အာသံနိုင်မော်ကွန်း: တည်းဖြတ်မှု မူကွဲများ

"အာသံနိုင်မော်က..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၁ -
အာသံနိုင်မော်ကွန်းကို [[ဘိုးတော်ဘုရား]]၊ [[ဘကြီးတော်မင်း|ဘကြီးတော်ဘုရား]]၊ [[သာယာဝတီမင်း|ရွှေဘိုမင်း]]တို့ လက်ထက် ချီးမြှင့် သူကောင်းပြုခံရသော ပညာရှိ ဝက်မစွတ်မြို့စား [[ဒုတိယနဝဒေးဒုတိယ နဝဒေး|နဝဒေး]] စီကုန်းရေးသားသည်။ ၎င်းရေးသားသော အခြားသော [[မော်ကွန်း]]များကဲ့သို့ နိဂုံးချုပ်သံပိုင် ပါဝင်သော်လည်း မည်သည့်ခုနှစ်တွင် ဆိုကြောင်း တပ်အပ်သေချာ မသိရပေ။ သို့ရာတွင် ဘကြီးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၈၄-ခုနှစ်တွင် "'ကာမရူပ၊ အသမနှင့်၊ သက္ကဝဇ္ဇီ၊ ဝေသာလီ"'ဟု ရာဇဝင်တွင် ထင်ရှားသော အာသံပြည်ကို တိုက်ခိုက်သိမ်းယူ အောင်မြင်သည်ကို ထောက်ရှု၍၎င်း၊ မော်ကွန်းစာကိုယ်နိဂုံးတွင် "ဗိုလ်ပွဲပြန်တွင်၊ အောင်ဘန်ပွားစီး၊ များလေပီးသား၊ [[မဟာဗန္ဓုလ|မင်းကြီးမဟာဗန္ဓုလ]]၊ သေနကကို၊ နေကျသီးသန့်၊ ဝန်ကြီးခန့်၏။”ဟူ၍ ပါရှိသည်ကို ထောက်ရှု၍၎င်း၊ ရတနာသီခ ဒုတိယမဟာရာဇဝင်ကြီးတွင် ၁၁၈၄-ခု၊ တပေါင်းလဆန်း (၁၂)ရက်နေ့တွင် မင်းကြီးမဟာဗန္ဓုလကို အဂ္ဂမဟာသေနာပတိ ဝန်ကြီးခန့်ကြောင်း ပါရှိသဖြင့် ၎င်းနောက်မှ ဤ အာသံနိုင်မော်ကွန်းကို ရေးသားသည်ဟု ယူဆသင့်သည်။ <ref>မြန်မာနိုင်ငံ သုတေသနအသင်း၊ စာစု-၃၆၊ ဝက်မစွတ်နဝဒေး၏ အာသံနိုင်မော်ကွန်း၊ တည်းဖြတ်သူ မဟာဝိဇ္ဇာဘွဲ့ရ-ဦးစိန်ဝင်း၊ စတုတ္ထအကြိမ် (၁၉၅၈-ခု)၊ ဟံသာဝတီ စာအုပ်တိုက်</ref>
ရတနာသီခ ဒုတိယမဟာရာဇဝင်ကြီးတွင် ၁၁၈၄-ခု၊ တပေါင်းလဆန်း (၁၂)ရက်နေ့တွင် မင်းကြီးမဟာဗန္ဓုလကို အဂ္ဂမဟာသေနာပတိ ဝန်ကြီးခန့်ကြောင်း ပါရှိသဖြင့် ၎င်းနောက်မှ ဤ အာသံနိုင်မော်ကွန်းကို ရေးသားသည်ဟု ယူဆသင့်သည်။ <ref>မြန်မာနိုင်ငံ သုတေသနအသင်း၊ စာစု-၃၆၊ ဝက်မစွတ်နဝဒေး၏ အာသံနိုင်မော်ကွန်း၊ တည်းဖြတ်သူ မဟာဝိဇ္ဇာဘွဲ့ရ-ဦးစိန်ဝင်း၊ စတုတ္ထအကြိမ် (၁၉၅၈-ခု)၊ ဟံသာဝတီ စာအုပ်တိုက်</ref>
==ကိုးကား==