ရွှေဘိုမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
Fixed typo
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၆၂ -
 
အလောင်းမင်းတရားကြီးသည် ''ရွှေဘုံအောင်မြို့၊ ရွှေမြို့ကျုံးဝန်း၊ နတ်ကွန်းရေကန်၊ ချိန်မှန်ပဟိုရ်၊ ရွှေချက်သို'' ဟုသော စာဆိုအတိုင်း မြို့တော်၊ ကျုံးတော်၊ နတ်ကွန်းတော်၊ ရေကန်တော်၊ ပဟိုရ်စင်၊ မင်းတရားကြီး ချက်မြှုပ်ရာ၌ တည်သော ရွှေချက်သိုဘုရား ခုနစ်ဌာနကို တစ်ပြိုင်တည်း တည်ခဲ့လေသည်။ အလောင်းမင်းတရားကြီး နတ်ရွာစံလွန်သောအခါ သားတော်နောင်တော်ကြီးမင်းမှ စ၍
ကုန်းဘောင်မင်း အဆက်ဆက်သည် စစ်ကိုင်း၊ အင်းဝ၊ အမရပူရ၊ မန္တလေးမြို့များ၌ ရွေ့ပြောင်းနန်းတည် စိုးစံခဲ့ကြ သော်လည်း ရွှေဘိုမြို့သည် တိမ်ကောမသွားဘဲ၊ စစ်ရေးပေါ်တိုင်း အောင်မြေနင်းရာဌာနအဖြစ် ထင်ရှားလျက် ရှိသည်။ ဘိုးတော်ဘုရားသည်၎င်း၊ သာယာဝတီမင်းသည်၎င်း၊ မင်းတုန်းမင်းသည်၎င်း ထီးနန်း လုပ်ကြံရာတွင် ရွှေဘိုမြို့၌ အောင်မြေ နင်းခဲ့ကြလေသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်သည့်အခါ သူကျွန်မခံလိုသောစိတ်ဓာတ်သူ့ကျွန်မခံလိုသောစိတ်ဓာတ် ပြင်းထန်သည့် ဒေသဖြစ်သော ရွှေဘိုမြို့တစ်ဝိုက်ကို အနှိမ်နင်းရ အခက်ဆုံးဟု ဆိုကြသည်။
 
== ရွှေဘိုမြို့ နှင့် အမည်များ ==