ရွှေနန်းကြော့ရှင် နရပတိ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၇ -
==ရွှေနန်းတည်ကျောက်စာ==
အင်းဝ၌ နန်းသစ် (၈)ကြိမ် တည်ဆောက်မှုတွင် စာပေအထောက်အထားများအရ ရွှေနန်းကျော့ရှင်နရပတိ လက်ထက်ဆောက်သော နန်းတော်သည် အကောင်းဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ရွှေနန်းကျော့ရှင်နရပတိသည် နောက်နောင်သောမင်းတို့ ရွှေနန်းတော်ဆောက်လုပ်လျှင် မှီငြမ်းပြုလုပ်ရစ်စေခြင်းငှါ နန်းတည်ကျောက်စာတစ်ချပ် ရေးသား စိုက်ထူထားခဲ့သည်။ သက္ကရာဇ် (၈၈၈)ခုနှစ်တွင် သိုဟန်ဘွားက ရွှေနန်းတည်ကျောက်စာကြီးကို နောင်မင်းများ အသုံးမပြုစေရန် ၎င်းကျောက်စာကိုနုတ်ပြီး [[ထီးလှိုင်ရှင်စေတီ| ထီးလှိုင်ရှင်ဘုရား]]အား လှူဒါန်းသည့်အနေဖြင့် ဘုရား၏ အနောက်စောင်းတန်းတွင် စိုက်ထူခဲ့ပါသည်။ (၁၁၈၈)ခုနှစ်တွင် အင်းဝတွင် လောင်သောမီးကြောင့် ဂဝံကျောက်သားပေါ်တွင် ရေးထိုးထားသော ကျောက်စာများသည် အလွှားလိုက် ကွာကျခဲ့သည်။ (ယခုအခါ ထိုကျောက်စာကို [[မယ်နုအုတ်ကျောင်း]] မုခ်အဝင်ဝ အရှေ့တောင်ဘက်တွင် [[ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန]]က ကျောက်စာဂူဖြင့် ထိန်းသိမ်းထားသည်။) <ref>အင်းဝ-ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၊ စာ-၈</ref>
[[ရေနံ့သာစား ငရွှေကျိုင်း]]
 
== ကျမ်းကိုး ==