ပထမ ကမ္ဘာစစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
→‎၁၉၁၅ ခုနှစ်အတွင်း စစ်အခြေအနေ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆၉ -
အရှေ့ဘက် စစ်မျက်နှာ မြောက်ဘက်တွင် ဗွန်ဟင်ဒင်ဗတ်၏ ဂျာမန်စစ်တပ်များသည် မဆူးရီယန်အိုင်များ ဒေသတစ်ဝိုက်၌ အရေးသာနေကြသည်။[[File:Sarikam.jpg|thumb|150px|ဆာရီကာမစ်ရှ်တောအုပ်တွင်းမှ ရုရှားကတုတ်ကျင်း]]
 
တောင်ဘက်တွင် ပထမသော်[[ရုရှားနိုင်ငံ|ရုရှား]]သည် စစ်ရေးလှခဲ့သည်။ ဩစတြီးယားတပ်များရုရှားတပ်များ ဂလစ်ရှာနယ်ကိုဖြတ်၍ ဟန်ဂေရီနိုင်ငံထဲသို့ပင် ဝင်နိုင်ခဲ့သည်။ သို့သော် ၁၉၁၅ ခုနှစ် နွေရာသီတွင် ဂျာမန်နှင့် ဩစတြီးယားတပ်များ ပူးပေါင်း၍ ရုရှားတို့အား ဂလစ်ရှာနယ်ထဲမှ အထူးအောင်မြင်စွာ မောင်းထုတ်လိုက်သည်။ ထိုအခါ နစ်ကလပ် မင်းသားကြီးနေရာတွင် ရုရှားဇာဘုရင်ကိုယ်တိုင် ထိုတပ်များကို ကွပ်ကဲတိုက်ခိုက်လေသည်။
 
ရုရှားအား ဗဟိုနိုင်ငံများ၏ ဖိနှိပ်ခြင်းမှ သက်သာရာရစေရန် မဟာမိတ်တပ်များသည် တူရကီပိုင် ဒါးဒနဲရေလက်ကြားမှ ဂလစ်ပိုလီကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူရန် ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် မအောင်မြင်သည့်အပြင် ဗော်လကန်ပြည်နယ်များ၏ အထင်သေးခြင်းကိုပင် ခံရလေသည်။ ဩစတြီးယားသည် ဆားဗီးယားကို တိုက်ခိုက်ခဲ့ရာတွင် မျှော်လင့်သလောက် မလွယ်ကူလှချေ။ ဩစတြီးယားတို့က ဆားဗီးယားမြို့တော် ဗဲလ်ဂရိတ်မြို့ကို သိမ်းပိုက်ခဲ့သော်လည်း ဆားဗီးယားတို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မကြာမီ [[အူရောင်ငန်းဖျားရောဂါ]] ကျရောက်သဖြင့် ဆားဗီးယားတပ်များ အတော်ပင် အင်အားနည်းသွားလေသည်။