မော်ကွန်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀ -
ရှင်ထွေးညို၏ နောက်တွင် [[ပေလေးပင် ရှင်လေးပါး]] သိုက်ဝင် [[ရှင်မဟာသီလဝံသ]]သည် [[တံတားဦးတည်မော်ကွန်း]] ၁၂ ပိုဒ်ကို ဖွဲ့ဆိုသည်။ မိမိထက် ဦးစွာ [[ရှင်မဟာရဋ္ဌသာရ]]က တံတားဦးတည်မော်ကွန်းတစ်စောင် ရေးပြီးဖြစ်ကြောင်း သိရသောအခါ၊ ဆက်လက်မရေးသားဘဲ ပုရပိုက်ပေါ် ရေးပြီးသား ၁၂ ပိုဒ်ကို ချေဖျက်စေသည်တွင် တပည့်များက သိမ်းဆည်းထားခဲ့သည်ဟု ဆိုလေသည်။ ရှင်မဟာသီလဝံသသည် သျှိသျှားကန်ဖွဲ့မော်ကွန်း (မိတ္ထီလာ ကန်ဖွဲ့မော်ကွန်း)၊ ရွှေနန်းဖွဲ့မော်ကွန်းများကိုလည်း ရေးသားသည်။ အင်းဝခေတ်တွင် ရေးသားသော မော်ကွန်းများသည် အဆင့်အတန်းမြင့်၍ ထိုခေတ်သည် မော်ကွန်းတံခွန်စိုက်သော ခေတ်ဖြစ်၏။
 
[[တောင်ငူခေတ်]]တွင် မော်ကွန်း ခေတ်မစားပေ။ တောင်ငူခေတ်အဆုံးတွင် ပေါ်ပေါက်သော လက်တောင်ယူမှူး [[ရှင်သံခို]] တစ်ဦးသာလျှင် ရတနာပြောင်မွန် ဆင်တော်မော်ကွန်းကို ရေးသားခဲ့သော်လည်း အဆင့်အတန်း မမြင့်လှချေ။ ကုန်းဘောင်ခေတ် ပထမပိုင်းတွင် မော်ကွန်းများကို ပြန်လည်ရေးသားကြပြန်သည်။ [[လက်ဝဲသုန္ဒရ|လက်ဝဲသုန္ဒရအမတ်]]သည် ဘိုးတော် မုဒ္ဓါဘိသေက မော်ကွန်း၊ နိဗ္ဗာနပစ္စယ ဆင်တော်မော်ကွန်း၊ ရတနာပူရအင်းဝ ပြည်တော်ကြီးလာ မော်ကွန်း၊ မဟာဝိဇယရံသီ စည်းခုံတော် မော်ကွန်း၊ မင်းကွန်းစေတီတော်တည်မော်ကွန်း၊ ဓညဝတီနိုင် မော်ကွန်းများကို ရေးသားပြုစု၏။ [[ဆင်ဖြူရှင်]]လက်ထက်တွင် ယိုးဒယားနိုင် မော်ကွန်းကို [[လက်ဝဲနော်ရထာ]] ပြုစုသည်။ [[စဉ့်ကူးမင်း]]လက်ထက်တွင် [[အတွင်းဝန်ထောက် ဦးညို]]သည် ရွှေမင်းဘန်းဆင်တော် မော်ကွန်းကို ရေးသားသည်။ ထိုရွှေမင်းဘုန်း ဆင်တော်မော်ကွန်းသည် အဆင့်အတန်းမြင့်သော မော်ကန်းဖြစ်၏။ မြန်မာစာပေတွင် ဆင်တော်မော်ကွန်းပေါင်း ၇ စောင်ခန့် တွေ့ရှိရသည့်အနက် ဒုတိယအကောင်းဆုံးဟု ဆိုနိုင်ပေသည်။ ဦးညိုသည် ဤမော်ကွန်းဖြင့် ကျော်ကြား၏။
 
[[ကုန်းဘောင်ခေတ်]] ဒုတိယပိုင်းတွင်လည်း မော်ကွန်းကောင်းများ ပုဏ္ဍရိကဆင်တော်မော်ကွန်း၊ မင်းကွန်းဖွဲ့မော်ကွန်း၊ အမရပူရမြို့ ဖွဲ့မော်ကွန်းတို့ကို ပြုစုသည်။ ထူးထူးခြားခြား ကောင်းမွန်သော မော်ကွန်းများ မဟုတ်ပေ။ ဝန်ကြီးသည် မော်ကွန်းနှင့် စပ်လျဉ်း၍ နာမည်မကျော်စောပေ။ တွင်းသင်းတိုက်ဝန် မဟာစည်သူနှင့် တစ်ခေတ်တည်း ပေါ်ပေါက်သော ဆားတောင်ငါးရွာအဝင် ရွာဝေးရွာ သူကြီးရိုးဖြစ်သူ [[ဒုတိယ နဝဒေး|ဝက်မစွတ်နဝဒေး]]ဟူ ထင်ရှားသည့် ဦးနုသည် မော်ကွန်းဖက်တွင် များစွာထင်ပေါ် ကျော်စောပေသည်။
စာကြောင်း ၁၆ -
မော်ကွန်းအဖွဲ့အနွဲ့ ကောင်းသောကြောင့် ဦးနုကို မော်ကွန်းနဝဒေး ဟုပင် ခေါ်ဆိုကြ၏။ ဝက်မစွတ် နဝဒေးသည် မိတ္ထီလာကန်တော် မော်ကွန်း၊ စန္ဒာမုနိမော်ကွန်း၊ ရဲတင်းမော်ကွန်း၊ ရခိုင်နိုင်မော်ကွန်း၊ [[အာသံနိုင်မော်ကွန်း]]၊ တရုတ်သံရောက် မော်ကွန်းအစရှိသည်ဖြင့် မော်ကွန်း ၁၅ စောင်ခန့်ကို ပြုစုသည်။ ဝိလာသိနိ မော်ကွန်းသည် ဆင်တော်မော်ကွန်းများတွင် ပထမတန်းစားဖြစ်၏။
 
ဝက်မစွတ်နဝဒေး၏နောက် တံဆိပ်ဝန် ဦးရွှေခြည်သည် ဗိမာန်ရတနာကျောင်းတော်မော်ကွန်း၊ မဟာဝေယန်ဘုံသာကျောင်းတော် မော်ကွန်းတို့ကို ပြုစုသည်။ ထိုနောက် [[ပုည၊ ဦး (စလေ)|ဦးပုည]]သည် မော်ကွန်း ၄ စောင်မျှ ရေးသားခဲ့သည့်အနက် ရတနာနဒီ (မြစ်တော်ဖွဲ့)မော်ကွန်းသည် အကောင်းဆုံးဟု ဆုံးဖြတ်ရန် သင့်သည်။ ဦးပုည၏ မော်ကွန်းများမှာ တည်တည်ကြည်ကြည် ဖွဲ့နွဲ့ထားသည်ဖြစ်၍ အထက်တန်းစား မော်ကွန်းများဖြစ်သည်။ ဦးပုည၏နောက် [[ကင်းဝန်မင်းကြီး]]သည် ရတနာနဒီ မော်ကွန်း၊ ဓမ္မောဇမော်ကွန်းတို့ကို ရေးသားပြုစုသည်။ သို့အားဖြင့် ကုန်းဘောင်ခေတ်သည် အင်းဝခေတ်ကဲ့သို့ပင် မော်ကွန်း ထွန်းကားသော ခေတ်ဟု ဆိုရပေမည်။ ကုန်းဘောင်ခေတ် မော်ကွန်းများသည် အင်းဝခေတ် မော်ကွန်းများ အဆင့်အတန်းကို မမှီစေကာမူ မနီးရိုးစွဲ လိုက်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
==ကိုးကား==