ဒဂုန်နတ်ရှင်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၃ -
မဂ္ဂဇင်းများတွင်လည်း "ပျဉ်းမနား ဦးမောင်မောင်ကြီး"၊ "မန်းကြည်" ကလောင် အမည်များဖြင့် ကဗျာများ၊ ဝတ္ထုတိုများ ရေးသည်။ ဒဂုန် မဂ္ဂဇင်းသို့ ကဗျာများ ရေးသား ပေးပို့ရာ မဂ္ဂဇင်း မန်နေဂျာက "ဒဂုန်နတ်ရှင်" ဟူ၍ ကလောင်အမည် မှည့်ပေးရာမှ ထိုအမည်ကို လက်ခံ သုံးစွဲသည်။
 
ရန်ကုန် မြန်မာအဆွေ ရုပ်ရှင် ကုမ္ပဏီက ရိုက်သော ဇာတ်ကားများအတွက် သီချင်းများကို ပျဉ်မနားမှပျဉ်းမနားမှ ရေးသားပေးပို့ရာ ကုမ္ပဏီက နှစ်သက်သည့်အတွက် [[ရန်ကုန်မြို့|ရန်ကုန်]]သို့ ခေါ်သဖြင့် ၁၉၂၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ပြီး ဒဂုန်မဂ္ဂဇင်းတွင် လက်ထောက်အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ မြန်မာအဆွေ အတွက်လည်း ရုပ်ရှင် ဇာတ်ညွှန်းများ ရေးရသည်။ [[အိန္ဒိယနိုင်ငံ]]သို့ သွားရောက်၍ ရုပ်ရှင် ရိုက်ရာတွင် လိုက်ပါ သွားခဲ့ဖူးသည်။ ၁၉၃၃ ခုနှစ်တွင် ဒဂုန် မဂ္ဂဇင်းတိုက်မှ နုတ်ထွက်သည်။
 
ထို့နောက် ဗဟိုသိပ္ပံ မဂ္ဂဇင်းတွင် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်း၊ တိုးတက်ရေး မဂ္ဂဇင်း၊ ဆယ်သန်း ဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် လည်းကောင်း၊ မောရိယ နေ့စဉ် သတင်းစာ၊ ရန်ကုန် နေ့စဉ် သတင်းစာနှင့် စတူးဒင့်ဝေါ အင်္ဂလိပ် သတင်းစာတို့တွင် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။