မောင်ဇေယျာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၂ -
နတ်မောက်မြို့ ဗိုလ်ချုပ် အထိမ်းအမှတ် အစိုးရ အထက်တန်းကျောင်းမှ ဆယ်တန်း အောင်မြင်သည်။ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ စာကြည့်တိုက် ပညာဘွဲ့လွန် ဒီပလိုမာနှင့် မဟာဝိဇ္ဇာဘွဲ့များ ရခဲ့သည်။ ၁၉၉၂ ခုနှစ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးဆောင် ဖွင့်လှစ်သော စာကြည့်တိုက်ပညာ လေးလ သင်တန်းတွင် ပထမ ရခဲ့သည်။ ၁၉၉၃-၉၅ ခုနှစ်၊ စာကြည့်တိုက် ပညာ ဘွဲ့လွန် ဒီပလိုမာတွင် ပထမရ၍ ပထမဆုံး 'ဆရာဇော်ဂျီဆု' ချီးမြှင့်ခြင်း ခံရသည်။ စာကြည့်တိုက်ဆိုင်ရာ 'မြန်မာရာမ စာစုစာရင်း' (၁၉၉၃)၊ 'ဧချင်း စာစုစာရင်း' (၁၉၉၅)၊ 'သခင်ဘသောင်း စာစုစာရင်း' (၁၉၉၅)၊ 'ပျူစာစု စာရင်း' (၁၉၉၇)၊ 'အမျိုးသား စာကြည့်တိုက်ရှိ ၁၉၀ဝ ပြည့်နှစ် မတိုင်မီ မြန်မာ စာအုပ်များ စာစုစာရင်း' (၂၀၀၆) တို့ ပြုစုခဲ့သည်။ 'ဆရာကြီး ဦးဖေမောင်တင် စာစုစာရင်း' ပြုစုရေး အဖွဲ့တွင် ပါဝင် ဆောင်ရွက် ခဲ့ပါသည်။
 
၁၉၉၁ ခုနှစ်မှ စတင်၍ စာနယ်ဇင်းများတွင် စာပေ - ယဉ်ကျေးမှု သမိုင်း - အတ္ထုပ္ပတိ္တ ဆိုင်ရာအတ္ထုပ္ပတ္တိဆိုင်ရာ ဆောင်းပါးပေါင်း ၂၀ဝ ကျော် ရေးသားခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မိုးမဂ္ဂဇင်းပါ 'မြန်မာပညာရှင်များ' ဆောင်းပါးများဖြင့် 'မန္တလေး ထန်းရိပ်ညို စာပေဆု' ချီးမြှင့်ခံရသည်။ ပုံနှိပ် ထုတ်ဝေပြီး စာအုပ်များမှာ 'မြန်မာလူကျော် ၁၀၀' (၂၀၀၃)။ 'စာပေသမိုင်း ပုဂ္ဂိုလ်ရေး အတွေးအမြင်များ' (၂၀၀၃) တို့ ဖြစ်သည်။
 
ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသား စာကြည့်တိုက်တွင် လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လတွင် မိမိဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ယခုအခါ 'Wave' မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင် တဦး အဖြစ် စာပေ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပါသည်။