မအူပင်မြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂ -
မအူပင်မြို့သည် [[ဧရာဝတီတိုင်း]]တွင်ပါဝင်သော [[မအူပင်ခရိုင်]]၊ မအူပင်နယ်၊ မအူပင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ [[ဧရာဝတီမြစ်]]ဝကျွန်းပေါ်တွင် [[တိုးမြစ်]]၏ လက်ယာဘက်ကမ်းပေါ်၌ တည်ရှိ၍၊ [[ရန်ကုန်မြို့]]မှ ၄၆ မိုင်မျှသာဝေးသောကြောင့် ရန်ကုန်နှင့် နေ့ချင်းပြန် ခရီးပေါက်ရကား အသင်းအဖွဲ့များသည် ရန်ကုန်မှ မအူပင်မြို့သို့ အပန်းဖြေ နေ့ချင်းပြန်ပျော်ပွဲစားယင်း ခရီးအဖြစ် တပျော်တပါးသွားလာတတ်ကြပေသည်။ မအူပင်မြို့သည် ခရိုင်ဝန် ရုံးစိုက်သောမြို့ဖြစ်သည့်အလျောက် ခရိုင်အုပ်ချုပ်ရေး အရာရှိကြီးများ၏ ရုံးများ၊ ဆေးရုံ၊ အထက်တန်းကျောင်းများနှင့် အကျဉ်းထောင် စသည်တို့ရှိသည်။ မအူပင်မြို့၏ မြူနီစီပယ်အုပ်ချုပ်ရေးကို ခရစ် ၁၈၈၈ ခုနှစ်တွင် စတင်ခဲ့၍ မြို့ရွာသန့်ရှင်း စည်ပင်ရေးကို ဆောင်ရွက်ခဲ့သည်။ မအူပင် ဆိပ်ကမ်းတွင် များသောအားဖြင့် [[မြစ်ဝကျွန်းပေါ်]]ရှိ မြို့ကြီးများသို့သွားသောသင်္ဘောများသည် လည်းကောင်း၊ [[မန္တလေး]]သို့သွားသော သင်္ဘောများသည် လည်းကောင်း ဆိုက်ကပ်သောကြောင့် စည်ကားသော ဆိပ်ကမ်းမြို့ဖြစ်သည်။
 
မအူပင်မြို့မှ [[ငှက်ပျောသီး]]၊ [[သင်္ဘောသီး]] စသည့် ဟင်းသီးဟင်းရွက်များနှင့် [[ပုဇွန်]]၊ [[ငါးသလောက်]] စသည့်သားငါးများ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ၏။ [[ဆန်စပါး]]လုပ်ငန်းနှင့် [[ငါးပိ၊ငါးပိ]] ၊[[ငါးခြောက်]] လုပ်ငန်းလည်း ထွန်းကား၏။ သို့သော် ရှေးကတည်းကပင် မအူပင်မြို့သည် [[ခြင်]]ပေါသည်ဟု နာမည်ရသောမြို့ဖြစ်၏။
 
မအူပင်မြို့မှ ခရိုင်အတွင်းရှိ မြို့များသို့ သွားလာရာတွင် ရေလမ်းကို အားကိုးရ၏။ မအူပင်မှ အနောက်ဘက် ၉ မိုင်ကွာဝေး သည့် ရေလဲကလေးရွာသို့ ကျောက်ခင်းလမ်းရှိ၏။