ရန္တပိုစာချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
ဗန့်ကျီ ဝန်မင်းလှသီဟသူ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၄ -
၂။ ရွှေခွန်ဝန် အတွင်းဝန်။
 
အိန္ဒိယတိုင်းကို အစိုးရသော အင်္ဂလိပ်ကုမ္ပဏီ (East India Company) ဘုရင်က ခန့်ထားသော အရေးပိုင် ဗိုလ်မှူးမင်းကြီး မှူးမတ်ကြီး အာစီသောကပ်ဘက် (Archibald Campbell)၊ အရေးပိုင်မင်း ရောအစ်စံ (Robertson)၊ ဧရာဝတီမြစ်တွင်းရှိသော အင်္ဂလိပ်တိုက်၊ သမ္ဗန်များကို အုပ်စိုးသော မင်းဆက် (Capt.Richart Birch) တို့နှင့် မြန်မာရှင်ဘုရင်ခန့်ထားသော လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ရွှေခွန် (ကျီဗန့်ကျီ)ဝန် မင်းကြီးမဟာမင်းလှသီဟသူတို့က သက္ကရာဇ် ၁၁၈၇ ခု တပေါင်းလပြည့်ကျော် ၄ ရက်နေ့ (ခရစ် ၁၈၂၆ ခု ဖေဖော်ဝါရီလ ၂၄ ရက်)၊ (ရန္တပို)မှာတွေ့၍ ကုမ္ပဏီမင်း၊ မြန်မာဘုရင်အချင်းချင်း စစ်ငြိမ်း၍ မိတ်သဟာယဘွဲ့သော စာချုပ်စကား။<ref>ဆရာမောင်ခင်ညွန့်၊ရန္တပိုစာချုပ်၊ကျိုက်လတ်မြို့ခါတော်မှီပိဋကတ်တိုက်၊ပကြိမ် ၁၉၂၃။</ref>
==စာချုပ်==
*(၁) အင်္ဂလိပ်မင်းနှင့် မြန်မာရှင်ဘုရင်တို့သည် စစ်ငြိမ်း၍ မိတ်သဟာယ အစဉ်အဆက် ဖြစ်စေ။