သင်္ချာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၈ -
{{cleanup}}
၁၇၇၄ ခုနစ်မှ ရှေးမြန်မာ့ သင်္ချာကျမ်းကြီး
ဂဏန်းသင်္ချာ ပညာဝဎ္ဍနကျမ်းပညာဝဍ္ဎနကျမ်း ( ၁၇၇၄ )
မြန်မာ့သိပ္ပံပညာဆိုင်ရာ ကျမ်းတွေ စာပေများသည် ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် (၁၇၈၂ - ၁၈၁၉) မှာ အခြေတကျ စပြီး ထွန်းကားလာတယ်လို့ ပညာရှင်အများက လက်ခံ ယုံကြည်ထားကြသည် ။ အဘယ့်ကြောင့် ဆိုသော် ဗဒုံမင်းသည် အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်နိုင်ငံတို့မှနေ၍ ကျမ်းပေါင်း (၂၀၀) ကျော်ကို မြန်မာနိုင်ငံသို့ ယူဆောင်စေခဲ့သည်ဟုဆိုလေသည်။ ထိုသို့ ယူဆောင်လာသော ကျမ်းများအား မြန်မာပြန်ဆိုမှုများ ပြုလုပ်ခဲ့ကြလေသည်။ ထိုသို့ ပြန်ဆိုမှုများအား ယနေ့အချိန် လက်ဆုတ်လက်ကိုင် ပြနိုင်သေးလေသည်။
မြန်မာ့သင်္ချာ ပညာသမိုင်းကြောင်းနှင့် ပတ်သက်ပြီး ကျမ်းပြုသူ အစောဆုံး ခြေရာကောက်မိသည့် သင်္ချာကျမ်းကတော့ သင်္ချာပကာသက အမည်ရှိတဲ့ ကျမ်းဖြစ်သည်။ အဲဒီကျမ်းက ၁၄ ရာစု နှစ်ဦးပိုင်းကတည်းက ယိုးဒယားနိုင်ငံက တဆင့် မြန်မာနိုင်ငံကို ရောက်လာတဲ့ ကျမ်းဖြစ်သည်။ ၎င်းကျမ်း၏ မူလ စာကိုယ်ကို ပြုစုတဲ့သူမှာ ယိုးဒယားနိုင်ငံ ဇင်းမယ်မြို့၌ နေသော ရှင်ညာဏဝိလာသ ဖြစ်ပါသည်။ ထိုကျမ်းကို အခြေခံပြီး ၁၅၂၀ မှာ မြစ်ငယ်တောင်ဘက် ပလိပ်ရွာ အရှေ့ရှိ မြို့သစ်မြို့နေ ရှင်သိရိမင်္ဂလက သင်္ချာပကာသကဋီကာကို ထပ်မံပြုစုပြီး တတိယ ညောင်ကန်ဆရာတော် ရှင်ကဝိန္ဒရဲ့ တပည့် ရှင် မုနိန္ဒသာရက တဖန် သင်္ချာပကာသက စာကိုယ်နဿယကိုစာကိုယ်နိဿယကို ပြုစုခဲ့လေသည်။
အောက်ပါတို့မှာ ၁၇၇၄ ခုနှစ်၌ ရေးသားခဲ့သော ဂဏန်းသင်္ချာ ပညာဝဎ္ဍနကျမ်းလို့ပညာဝဍ္ဎကျမ်း ၌ ပါရှိသည်တို့အား အခြေခံထားပါသည်။ ဤကျမ်းစသည် မြန်မာ့သိပ္ပံ ပညာသမိုင်းအတွက် အရေးပါတဲ့ အထောက်အထားတစ်ခု ဖြစ်သည့်အပြင် ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် လူပုံအလယ်၌ မျက်နှာမငယ်စေဘဲ ဂုဏ်ယူဝင့်ကြွားထိုက်တဲ့ ကျမ်းတစ်ဆူလည်း ဖြစ်ပါသည်။ ထို့ကြောင့်ဤကျမ်းမှာ ပါသည့် အချက်အလက်တချို့ကို အကျဉ်းမျှလောက်အား ဗဟုသုတ ရရှိစေရန်အတွက် ပြန်လည်ဖော်ပြထားပါသည်။
 
ဂဏန်းသင်္ချာ ပညာဝဎ္ဍနကျမ်းဟာပညာဝဍ္ဎနကျမ်းဟာ အပိုင်းလေးပိုင်း ခွဲခြားပြီး ဥပမာပေး နမူနာ ပုစ္ဆာပေါင်း ၁၇၅ ပုဒ်ကို တွက်နည်း အဖြေနဲ့တကွ စုံစုံလင်လင် ပြုစုထားတယ်။
ပထမပိုင်းမှာ သင်္ချာပညာရပ်အတွက် အဓိကဖြစ်တဲ့ `ရေတွက်ခြင်း ဂဏန်းသင်္ချာ´ ခေါင်းစဉ်နဲ့ အလေးချိန်၊ အကွာအဝေး၊ ထုထည်၊ အချိန်နာရီ တွေကို တိုင်းတာတဲ့ ယူနစ်ကိန်းသင်္ချာ အကြောင်းနဲ့ ခု ကနေ အသင်္ချေ (တစ်နောက်က သုည အလုံး ၁၄၀) တိုင်အောင် ရေတွက်ခေါ်ဝေါ်ပုံ နည်းစနစ်ကို ဖော်ပြထားတယ်။
ဒုတိယပိုင်းမှာ `ဂဏန်းဆယ်ပါး´ ခေါင်းစဉ်နဲ့ စပါးတွက်၊ ဆန်တွက်၊ ရွှေတွက်၊ ငွေတွက်၊ ဆီမီးတွက်၊ ရထားတွက်၊ သစ်ပင်တွက်၊ လှေတွက်၊ သားရေတွက်၊ မြေတွက် ဆိုပြီး လုပ်ငန်းအလိုက် တိုင်းထွာတွက်ချက်နည်းကို ဥပမာ ပုစ္ဆာပေါင်း ၉၈ ပုဒ်နဲ့ ဖော်ပြထားတယ်။
စာကြောင်း ၃၁ -
`သိင်္ဃနိတ်ရွှေ ၄ိ ၂ ံ ၂ ဆံ ၃ နှံ့ (နှမ်း) ၁ မုံညင်(း) ၆ သံခေါင် (သန်းခေါင်း) ၂ ကညစ်ချေကို ၃ိ ၃ူ ၁ဲ ၄ ံ ၂ ဆံ ၂ နံ ၁ မုံညင် ၃ သံခေါင် ၂ ကညစ်ချေ တင်အောင် လှေ (လှော်) မှ ဇမ္ဗူရဇ်ရွှေ ဖြစ်၏။´
ရေဂဏန်းကို ဖော်ပြတဲ့နေရာမှာ ထုထည်ရှာပုံတွေ၊ ရေကန်ကနေ ရေထုတ်တဲ့အခါ ကြာမယ့် အချိန်နာရီ တွက်ပုံတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ပြထားတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို တင်ပြပေးလိုက်ပါတယ်။
ပုစ္ဆာ။ ဖလားတလုံ(း)သဉ် အဝန်(း) ခြောက်တောင် စောက် ၁င်္ (တောင်) ရေအပြဉ်ရှိ၏။ရေအပြည့်ရှိ၏။ ထိုရေကို မုံဉင်စေ့ရှိမုံဉင်းစေ့ရှိ ဖောက်သော် ဘယ်မျှလောက်သောကာ(လ)မှ ရေကုံအံ့နဉ်။
အဖြေ။ ၃ လနှင့် ၂ ရက် ၉ နာရီ နှစ်ပါဒ် ၆၂ ဗီဇနာမှ ရေကုန်၏။
ဆီမီးဂဏန်း တွက်နည်းထဲမှာလည်း ထုထည်ရှာနည်းကို အခြေခံပြီး ဖယောင်းတုံးကြီးကနေ ဖယောင်းတိုင်တွေ ပြုလုပ်ရင် ရလာမယ့် ဖယောင်းတိုင် အရေအတွက်ကို ရှာတဲ့နည်းတွေ၊ ဖယောင်းတိုင်ကို မီးထွန်းရင် အချိန်ဘယ်လောက်ကြာမှ ကုန်မလဲလို့ တွက်တဲ့နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ဖော်ပြထားတယ်။