အရေးမကြီးNo edit summary
စာကြောင်း ၃၆ -
 
===ပထမအကြိမ် ထိန်းသိမ်းခြင်း (1907–1910)===
[[ဖိုင်:Mary Mallon in hospital.jpg|thumb|ဆေးရုံကုတင်ပေါ်ရှိ မယ်ရီ (အရှေ့ဆုံးလူ)]]
 
နယူးယောက်မြို့ ကျန်းမာရေးအထောက်တော်မှ သူမအား ရောဂါသယ်ဆောင်သူအဖြစ်သတ်မှတ်သည်။ မဟာနယူးယောက်ချာတာ၏ ပုဒ်မ ၁၁၆၉ နှင့် ၁၁၇၀ အရ ပြည်သူ့ကျန်းမာရေးအားလခြိမ်းခြောက်သူအဖြစ် သူမအား ဖမ်းဆီးခဲ့ပြီး အချက်အပြုများမလုပ်မီ တကြိမ်တခါမျှ လက်ဆေးခြင်းမရှိကြောင်းဝန်ခံစေခဲ့သည်။ ထိုအချိန်က Germ theory of Disease (ပိုးမွှားများအစရောဂါများသီအိုရီ)သဘောတရားကို အပြည့်အဝလက်မခံသေးသောကြောင့် ဤသို့လက်မဆေးခြင်းမှာ မထူးဆန်းချေ။ ထို့နောက် North Brother ကျွန်းရှိ ဆေးခန်းတစ်ခုတွင် သုံးနှစ်ခန့်မျှတဦးတည်းသီးခြားနေစေခဲ့သည်။ ထိုသို့
ထိန်းသိမ်းခံထားရချိန်အတွင်း ကျင်ကြီးကျင်ငယ်နမူနာအား အတင်းအဓမ္မတောင်းဆိုစစ်ဆေးလေရာ သူမသည်းခြေအတွင်းတွင် တိုက်ဖွိုက်ဘက်တီးရီးယားမြောက်များစွာရှိနေသည်ကို တွေ့ရှိရလေသည်။ အာဏာပိုင်များက သူမ၏သည်းခြေအား ထုတ်ပစ်ရန်အကြံပေးသော်လည်း သူမကိုယ်သူမ ရောဂါသယ်ဆောင်သူအဖြစ်မယုံကြည်၍ ထုတ်ပစ်ရန်ငြင်းဆိုခဲ့သည်။ ထို့အပြင် ချက်ပြုတ်သည့်အလုပ်အား စွန့်ပစ်ရန်လည်းဆန္ဒမရှိချေ။ မည်သို့ပင်ဆိုစေကာမူ မီဒီယာများက မယ်လွန်အပေါ် အာရုံစိုက်လာကြပြီး ၁၉၀၈ခုနှစ်ထုတ် Journal of the American Medical Association ဂျာနယ်တွင် "တိုက်ဖွိုက်မယ်ရီ" ဟုရေးသားဖော်ပြခဲ့ကြသည်။ နောက်ပိုင်း ဖတ်စာအုပ်များတွင် အူရောင်ငန်းဖျားရောဂါအကြောင်းရေးသားရာ၌ တိုက်ဖွိုက်မယ်ရီအဖြစ်ထပ်မံဖေါ်ပြခံရပြန်သေးသည်။