span></sup> ၀၈:၀၉၊ ၁၀ မေ ၂၀၂၀ (UTC)
မြိုလူမျိုးနှင့် အဝခမိ ရောထွေးခြင်း မဟုပ်ကြောင်း ရှင်းလင်းခြင်း
မြိုလို ဆိုရာတွင် သုံးခုကို တွေ့မြင်ရပါတယ်။ ၁. မြို (ချင်းပြည်နယ် ဆမီးဒေသ တွင် နေထိုင်သူ) ၃. မြို(ဝါကုန်း) ( ရခိုင်ပြည်နယ် တွင် မြို ၊ ခမိ၊ ခမီး အဖြစ် ဖော်ပြခြင်း ခံရသူ ချင်းပြည်နယ်နေ မြိုတို့နှင့် ဘာသာစကားတူ ပြီး ဆက်ဆံရေး ရှိသူ၊ ချင်းတို့က မြို(ဝါကုန်း)ဟု ခေါ် ဆိုခြင်းခံရသူ) ၂. မြို (မရူစား) စစ်တကောင်းဒေသနေထိုင်သူ၊ ဖြစ်ပါတယ်။
 
၁။ မြို (ချင်းပြည်နယ် ဆမီးဒေသ တွင် နေထိုင်သူ) ချင်းပြည်နယ်တွင် မြိုအဖြစ်ရှိနေပြီး ၊ သမိုင်းလာရာ ဆမီးဒေသတွင် လက်ရှိထိ မြိုအဖြစ်ရှိနေသည်ကို တွေ့ရတ့သို ဘာသာစကားတွင် မြို(ခမိ) လက်ရှိရခိုင်တွင် မြိုအဖြစ်လည်းကောင်း၊ ခမိ အဖြစ်လည်းကောင်း ခေါ် ဆိုမှုတွင်ဘာသားစကား ၉၇ ရာခိုင်နှုန်း တူညီနေပါတယ်။
 
၂။မြို(ခမိ) ( ရခိုင်ပြည်နယ် တွင် မြို၊ ခမိ၊ ခမီး အဖြစ် ဖော်ပြခြင်း ခံရသူ ချင်းပြည်နယ်နေ မြိုတို့နှင့် ဘာသာစကားတူ ပြီး ဆက်ဆံရေး ရှိသူ၊ ချင်းတို့က မြို(ဝါကုန်း)ဟု ခေါ် ဆိုခြင်းခံရသူ)
မြို(ခမိ) လို့ ဆိုရာတွင် လက်ရှိချိန်ထိ သမိုင်း သုတေတီတို့၏ ဖော်ပြမှုတွင် မြို ၊ မြို(ခမိ) ၊ ခမီးလို့ သုံးနှုန်းကြပါတယ်။ ဒါဟာ မီးချောင်း၊ ပီးချောင်း၊ ကုလားတန် တလျှောက်နေထိုင်သော မြိုတွေကို များနှင့် အတူတူပင်ဖြစ်ပါတယ်။ မြိုအား ချင်းလူမျိုးတို့က မြို(ဝါကုန်း) လို့ ခေါ် ဆိုခြင်းတွင် မရူစား များအား ဆိုလိုခြင်း မဟုပ်ပဲ မြို(ခမိ) တို့အား ဆိုလိုခြင်း ဖြစ်ပါတယ်။
 
၃။ မြို (မရူစား) စစ်တကောင်းဒေသနေထိုင်သူ မရူစား (မြို) သည် လင်ကြဲ ဟု အစောပိုင်းသမိုင်းတွင် တွေ့ရပါတယ်။ နောက်တွင် မရူစားဟူ၍လည်းကောင်း ဒေသခ မြို(ခမိ)တို့က ဒါတ်ဟု၍လည်းကောင်းခေါ် ပါတယ်။
 
ပလက်ဝ ဒေသ ကီမာတောင်ခြေတွင်မှ အနောက်ဘက်တွင် သွားကြောင်း ခူမီး သမိုင်းတွင် ဖော်ပြထားပါတယ်။ ဒီလူမျိုးများဟာ စစ်တကောင်း တောင်တန်းဒေသတွင်သာ နေထိုင်ပြီး ရခိုင်သမိုင်းတွင် ဖော်ပြမှု အားနည်းသည်ကို တွေ့ရပါတယ်။ လက်ရှိမြေပြင်တွင် ဒီပြဿနာများကြောင်း သုတေသန သေချာပြုလုပ်ပြီး ရေးသင့်တဲ့ကိစ္စရပ် ဖြစ်ပါတယ်။ လူမျိုးတစ်မျိုး ဖြစ်တည် ရပ်တွင် သမိုင်း အပေါ် တွင် မှီတင်သောကြောင်း သမိုင်းကြေင်း မလွဲစေဖို့ ဆန္ဒပြုပါတယ်။
 
--Yomeo (ဆွေးနွေး) ၁၀:၅၈၊ ၁၇ မေ ၂၀၂၀ (UTC)