မျိုးမြင့်ညိမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး စာလုံးပေါင်းပြင်
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၇ -
၁၉၈၈ လူထုလှုပ်ရှားမှုတွင် စာ‌ပေနှင့်အနုပညာရှင်များအဖွဲ့၌ ပါဝင်ခဲ့ပြီး ၁၉၈၈ တွင် [[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]] မှတ်တမ်းလွှာစာ‌စောင် အုပ်ချုပ်‌ရေးအယ်ဒီတာအဖြစ် တာဝန်ယူသည်။
၁၉၉ဝ နိုင်ငံ‌ရေးလှုပ်ရှားမှုများတွင် စာ‌ရေးဆရာ [[မင်းလူ]]‌ရေးသားသည့် ဘာ‌တွေဖြစ်ကုန်ကြပြီလဲ ကဗျာထုတ်‌ဝေဖြန့်ချိမှုဖြင့် ‌ထောင်ဒဏ် (၇)နှစ် ချမှတ်ခံရသည်။အကျဉ်း‌ထောင်အတွင်း သတင်းမှန်များရရှိ‌ရေးနှင့် ပြင်ပကမ္ဘာနှင့် အဆက်မပြတ်နိုင်‌ရေး ကြိုးပမ်းမှုအဖြစ် "သတင်းမှတ်တမ်းလွှာ"စာ‌စောင်ကို အကျဉ်းကျလုပ်‌ဖော်ကိုင်ဖက်များနှင့်အတူ ကြိုးပမ်းထုတ်‌ဝေမှုဖြင့်၎င်း၊ အင်းစိန်‌ထောင်အတွင်း တရားမဲ့ညှင်းပန်းနှိပ်စက်မှုများကို ကမ္ဘာ့ ကုလသမဂ္ဂသို့ စာဖြင့်‌ရေးသား‌ပေးပို့ခဲ့၍၎င်း၊ ၁၉၉၃ နိုင်ငံတကာ လူ့အခွင့်အ‌ရေးညီလာခံ ကျင်းပသည့် ဩစတြီးယားနိုင်ငံသို့ သဝဏ်လွှာ‌ပေးပို့ခဲ့၍၎င်း၊ အခြား‌သော အကျဉ်းသား ဆိုင်ရာအခွင့်အ‌ရေးများ‌တောင်းဆိုမှု‌ကြောင့်၎င်း၊ ၁၉၉၆ ခုနှစ်တွင် အကျဉ်း‌ထောင်အတွင်း ‌နေရင်းမှပင် ‌နောက်ထပ် (၇)နှစ် ထပ်မံအကျဉ်းချခံရသည်။
၂ဝဝ၁ ခုနှစ်တွင် က‌နေဒါနိုင်ငံ ဃဲင်္နthe Canadian Journalists for Freedom of Expression (CJFE) မှ လွတ်လပ်စွာ‌ရေးသားခွင့်ဆိုင်ရာ စာ‌ပေဆု ချီးမြင့်သည်။ ၂ဝဝ၂ ခုနှစ်တွင် နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ လက်မှတ်‌ရေးထိုး‌တောင်းဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာပီနဲရိုးမှ မြန်မာနိုင်ငံအစိုးရသို့ ‌ပေးအပ်ခဲ့ပြီး‌နောက် ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်တွင် [[သာယာဝတီအကျဉ်း‌ထောင်]]မှ လွတ်‌မြောက်ခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ခဲ့ပြီး‌နောက် အစ်ကိုဖြစ်သူ အယ်ဒီတာချုပ် [[ဝင်းငြိမ်း|ဦးဝင်းငြိမ်း]]၏ တာဝန်‌ပေး ချက်အရ ‌ရွှေအမြု‌တေမဂ္ဂဇင်းတွင် အမည်‌ဖော်ပြခြင်းမခံရ‌သော အယ်ဒီတာတာဝန်ယူသည်။ အလင်းတန်းဂျာနယ်တွင် ၂ဝဝ၄ ခုနှစ်မှစ၍၎င်း၊ ဖူးငုံဆယ်‌ကျော်သက်မဂ္ဂဇင်းတွင် ၂ဝဝ၃ ခုနှစ်မှ စ၍‌သော်၎င်း တာဝန်ယူခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ပြီး ၁ဝ နှစ်အကြာ ၂ဝ၁၂ ခုနှစ်တွင် မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်ကို ထူ‌ထောင်ပြီး တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက်ရှိပြီး ‌ရွှေအမြု‌တေမဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တို့ကိုပါ တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက် ရှိသည်။
 
[[ပဲန်မြန်မာ]]စင်တာကို မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစေရန် အဓိက ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် [[ပဲန်မြန်မာ]]စင်တာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပထမအကြိမ်နှစ်ပတ်လည် ညီလာခံတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည် ။ သက်တမ်း(၃)နှစ်ပြည့်မြောက်သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံရွေးကောက်ခံခဲ့ရပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
စာကြောင်း ၁၃ -
စာပေညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ နှစ်ပေါင်းများစွာ အတွင်း စာပေညီလာခံကို ပထမအကြိမ်အဖြစ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ - ၁၇ အထိ ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ယင်းစာပေညီလာခံ ကျင်းပရာတွင် စာပေအဖွဲ့အစည်း (၁) ခု ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုမျှသာမက တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ စုပေါင်းနေထိုင်သည့် ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် ဖယ်ဒရယ် စနစ်ဆိုင်ရာ သိကောင်းဖွယ်ရာများကို စာရေးဆရာ ၊ ကဗျာဆရာ ၊ အနုပညာရှင်များစွာဖြင့် ပူးပေါင်း၍ တိုင်းနှင့် ပြည်နယ် များတွင် အသိပညာပေး ၊ ဗဟုသုတ ဖြန့်ဝေသည့် ရသပြည်ထောင်စုသစ် ဟူသော လှုပ်ရှားမှုတစ်ခု ကို အကောင်အထည်ဖော်ခဲ့သည်။
 
ပဲန်မြန်မာ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်သည့် ၊ အသိပညာပေးသည့် အလုပ်ရုံဆွေးနွေးပွဲများကို အရပ်ဘက်အဖွဲ့အစည်းများ ၊ မီဒီယာအသင်းအဖွဲ့များ ဖြင့်လည်းကောင်း ၊တိုင်းနှင့် ပြည်နယ်အသီးသီးသို့ သွားရောက်၍ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များတွင် ဥပဒေပ​ြုဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွတ်လပ်ပွင့်လင်းသည့် အသိပညာဖလှယ် ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ခဲ့သည်။
 
ဇနီး ‌ဒေါ်ဝင်း‌ဌေး၊ သားဇာနည်မျိုးမြင့်ညိမ်း၊ သမီး ဒါလီမျိုးမြင့်ညိမ်း၊ သားဘိုမျိုးမြင့်ညိမ်း၊ ‌မြေး ဟန်နီညိမ်း၊ အဂ္ဂမျိုးမြင့်ညိမ်းတို့နှင့်အတူ ရန်ကုန်မြို့တွင် ‌နေထိုင်လျက်ရှိသည်။