လိုင်ဂီယာ: တည်းဖြတ်မှု မူကွဲများ

"လိုင်ဂီယာ (Line Clear၊..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၇ -
လိုင်ဂီယာပေးမည့် ဘူတာဝန်ထမ်းသည် စာရွက်ညှပ်ပေးမည့်ကြိမ်ကွင်းကိုကိုင်ပြီး လက်ကိုဆန့်လိုက်ရသည်။ ကြိမ်ကွင်းထိပ်ကို ရထားလမ်းဇလီဖားတုံးထိပ်နှင့် ထိလိုက်ပြီး လက်ကို ၄၅ ဒီကရီအပေါ်သို့ မြှောက်လိုက်ရပါသည်။ ထိုအခါ စက်ခေါင်းမီးထိုး(အလံပြ)က သူ့လက်မောင်းနှင့် အလွယ်တကူ ချိတ်ယူနိုင်ပြီဖြစ်သည်။ ထိုသို့မဟုတ်ပါက ကြိမ်ကွင်းကို ရထားစက်ခေါင်းနှင့် တိုက်မိခြင်း၊ ကြိမ်ကွင်းလွတ်ကျခြင်းတို့ဖြစ်တတ်ပြီး ရထားသည် မရပ်သင့်ဘဲ ရပ်ရတတ်ပါသည်။ ထိုသို့ မရပ်သင့်ဘဲ၊ ရပ်ခွင့်မရှိဘဲ လမ်းရှင်းကြောင်းမရသဖြင့် (ပြုတ်ကျသဖြင့်)ရထားရပ်လိုက်ရပါက ရုံပိုင်အနေဖြင့် အထက်ကို ထုချေလွှာ(ဖြေရှင်းချက်)ပေးရပါသည်။
 
ရထားစက်ခေါင်းမောင်းသည် လမ်းရှင်းကြောင်းကိုရရှိပြီးလျှင် စာကို သေချာဖတ်ပြီး ကြိမ်ကွင်းကို Outer မကျောင်ခင်ရုံမကျော်မီ ပြန်ပစ်ချပေးခဲ့ပါသည်။ ဘူတာ၌ ရထားရပ်ပါက စက်ခေါင်းထံသို့ စာရွက်သွားပေးရန်သာလိုပါသည်။
 
==အကိုးအကား==