အရေးမကြီး →‎မော်ကွန်း
အရေးမကြီး →‎မော်ကွန်း
စာကြောင်း ၄ -
မော်ကွန်းသည် မြန်မာစာပေတွင် လေးလုံးစပ် အဖွဲ့အနွဲ့ တစ်မျိုးဖြစ်၏။ ဆင်တော်အကြောင်း၊ နန်းတော်များအကြောင်း၊ လှေတော်များအကြောင်း၊ စစ်ပွဲများအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီအကြောင်းစသည့် ထင်ရှားသောအကြောင်းရပ်များကို နောင်အစဉ်အလာ ဥဒါန်းတွင်ရစ်အောင် ရေးသားစီကုံး ဖွဲ့နွှဲ့ထားသည့် ကဗျာလင်္ကာ ဖြစ်၏။ ဧချင်းများသည် ရာဇဝင်ကြောင်းများပါသဖြင့် ယင်းကို သမိုင်းရာဇဝင် လေ့လာသူများ အားထားရဘိသကဲ့သို့ပင် မော်ကွန်းကိုလည်း သမိုင်းလေ့လာရာတွင် အထောက်အထားပြုနိုင်ပေသည်။
 
"မော်ကွန်း"ဟူသော ဝေါဟာရသည် မြန်မာစကားသက်သက်ဖြစ်၏။ "အမူကွန်း"ဟူသော ရှေးစကားမှ ရွေ့လျောပြောင်းလဲ၍ မော်ကွန်းဖြစ်လာသည်။ ပုဂံခေတ် ကျောက်စာများတွင် အလှူရှင်တို့သည် မိမိတို့လှူသော သက်ရှိသက်မဲ့ ပစ္စည်းစာရင်းကို ခိုင်ခံ့ထင်ရှားအောင် ကျောက်ထက်တွင် ရေးမှတ်ထားခြင်းကို အမူကွန်း တင်သည်ဟူ၍၎င်း၊ မော်ကွန်းတင်သည်ဟူ၍၎င်း ခေါ်ကြောင်းတွေ့ရသည်။ [[ပုဂံမြို့]]၊ လေးထောင့်ကန်အရပ် [[မင်းဝိုင်းကျောက်စာ]] အရှေ့မျက်နှာတွင် မိဖုရား[[မိဖုရားစော|ဖွားစော]]သည် ကျောင်း၊ ဥယျာဉ်၊ နွား၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမများကို လှူသောစာရင်းကို အမူကွန်းတင်ထားကြောင်း ပြဆိုသည်။ ဤသို့ စာရင်းတင်သဖြင့် မိဖုရားကြီး၏ အလှူစာရင်းကို နောင်လာနောင်သားများ ယခုတိုင် ဖတ်ရှု အနုမောဒနာပြုနိုင်ပေသည်။ နောင်အစဉ်အလာ တည်တံ့ခိုင်မြဲစွာ မှတ်သား နာယူနိုင်စေရန် ရေးမှတ်ထားသော အကြောင်းအရာများကို [[အင်းဝခေတ်]]မှ စ၍ နှောင်းခေတ်များတွင် စကားပြေဖြင့်သာ မဟုတ်ဘဲ ကဗျာလင်္ကာဖြင့်လည်း ရေးသားခဲ့၏။ ကဗျာလင်္ကာဖြင့် ရေးသော မော်ကွန်းများသည် အင်းဝခေတ်တွင် ပေါ်ပေါက်၍ ထိုခေတ်တွင် အထွန်းကားဆုံးဖြစ်၏။
 
သက္ကရာဇ် ၈၃ဝ - ၈၄၂-ခုနှစ်တွင် အင်းဝရွှေနန်းကို သိမ်းမြန်း စိုးစံတော်မူသော [[မဟာသီဟသူရ]]လက်ထက်တွင် စစ်လျင်ထောင်မှူး [[ရှင်ထွေးညို]]ရေးသားသည့် [[ပြည်စုန်မော်ကွန်း]]မှာ အဦးဆုံး မော်ကွန်းဖြစ်သည်။ သက္ကရာဇ် ၈၃၄-ခုနှစ်တွင် မဟာသီဟသူရသည် ညီတော် ပြည်မြို့စားမင်းကြီးစွာနှင့် သာယာဝတီစား ဦးရီးတော် ကျော်စွာတို့ ရိုင်းပျံ့ခြားနားကြသည်ကို နှိမ်နင်းရန် ရွှေစကြာဖောင်တော်ဖြင့် [[ပြည်မြို့]]သို့ စုန်ဆင်းနှိပ်ကွပ်တော်မူရာတွင် ဖြစ်ပျက်တွေ့ကြုံရသော အကြောင်းအရာများကို ယင်းမော်ကွန်းတွင် ဖွဲ့နွဲ့စပ်ဆိုထားသည်။ ရှင်ထွေးညိုသည် [[ရွှေစာတိုင်ဆင်တော် မော်ကွန်း]]ကိုလည်း ၈၇၂-ခုနှစ် အင်းဝဘုရင် [[ရွှေနန်းကြော့ရှင်]]လက်ထက်တွင် စပ်ဆိုသေးသည်။
စာကြောင်း ၁၇ -
 
ဝက်မစွတ်နဝဒေး၏နောက် တံဆိပ်ဝန် ဦးရွှေခြည်သည် ဗိမာန်ရတနာကျောင်းတော်မော်ကွန်း၊ မဟာဝေယန်ဘုံသာကျောင်းတော် မော်ကွန်းတို့ကို ပြုစုသည်။ ထိုနောက် [[ဦးပုည]]သည် မော်ကွန်း ၄ စောင်မျှ ရေးသားခဲ့သည့်အနက် ရတနာနဒီ (မြစ်တော်ဖွဲ့)မော်ကွန်းသည် အကောင်းဆုံးဟု ဆုံးဖြတ်ရန် သင့်သည်။ ဦးပုည၏ မော်ကွန်းများမှာ တည်တည်ကြည်ကြည် ဖွဲ့နွဲ့ထားသည်ဖြစ်၍ အထက်တန်းစား မော်ကွန်းများဖြစ်သည်။ ဦးပုည၏နောက် [[ကင်းဝန်မင်းကြီး]]သည် ရတနာနဒီ မော်ကွန်း၊ ဓမ္မောဇမော်ကွန်းတို့ကို ရေးသားပြုစုသည်။ သို့အားဖြင့် ကုန်းဘောင်ခေတ်သည် အင်းဝခေတ်ကဲ့သို့ပင် မော်ကွန်း ထွန်းကားသော ခေတ်ဟု ဆိုရပေမည်။ ကုန်းဘောင်ခေတ် မော်ကွန်းများသည် အင်းဝခေတ် မော်ကွန်းများ အဆင့်အတန်းကို မမှီစေကာမူ မနီးရိုးစွဲ လိုက်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
==ကိုးကား==