လိုင်ဂီယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
လိုင်ဂီယာ (Line Clear၊Clear, လမ်းရှင်းစာရွက်)ကို ရထားဘူတာများတွင် တွေ့နိုင်သည်။ တချို့ အမြန်ရထားမျာသည် ဘူတာ အသေးလေးများတွင် ရပ်လေ့မရှိပေ။ သို့သော် မီးရထားဥပဒေအရ ထိုဘူတာနှင့် အရှေ့ လာမည့်ဘူတာအကြား လမ်းကြောင်းရှင်းပါကြောင်းထောက်ခံစာကို ဘူတာငယ်၏ ရုံပိုင်က မောင်းနေသာ ရထားပေါ်သို့ပို့ပေးရသည်။ ၂ ပေခန့် အချင်းရှိသော ကြိမ်ကွင်းတွင် လမ်းကြောင်းရှင်းစာရွက်ကို ပတ်ချည်ထားရသည်။ ရထားလမ်းဘေးကပ်လျက်ရပ်ပြီး ကြိမ်ကွင်းကို ထောင်ထားလိုက်ရသည်။ ရထားပေါ်မှလူက သူ၏လက်ကို ကြိမ်ကွင်းထဲဝင်အောင်ချန်ပြီး စွပ်လိုက်ရသည်။ ယင်းကို "Line clear ဆွဲသည်။" မြန်မာဆန်ဆန် "လိုင်ဂီယာဆွဲသည်။" ဟု ခေါ်ဆိုကြသည်။
 
ထိုလမ်းရှင်းစာရွက်မရပါက စက်ခေါင်းမောင်းက ရှေ့ဘူတာသို့ ဆက်မောင်းသွားခွင့်မရှိပေ။ ထို လမ်းရှင်းစာရွက်တွင် မိမိဘူတာမှ ရှေ့ဘူတာကြားရှိ လမ်းတံတားတို့၏ ထူးခြားမှုရှိလျှင်လည်း ထည့်ရေးပေးရသည်။ ဥပမာ - မိုင်တိုင်အမှတ် ၁၃၂ နှင့် ၁၄၀ ကြားတွင် လမ်းပြုပြင်နေသဖြင့် အရှိန်လျှော့မောင်းရန် စသည် ပုံစံမျိုးဖြစ်သည်။ ထိုသို့ လမ်းရှင်းကြောင်းပေးနိုင်ရန်အတွက် မိမိဘူတာသို့ဝင်လာမည်ရထားအတွက် ထွက်ခွာလာသည့် ဘူတာက လမ်းရှင်းကြောင်းတောင်းလျှင် ပေးရသကဲ့သို့ ရှေ့ဘူတာကိုလည်း လမ်းရှင်းကြောင်း တောင်းထားရသည်။