စိုက်ဆင်းလေပြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
→‎ဖွင့်ဆိုရှင်းပြချက်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၈ -
[[File:Microburst_-_NOAA.jpg|thumb|The curl phase soon after an intense microburst hit the surface|left]]
[[File:Downburst_damage.jpg|right|thumb|Downburst damages in a straight line. (Source NOAA)]]
စိုက်ဆင်းလေပြင်းတခုသည် နိမ့်ဆင်းလာသော လေတိုင်တခုကြောင့် ဖြစ်ပေါ်လာပြီး၊ မြေပြင်နှင့် ထိတွေ့သော် အရပ်ရှစ်မျက်နှာသို့ ပြန့်နှံ့သွားကာ တနာရီလျှင် ၁၅၀ မိုင် တနည်း၊ တနာရီလျှင် ၂၄၀ ကီလိုမီတာ ကျော်သော မျဉ်းဖြောင့်အတိုင်း တိုက်ခတ်သည့် ဖျက်ဆီးအားရှိ တိုက်လေကို ထုတ်ပေးသည်၊ မကြာခဏပင် ထိခိုက်ပျက်စီးမှုများသည် [[လေဆင်နှာမောင်း]] တိုက်သည်နှင့် ဆင်တူသော်လည်း စိုက်ဆင်းလေပြင်း တိုက်ကြောင်းကိုမူ ခွဲခြားနိုင်သည်။ ဤသည်မှာ စိုက်ဆင်းလေပြင်း ၏ သွင်ပြင်လက္ခဏာသည် လေဆင်နှာမောင်းနျင့်လေဆင်နှာမောင်းနှင့် လုံးလုံး ကွဲပြားသောကြောင့် ဖြစ်သည်။ စိုက်ဆင်းလေပြင်း ပျက်စီးမှုသည် ဆင်းသက်လာသော လေစိုင်သည် မြေမျက်နှာနှင့် ရိုက်မိသော် ပြန့်နှံ့သွားသောကြောင့် ဗဟိုအမှတ်မှ ဖြာထွက် ပျက်စီးသော်လည်း၊ လေဆင်နှာမောင်း ပျက်စီးမှုကမူ လည်ပတ်တိုက်ခတ်သော လေနှင့်အတူ တသမတ်တည်း တနေရာတည်း၌ ပေါင်းဆုံ ပျက်စီးသည်။ လေဆင်နှာမောင်း ပျက်စီးပုံနှင့် စိုက်ဆင်းလေပြင်း ပျက်စီးပုံကို ခွဲခြားနိုင်ရန်၊ '''မျဉ်းဖြောင့်တိုက်လေများ'''ဟုသောဟူသော ဝေါဟာရကို မိုက်ခရိုလေပြင်းကြောင့် ပျက်စီးမှု၌ အသုံးချသည်။
 
စိုက်ဆင်းလေပြင်းသည် မိုးကြိုးမုန်တိုင်း(လေမုန်တိုင်း)မှ သီးခြား ပြင်းထန်သော အောက်စိုက်စီးကြောင်း ဖြစ်သည်။ မိုးရွာခြင်း မရှိ၊ သို့မဟုတ် ရွာသော်လည်း အောက်မရောက်မီ အငွေ့ပျံသွားသော ဗာဂရွာခြင်း ပါဝင်သော စိုက်ဆင်းလေပြင်းကို ခြောက်သွေ့စိုက်ဆင်းလေပြင်းဟု ခေါ်ပြီး၊<ref name="micro">Fernando Caracena, Ronald L. Holle, and Charles A. Doswell III. </ref> ရွာကျခြင်း လိုက်ပါလာသည့် ဟာကိုမူ စိုစွတ်စိုက်ဆင်းလေပြင်းဟု ခေါ်သည်။ စိုက်ဆင်းလေပြင်း အများစုသည် ခွင်အားဖြင့်၊ ၄ ကီလိုမီတာ (၂.၅ မိုင်) ထက် နည်းသော်၊ ၎င်းတို့ကို မိုက်ခရိုလေပြင်းဟု ခေါ်သည်။<ref name="Macroburst">Glossary of Meteorology. </ref> ခွင်အားဖြင့် ၄ ကီလိုမီတာ (၂.၅ မိုင်) ထက် ကြီးသော စိုက်ဆင်းလေပြင်းများကို တခါတရံ မာခရိုလေပြင်းများဟု ခေါ်သည်။ စိုက်ဆင်းလေပြင်းများသည် ‌ကြီးမားသော ဧရိယာပေါ် လွှမ်းမိုးနိုင်သည်။ အလွန်အကျူး ဖြစ်စဉ်များတွင်၊ ဒယ်ရချို ခေါ်သော ကြီးမားကျယ်ပြန့်ပြီး အလျားလိုက် တိုက်ခတ်သော လေမုန်တိုင်း တမျိုးသည် ၃၂၀ ကီလိုမီတာ (မိုင် ၂၀၀) ကျယ်ပြီး၊ ၁၆၀၀ ကီလိုမီတာ (မိုင် ၁၀၀၀) ရှည်သော ဧရိယာကြီးကို ခြုံငုံနိုင်ပြီး၊ ၁၂ နာရီထက် ပို၍ ကြာရှည် တိုက်ခတ်နိုင်ကာ၊ သိပ်သည်းသော မျဉ်းဖြောင့် တိုက်လေအများစု မှ အချို့ကြောင့် ဖြစ်ပေါ်လာသည် မှန်သော်လည်း၊ ဖြစ်စဉ် ဖြစ်ပုံသည် စိုက်ဆင်းလေပြင်းများနှင့် အတန်ငယ် ကွဲပြားသည်။