မိုင်းပွန်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
မိုင်းပွန်နယ်သည်'''မိုင်းပွန်နယ်'''သည် ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ဘက်တွင် တည်ရှိ သည်။ မိုင်းပွန်နယ်သည် နယ်နိမိတ်အားဖြင့် မြောက်ဘက်တွင် လဲချားနယ်၊ အရှေ့ဘက်တွင် မိုးနဲနှင့် မောက်မယ်နယ်များ၊ တောင်ဘက်တွင် သထုံနှင့် ဘန်း ယဉ်နယ် ၊ အနောက်ဘက်တွင် ညောင်ရွှေနယ်၊ အနောက်မြောက်ဘက်တွင် ဟို ပုံးနယ်တို့ဖြင့် ပတ်ရံလျက်ရှိသည်။ အကယ်အဝန်းအားဖြင့် ၃၆၆ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၂၂၆ ရွာနှင့် ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁၄၃ယ ၇၅၉ ယောက်ရှိသည်။ မြို့တော်ဖြစ်သော မိုင်းပွန်မြို့သည် နယ်၏ မြောက် ဘက်၊ နမ့်ပွန်မြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မိုင်းပွန်နယ်သည် ကမ်း ၂ ဖက်လုံးတွင် တောင်များဖြင့် ဖီလာသန်း နေသော နမ့်ပွန်မြစ်ဝှမ်းကျဉ်းဖြင့် ဖွဲ့စည်းထားသည်။ တောင်များပေါ်တွင် သစ် တောများ အုပ်ဆိုင်းလျက်ရှိသည်။ တောင်များမှ ခနောက်စိမ်းနှင့် ခဲအနည်း အပါးရရှိသည်။ အချို့နေရာများတွင် ထင်းရှူးပင်များလည်းရှိသည်။ ထို့ကြောင့် မိုင်းပွန်နယ်သည် ထင်းအခက်အခဲ မတွေ့ရပေ။ မြစ်ချိုင့်ဝှမ်းတွင် ဆန်စပါး စိုက် ပျိုးသည်။ ရေမောင်းများဖြင့် ရေအားသွယ်ယူသည်။ နမ့်ပွန်မြစ်တစ်လျှောက်တွင် ရေမောင်း ၅ဝ ထက်မနည်းရှိသည်။ တောင်ယာစိုက်ပျိုးသော မြေမှာ မြေနိမ့် မြေ ပြန့်တွင် စိုက်ပျိုးသည်ထက် အတန်ငယ်နည်းသော်လည်း စပါးထွက်ရာ၌ ညီတူ၊ တစ်ခါတစ်ရံ ပို၍ပင်ထွက်သည်။ သို့တိုင်အောင် များသောအားဖြင့် နယ်တွင်း စားသုံးရန်အတွက် မလောက်ပေ။ မိုင်းစိတ်မှ ဝယ်ယူရသည်။ ဝါဂွမ်းအနည်းငယ် စိုက်ပျိုးသည်။ နယ်၏တောင်ဘက်တွင် ကြံများစိုက်ပျိုးသည်။ တောင်များပေါ် တွင် မျိုးကောင်းသနပ်ဖက်စိုက်ပျိုးသည်။ လွယ်တွန်တွင် ရှေးအခါက မဲနည် စိုက်ပျိုးခဲ့သည်။ ယခုသော် မတွင်ကျယ်၍ စိုက်ပျိုးခြင်းမပြုတော့ပေ။ ရွာတိုင်း၌ လိုပင် ရက်ကန်းစင်များရှိသည်။ ကြံစိုက်ပျိုးသော အရပ်ဒေသများတွင် ကြံသကာ ပြုလုပ်သည်။ သို့သော် မည်သည့်လုပ်ငန်းမျှ ဖြစ်ဖြစ်မြောက်မြောက် မရှိလှပေ။ မိုင်းပွန်နယ်သည် ဘေး ၂ ဖက်တွင် တောင်များဖြင့် ည|ပ်လျက်ရှိ သော်လည်း လမ်းပန်းဆက်သွယ်ရေးအားဖြင့်ကား အခက်အခဲမရှိပေ။ နယ်၏ မြောက်ဘက်တွင် တည်ရှိသော မိုင်းပွန်မြို့သည် ကျိုင်းတုံမှသည် မြန်မာပြည်မသို့ ပေါက်သော ကားလမ်းပေါ်တွင် တည်ရှိသည်။ နမ့်ပွန်ချောင်းပေါ်တွင် ဆောက် လုပ်ထားသော တံတားသည် ကျိုင်းတုံမြို့မှပေါက်လာသော လမ်းကို မြန်မာ ပြည်မမှလမ်းနှင့် ဆက်သွယ်ပေးသည်။
 
မိုင်းပွန်နယ်တွင် ပအိုးတောင်သူ အများအပြားနေထိုင်သည်။ ရှမ်းတို့ သည် ချိုင့်ဝှမ်းရှိ ရွာများတွင် နေထိုင်ကြ၍ မြန်မာတို့မူကား မိုင်းပွန်မြို့တွင်သာ အနေများသည်။