အက်ဆစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
[[File:Zn reaction with HCl.JPG|thumb|ဇင့်သတ္တု [[ဟိုက်ဒရိုကလိုရစ် အက်ဆစ်]] ဖြင့် ဓာတ်ပြုနေပုံ]]
'''အက်ဆစ်''' ဆိုသည်မှာ ဘေ့စ်နှင့် ဓာတ်ပြုသော အရာကို ခေါ်သည်။ အများအားဖြင့် အက်ဆစ်တို့သည် ချဉ်သောဓာတ်ရှိခြင်း၊ [[ကယ်လဆီယမ်|ကယ်လ်စီယမ်]] ကဲ့သို့သော သတ္တုများ ဆိုဒီယမ် ကာဘွန်နိတ် ကဲ့သို့သော ဘေ့စ်များဖြင့် ဓာတ်ပြုနိုင်ခြင်း စသော ဂုဏ်သတ္တိများ ရှိသည်။ အက်ဆစ်ရည် တွင် [[ပီအိတ်ချ် စကေး]] ၇ ထက် နည်းပြီး ပီအိတ်ချ် စကေး ပိုမို လျော့နည်း သည်နှင့်အမျှ အက်ဆစ်ဓာတ်သည် ပို၍ ပြင်းထန်လာသည်။ အက်ဆစ်သည် လစ်တမတ် စက္ကူ အပြာရောင်ကို အနီရောင်သို့ ပြောင်းလဲနိုင်သည်။ အက်ဆစ်၏ ဂုဏ်သတ္တိရှိသော ဓာတုပစ္စည်းများ သို့မဟုတ် အခြားပစ္စည်းများကို အက်ဆီဒစ် (acidic) ဖြစ်သည်ဟု ခေါ်ကြသည်။
 
အက်ဆစ်အတွက် ထင်ရှားသော ဥပမာများမှာ ရှာလကာရည်တွင် ပါဝင်သော အက်ဆီတစ် အက်ဆစ် (acetic acid)၊ [[ကား|မော်တော်ကား]] ဘက်ထရီတွင်[[ဓာတ်အိုး|ဘက်ထရီ]]တွင် သုံးသော [[ဆာလဖျူရစ် အက်ဆစ်]] နှင့် မုန့်ဖုတ်ရာတွင် အသုံးပြုသော တာတာရစ် အက်ဆစ် တို့ ဖြစ်ကြသည်။ ထိုဥပမာများတွင် တွေ့ရသည့် အတိုင်း အက်ဆစ်သည် ပျော်ရည်၊ အရည် သို့မဟုတ် အခဲ အဖြစ် ရှိနေနိုင်သည်။ ဟိုက်ဒရိုဂျင် ကလိုရိုက်ကဲ့သို့သော ဓာတ်ငွေ့များသည်လည်း အက်ဆစ်ဖြစ်ကြသည်။ အက်ဆစ်အပြင်းစားများနှင့် အားပြင်းသော အက်ဆစ်အပျော့စားများသည် တိုက်စား တတ်ကြသော်လည်း ကာဘိုရိန်း နှင့် ဘိုရိန်း အက်ဆစ် ကဲ့သို့သော မတိုက်စားတတ်သော အက်ဆစ်များလည်း ရှိသည်။
 
[[Category:အက်ဆစ်များ]]