ငါးပိ: တည်းဖြတ်မှု မူကွဲများ

→‎ငါးပိ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ငါးပိမျိုးခွဲများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၆ -
မျှင်ငပိကို မျှင်(ခေါ်)ဂွေးကောင်လေးများဖြင့် ပြုလုပ်သည်။ ရရှိသည့် ရေမြေဒေသအပေါ်မူတည်၍ အရောင်၊ အရည်အသွေး ကွဲပြားတတ်သည်။ မြစ်ချောင်းများမှ ဖမ်းဆီးရမိသော မျှင်ကောင်ငယ် ကလေးများမှာ ဖြူဖျော့ဖျော့နှင့် နုံးမြေမှုန်ကလေးများ ကပ်ငြိပါလာတတ်သည်။ ဆားငန်ရည်ပြင်းသော ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော မျှင်ကောင်အငယ်လေးများမှာမူ ပန်းရောင်ဖျော့ဖျော့ ရှိတတ်သည်။ မျှင်ကောင်ငယ်ကလေးများမှာ နူးညံ့လွန်းသဖြင့် ထု၊ ထောင်း၊ကြိတ်လိုက်သည်နင့် လွယ်လင့်တကူ ကြေညက်သွားလေ့ရှိသည်။ ရေတွင် လွယ်လင့်တကူ ပျော်ဝင်နိုင်သည်။
 
ငါးငပိ၊ ပုစွန်ငပိ၊ မျှင်ငပိဟူ၍ ကွဲပြားခြားနားလေရာ တန်ဖိုးသည်လည်း ကွာခြားသည်။ အလားတူ ငပိပြုလုပ်သူ၏ စေတနာသက်ရောက်မှုအပေါ်မူတည်ပြီး အရသာရော အနံ့အသက်ပါ ကွဲပြားနိုင်ပါသည်။ သန့်စင်ကောင်းမွန်ပြီး အရသာရှိသော မျှင်ငပိကို ငပလီကမ်း‌ေြခ၊ငပလီကမ်းခြေ၊ ဂျိတ္တောကျေးရွာမှ ရနိုင်သည်။
 
=== စိမ်းစားငါးပိ ===
စာကြောင်း ၄၅ -
 
=== ဒမင်းငါးပိ ===
ဒမင်းငါးပိမှာ ဒမင်းထောင်၍ရသော ငါးကလေး အမျိုးမျိုးတို့ကို နေလှန်း၊ ဆားပက်၍ ထောင်းယူရသော ငါးပိဖြစ်သည်။ ငါးပေါသည့် အရပ်တိုင်း၍အရပ်တိုင်း၌ ဒမင်းငါးပိ လုပ်ကြသည်။
 
=== ရေကျိုငါးပိ ===
စာကြောင်း ၅၄ -
မိလာသော ငါးများကို ငါးပိလုပ်ရန်ငါးနှင့် ငါးပိကောင် လုပ်ရန်ငါးဟူ၍ ရွေးချယ်ရသည်။ ထိုနောက် ငါးပိကောင်လုပ်ရန် ငါးများကို ရေစင်တင်ရသည်။ ရေစင်တင်သည် ဆိုသည်မှာ ငါးများကို ရေးစင်ပေါ်တင်၍ ဆေးကြောခြင်းဖြစ်သည်။ ရေစင်တင်ငါးများမှာ အူ၊ အသည်း ထုတ်ပြီး၊ ခေါင်းဖြတ်ပြီး ငါးများဖြစ်သည်။ ထိုနောက် ငါးများကို ရိုင်ပတ်ထဲတွင် ထည့်၍ အပေါက်ဖောက်ထားသည့် ယောက်မနှင့် မွှေရသည်။ သို့မှသာ အကြေးစင်သည်။ ထိုနောက်တစ်ဖန် ရေစင်တင်ပြီးလျှင် အညှီနှင့် အရိအရွဲများ ကျဆင်းစေရန် ဆားပက်ပေးရသည်။ ယင်းကို ရေထုတ်ဆားပေါက်ခြင်းဟု ခေါ်သည်။ ထိုနောက် ထွန်ခြစ်၊ ခက်ရင်းတို့ဖြင့် ဆွပေးရသည်။ ဤသည်ကို ခါးချိုးသည်ဟု ခေါ်သည်။ ရေစစ်၍သွားသောအခါ ငါးများကို ရေစင်မှချ၍ အသားတွင်းသို့ ဆားဝင်စေရန် ဆားဖြူးပေးရသည်။ ဤသည်ကို ဆားကူးသည်ဟုခေါ်သည်။ ပြီးလျှင် စည်သို့သွင်းကာ အသားတစ်ထပ်၊ ဆားတစ်ထပ် သိပ်ရသည်။ ယင်းသို့ ငါးပိသိပ်ရာ၌ သစ်သားခုံဖိနပ်ဖြင့်နင်း၍ သစ်သားတုံးနှင့် ဆောင့်ပေးရသည်။ ငါးပိစည်မှာ အိမ်ခေါင်ပက်လက်ပုံ ဆောက်လုပ်ထားသည်ဖြစ်၍ ငါးပိမှကျသော [[ငံပြာရည်]]သည် ရေတံလျှောက်မှတစ်ဆင့် ငံပြာရည်အိုးထဲသို့ စီးဆင်းလေသည်။
 
ထိုနောက် ငါးပိကောင်ကို စည်မှထုတ်၍ နေသတ်ရသည်။ နေသတ်ခြင်းမှာ စည်အတွင်း၌ သိပ်ပြီးငါးကို အပြင်ထုတ်၍ နေပူလှန်းခြင်း ဖြစ်သည်။ ထိုနောက် ဆားပြန်ကူးပြီး စည်ပြန်သိပ်ရသည်။ အကယ်၍ အငန်ရည် စစ်သွားလျှင် ထပ်၍ ဆားဖြူးပေးရသည်။ အငန်လွန်လျှင် ဆန်မှုန့်ကိုဖြစ်စေ၊ ထောင်းပြီးသား ပြုတ်ဆန်ကိုဖြစ်စေ၊ ဆန်ကွဲပြုတ်ကိုဖြစ်စေ ရောပေးရသည်။
 
== ငါးပိမှ ရရှိသော အာဟာရဓာတ်များ ==