မြဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး →‎သမိုင်း
စာကြောင်း ၅ -
== သမိုင်း ==
 
ယခုအခါ [[ထိုင်းနိုင်ငံ]]၊ [[ဘန်ကောက်မြို့]]တွင် [[တော်ဝင်နန်းတော် (ဘန်ကောက်)|တော်ဝင်နန်းတော်]]ရှိ မြဘုရားဗိမာန်တော်၌ အပူဇော်ခံထားရှိသော ကျောက်စိမ်းဘုရား ဖြစ်ကာ၊ မူလက [[အနော်ရထာ|အနော်ရထာဘုရင်]]ကို သီဟိုဠ်ဘုရင်က လက်ဆောင် ဆက်သလာသော ဘုရား ဖြစ်သည်။ လမ်းခရီးတွင် မုန်တိုင်းမိပြီး [[လာအိုနိုင်ငံ]]သို့ ရောက်ရှိကာ လာအိုဘုရင်မှ ကိုးကွယ်ထားရှိသည်ကို ကြားသိရပြီးနောက် အနော်ရထာမင်းက အကြမ်းမဖက် ပြန်မယူဘဲ သီဟိုဠ်ဘုရင်ကိုပါ အခေါ်လွှတ်ပြီး သုံးဦးသားရှေ့မှောက်တွင် ရေစက်ချချ၍ လာအိုဘုရင်အား လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟု မြန်မာရာဇဝင်များတွင် ဆိုသော်လည်း အထောက်အထား မခိုင်လုံချေ။
 
သမိုင်းမှတ်တမ်းများအရ ၁၄၃၄ခုနှစ်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း လန်န အမည်ရှိ တိုင်းပြည်တပြည်တည်ရှိခဲ့ပြီး ထိုနိုင်ငံတွင် ဆင်းတုတော်တစ်ဆူ ထွက်ပေါ်လာခဲ့သည်။ ရှာဖွေတွေ့ရှိချက်တစ်ခုအဆိုအရ ဝတ်ဖရယိုင်(ဝါး‌တော ကျောင်း(နောက်ပိုင်းတွင် ဝတ်ဖရခရုမ်ဟုအမည်ပြောင်းခဲ့)တွင် စေတီတစ်ဆူအား မိုးကြိုးထိမှန်၍ ပြိုပျက်ခဲ့ပြီးနောက် ရွံ့စေးမြေများဖြင့် ဖုံးအုပ်နေသည့် ဘုရားတစ်ဆူအားရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့နောက်ယင်းဆင်းတုတော်အား ကျောင်းထိုင်ဆရာတော်မှ မြင့်မြတ်သည့်နေရာတွင် ပူဇော်ထားခဲ့ကြပြီးနောက် ဆင်းတုတော်၏ နားခေါင်းပေါ်မှ ရွံ့စေးမြေကွာကျလာရာ အတွင်းတွင် အစိမ်းရောင်ကို တွေ့ရှိလေသည်။ ယင်းကွာကျနေသည့် ရွံ့စေးမြေများအား ကျောင်းထိုင်ဆရာတော်က ဖယ်ရှားလိုက်ရာ အတွင်းတွင် ကျောက်စိမ်းဖြင့်ထုလုပ်ထားသည့် မြဆင်းတုတော်အား တွေ့ရှိလေသည်။ ယင်းနောက်ပိုင်းတွင် ဖရခရုမ်မရိုကော့၊ မြန်မာဘာသာဖြင့် မြဘုရားဟူ၍ သိခဲ့သည်။ ပညာရှင်အချို့က မြဘုရားသည် ၁၅ရာစု ချေသျှမ်းခေတ်လက်ရာဖြစ်သည်ဟု ဖော်ပြကြပြီး လန်နခေတ်အမွေအနှစ် ဖြစ်သည်။ <ref name="SubhadradisDiskul">{{Cite book |last=Diskul (M.C.) |first=Subhadradis |url=https://books.google.com/?id=NwDFO8uY3dIC |title=History of the Temple of the Emerald Buddha |publisher=Bureau of the Royal Household |year=1982 |location=Bangkok |language=en}}</ref><ref name="Williams2">{{Cite book |last=Williams |first=China |url=https://books.google.com/books?id=oc0LoROKM0MC&pg=PA350#v=onepage&q&f=false |title=Thailand |last2=Aaron Anderson |last3=Brett Atkinson |last4=Becca Blond |last5=Tim Bewer |date=2010-09-15 |publisher=Lonely Planet Publications |isbn=978-1-74220-385-0 |pages=350–352 |language=en |access-date=27 March 2010}}</ref>
စာကြောင်း ၁၅ -
၁၅၆၄ခုနှစ်တွင် ဗမာတို့ လာရောက်ကျူးကျော်သောကြောင့် ဘုရင်ဆထ္ထသီရတ်သည် ၎င်း၏နေပြည်တော်အား ဗီယန်ကျင်းသို့ ပြောင်းရွေ့ခဲ့ပြီး ဆင်းတုတော်အား ဟော်ဖရခရုမ်တွင် စံပယ်တော်မူစေ၏။ ယင်းနောက် ဆင်းတုတော်သည် ဗီယန်ကျင်းတွင် နောက်ထပ်နှစ်ပေါင်း ၂၁၄ ခုနှစ်တိုင်အောင်စံပါယ်တော်မူလေသည်။
 
၁၇၇၉ခုနှစ်တွင် ယိုးဒယား စစ်ဗိုလ်ချုပ် ချောင်ဖရားချက်ကရီက တော်လှန်ပုန်ကန်ခဲ့ပြီး ဗီယန်ကျင်းအား သိမ်းပိုက်ကာ မြဘုရားကို ယိုးဒယားသို့ ပင့်ဆောင်လာခဲ့သည်။ ယင်းနောက် ယိုးဒယားမြို့တော်သစ်ဖြစ်သည် သွန်ဘူရီရှိ ဝပ်အာရန်အနီး နတ်ကွန်းတစ်ခုတွင် စံပါယ်စေသည်။ ချောင်ဖရားချက္ကရီသည် ရာဇပလ္လင်အား ၎င်းကိုယ်တိုင်အတွက် သိမ်းယူခဲ့ပြီး ရတနာကိုဆင်တိုင်းပြည်၏ ချက္ကရီမင်းဆက်ကို တည်ထောင်လေသည်။‌ နောက်ပိုင်းတွင် ထိုမင်းအား ရာမ ၁ ဟူ၍ အမည်ပေးကြလေသည်။ နောက်ပိုင်းတွင် ချောင်ဖရားမြစ်အားဖြတ်၍ ယနေ့ ဘန်ကောက်ဖြစ်လာမည့်နေရာသို့ ပြောင်းရွေ့ကာ မြို့တည်လေသည်။ ပြီးလျှင် ဝပ်ဖရခရုမ်ကျောင်း ပါဝင်သည့် မင်းနေပြည်တော်အား တည်ဆောက်လေသည်။ ၁၇၈၄ ခုနှစ်တွင် ဝပ်ဖရာ့ခရုမ်ကျောင်းအား သန့်ရှင်းစေပြီး မြဘုရားကိုလည်း ၁၇၈၄ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ခမ်းနားထယ်ဝါပြီး ဘုန်းကျက်သရေနှင့် ပြီးပြည့်စုံစွာ ဝပ်ဖရာ့ခရုမ် သိမ်တော်သို့ ပင့်ဆောင်ပူဇော်လေသည်။
 
==မြဘုရားသီတင်းသုံးတော်မူခဲ့သော ကျောင်းတော်များ==