ဖိုလ်ဝင်တောင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၀ -
 
ဖိုးဝန်းတောင် ဘုရားပွဲကို ယခုအခါ နှစ်စဉ် တန်ဆောင်မုန်း လတိုင်း ကျင်းပလျက်ရှိရာ ပွဲတော်လာ ပရိသတ် အထူး စည်ကားလှသည်။ ဖိုးဝန်းတောင်သို့ [[မုံရွာမြို့]] တစ်ဖက်ကမ်းမှ ကားလမ်း ခရီးပေါက်သည်။
 
==ဖိုလ်ဝင်တောင်လမ်းညွှန်==
ဖိုလ်ဝင်တောင်ကို မြန်မာသက္ကရာဇ် ၄၁၁ တွင်တည်ခဲ့ပါတယ်၊
ဖိုလ်ဝင်တောင် ပါ၊မုံရွာတစ်ဘက်ကမ်း၊ ယင်းမာပင် သွားတဲ့
လမ်းပေါ်မှာပါနေ့ချင်း ပြန်သွား လို့ရပါသည်။ကျောက်တောင်
အမျိုး အစား ဖြစ်ပါသည်။
 
ဆရာသက်ကြီး ဟာ လယ်တီ ဆရာတော်ဘုရားကြီးထံမှာ
ခွင့်ပန်ပြီး ဖိုဝင်တောင်မှာ ဖိုဝင်စားတာကျင့်ခဲ့တယ်လို့
အဆိုရှိခဲ့ပါတယ်။
 
ဦးသန့်ဟာလည်း ဆရာသက်ကြီးရဲ့တပည့်ဖြစ်လို့
ဖိုဝင်စားတတ်တယ်လို့ဆိုပါတယ်။
 
ယခုချိန်တွင်နှစ်ပေါင်း ၉၀၀ ကျော်ခဲ့ပြီ ဖြစ်သောရှေးဟောင်းသမိုင်းဝင် တောင်
ဖြစ်ပါသည်။ဘုရားဆင်းတုရုပ်ပွား တော် ပေါင်း လေးသောင်းကျော်ရှိပါတယ်။
စိတ်ဝင်စားစရာ ဖြစ်ရပ်များလည်းရှိ ပါတယ်။
 
ဖိုလ်ဝင်းတောင် ဘုရားစေတီ များ အတွင်းတွင် ရှေးလက်ရာနံရံဆေး ရေး
ပန်းချီများ၊ပန်းပု လက်ရာများအပြင် သစ်သား တံခါးများ တွင်လည်း
ရှေးလက်ရာပန်းပုများကို အလှဆင်၍ ချယ်မှုန်း ထုလုပ် ထားသည် ကို
တွေ့ရှိ နိုင်ပါသည်။
 
ယင်းမာပင် မြို့နှင့် (၇)မိုင် ခန့်အကွာတွင် တည်ရှိ ပါသည်။
တောင်ပေါ်မှာမျောက်များ ၄ အုပ်စုရှိပါသည်။သူ့အုပ်စုသူ့နေရာနှင့်
သီးခြားနေထိုင်ကြပါသည်။
 
ကျောက်တောင်ဖြစ်ခြင်းကြောင့်ရေရှားပါး၍မျောက်တွေဟာ
လူအရောက်နည်းပြီးအစာရှားပါးတာကြောင့်မြေကိုတူးဆွ၍မြေဆီစားပြီး
အသက်ရှင်နေထိုင်ကြပါသည်။
 
ရေရှားပါး၍ သာက်ရေကို ကန်များတည်ပြီး တောင်အောက်မှရေအထမ်းနှင့်
ထမ်း၍တင်ပေးရပါတယ်။ရေတစ်ထမ်းကို ၂၀၀ကျပ်နှုန်း၊
တစ်စည်ကို ၅၀၀ကျပ်နှုန်းဖြင့်လှူဒါန်းနိုင်ပါသည်။
 
ဖိုးဝန်းတောင်၏ ထူးခြားချက်မှာ ဖိုလ်ဝင်တောင် ဘုရားပွဲကာလ အတွင်း
မျောက်များ လုံးဝပျောက်ကွယ် သွားတတ်ခြင်း ဖြစ်ပြီး ဘုရားပွဲ ပြီးလျှင်
ပြန်ပေါ်လာ တတ်ခြင်း ဖြစ်ပါသည်၊
 
"ဖိုလ်ဝင်းတောင်ရှင်မ" က ဖွက်ထားသည် ဟု ဒေသခံ များက ယူဆ
ယုံကြည် ကြပါသည်။ ဖိုလ်ဝင်တောင် ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွား ကျင်းပပါသည်။
 
ဗုဒ္ဓဘာသာအမျိုးသမီးများအတွက်ဝမ်းမြောက်စရာတစ်ခုကတော့ဘုရားကို-ကိုယ်တိုင်ကိုယ်ကျ ရွှေသင်္ကန်းကပ်လှူနိုင်ခြင်းပင်ဖြစ်ပါသည်။
 
<ref>http://fullmoontravelsmyanmar.weebly.com/</ref>
 
== ဓာတ်ပုံများ ==