အာဖရိက: တည်းဖြတ်မှု မူကွဲများ

→‎ကျွန်ရောင်းဝယ်မှု၏ အထွဋ်အထိပ် ကာလ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ကျွန်ရောင်းဝယ်မှု၏ အထွဋ်အထိပ် ကာလ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၁၄ -
၁၈၂၀ ခုနှစ်များ၌ အနောက်အာဖရိကတွင် အတ္တလန္တိတ် ကျွန်ကုန်သွယ်မှု ကျဆင်းလာသော အခါတွင် ဒေသခံ လူ့အဖွဲ့အစည်းများအတွင်း စီးပွားရေး အခြေအနေ သိသိသာသာ ပြောင်းလဲ လာခဲ့သည်။ ကျွန်ကုန်သွယ်မှု တဖြည်းဖြည်း ကျဆင်းလာရခြင်း ၏ အကြောင်းမှာ အမေရိကားမှ ကျွန်လိုအပ်မှု လျော့နည်းလာခြင်း၊ အမေရိကားနှင့် ဥရောပတွင် ကျွန်စနစ် ဖျက်သိမ်းရေး ဥပဒေများ တိုးပွားလာခြင်းနှင့် ဗြိတိသျှ တော်ဝင်ရေတပ်မှ အနောက်အာဖရိက ကမ်းရိုးတန်း အလွန်တွင် တပ်စွဲပြီး အာဖရိက နိုင်ငံများကို စီးပွားရေး လုပ်ငန်းအသစ်များ လုပ်ကိုင်ရန် အတွက် ဖိအားပေးမှု များကြောင့် ဖြစ်သည်။ ၁၈၀၈ မှ ၁၈၀၆ ခုနှစ် အတွင်းတွင် ဗြိတိသျှ အနောက် အာဖရိက တပ်မှ ကျွန်သင်္ဘောပေါင်း ၁၆၀၀ ခန့်ကို သိမ်းပိုက်ခဲ့ပြီး သင်္ဘောများ ပေါ်ရှိ ကျွန်ပေါင်း ၁သိန်းခွဲ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။<ref>[http://www.bbc.co.uk/devon/content/articles/2007/03/20/abolition_navy_feature.shtml Sailing against slavery. By Jo Loosemore] BBC</ref>
 
ကျွန်ရောင်းဝယ်မှုကို တရားမဝင် သတ်မှတ်ရန် ဖြစ်သည့် ဗြိတိသျှတို့၏ ပဋိဉာဏ်စာချုပ်ကိုပဋိညာဏ်စာချုပ်ကို သဘောတူရန် ငြင်းဆန်သော အာဖရိက ခေါင်းဆောင်များကိုလည်း ထိရောက်စွာ အရေးယူခဲ့သည်။ ဥပမာအားဖြင့် လာဂို့စ်ဘုရင်အား ၁၈၅၁ ခုနှစ်တွင် အာဏာမှ ဖယ်ရှားခဲ့ခြင်းမျိုးပင် ဖြစ်သည်။ ထို့နောက် အာဖရိက အုပ်ချုပ်သူပေါင်း ၅၀ ကျော်နှင့် ကျွန်ရောင်းဝယ်မှုကို ဆန့်ကျင်သည့် ပဋိဉာဏ်စာချုပ်များပဋိညာဏ်စာချုပ်များ ချုပ်ဆိုခဲ့သည်။
<ref>{{cite web|url=http://www.pdavis.nl/Background.htm#WAS |title=The West African Squadron and slave trade |publisher=Pdavis.nl |date= |accessdate=2010-05-18}}</ref> အနောက် အာဖရိကရှိ အင်အားကြီးတိုင်းပြည်များ ဖြစ်ကြသော အဆန်တီပြည်၊ ဒါဟိုမေးပြည်နှင့် အိုယို အင်ပိုင်ယာတို့သည် အပြောင်းအလဲနှင့် တပြေးညီ ဖြစ်ရန် ကွဲပြားခြားနားသော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ အဆန်တီနှင့် ဒါဟိုမေတို့သည် ဆီအုန်း၊ ကိုကိုး၊ သစ်နှင့် ရွှေတို့ကို တရားဝင် ရောင်းဝယ်ဖောက်ကား နိုင်ရန် ကြိုးစားခဲ့ကြပြီး အနောက်အာဖရိက၏ ခေတ်သစ် ပြည်ပသို့ ကုန်တင်ပို့မှုအတွက် အခြေခံ အဆောက်အအုံကို တည်ဆောက်ခဲ့ကြသည်။ အပြောင်းအလဲနှင့် တပြေးညီ မလိုက်နိုင်သော အိုယိုအင်ပိုင်ယာမှာမူ ပြည်တွင်းစစ်များဖြင့် ပြိုကွဲခဲ့ ရသည်။ <ref>Simon, Julian L. (1995) ''State of Humanity'', Blackwell Publishing. p. 175. ISBN 1-55786-585-X.</ref>