ဗုံးကြဲလေယာဉ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted edits by Dr Lotus Black (talk) to last revision by Ninjastrikers
 
စာကြောင်း ၄ -
''' မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ''' သည် ရန်သူ၏ ထောက်ပံ့ရေး စခန်းများ ၊ စက်ရုံများ ၊ ဆိပ်ကမ်းများ စသည့် မဟာဗျူဟာ ပစ်မှတ်များကို ခရီးဝေး ပျံသန်း တိုက်ခိုက်ရန်အတွက် ထုတ်လုပ်ပုံစံပြုထားခြင်း ဖြစ်သည်။ <br /><br /> ''' နည်းဗျူဟာ ဗုံးကြဲလေယာဉ်များ'''သည် ရန်သူ့ မြေပြင်တပ်ဖွဲ့များကို ခရီးတို တိုက်ခိုက်ရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဤအမျိုးအစားတွင် မဟာဗျူဟာ ဗုံးကြဲ လေယာဉ်များမှအပ ကျန် ဗုံးကြဲလေယာဉ် များ အားလုံး ပါဝင်သည်။ <br /><br /> ''' ဗုံးကြဲ တိုက်လေယာဉ်များ ''' သည် [[ဘက်စုံသုံး တိုက်လေယာဉ်များ]] ဖြစ်ကြပြီး ဝေဟင် - ဝေဟင် တိုက်ခိုက်ခြင်းနှင့် ဝေဟင် - မြေပြင် တိုက်ခိုက်ခြင်းများ ဆောင်ရွက်နိုင်ကြသည်။ ဗုံးကြဲတိုက်လေယာဉ် အများစုသည် မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ယင်း ဝေဟင် [[စီးချင်းထိုးခြင်း]] များကိုပါ ဆောင်ရွက်နိုင်ကြသည်။
== သမိုင်းကြောင်း ==
ဗုံးကြဲလေယာဉ်များသည် [[တိုက်လေယာဉ်ပျံများ]] နှင့် တစ်ချန်တည်းတစ်ချိန်တည်း ပေါ်ပေါက်လာခဲ့သည်။ လေယာဉ်ပေါ်မှ ပထမဆုံး ဗုံးကြဲချခြင်းကို ၁၉၁၁ ခုနှစ်က လစ်ဗျားစစ်ပွဲတွင် ပြုလုပ်ခဲ့သည်။ ပထမဆုံး အင်ဂျင် လေးလုံးတပ် ဗုံးကြဲလေယာဉ်ကို ရုရှတို့က ၁၉၁၄ တွင် တည်ထွင်ခဲ့ပြီး [[ပထမကမ္ဘာစစ်]]တွင် အသုံးပြုခဲ့သည်။ [[ဒုတိယ ကမ္ဘာစစ်]] တွင် ဗုံးကြဲလေယာဉ်များကို ပိုမို အသုံးပြုလာ၍ စွမ်းပကားလည်း ပိုမို ထက်မြက်လာကြသည်။ ဒုတိယကမ္ဘာစစ်သုံး ဗုံးကြဲလေယာဉ်များထဲတွင်
* ဦးစောက်ဗုံးကြဲလေယာဉ်များ
* ဗုံးကြဲလေယာဉ်များ
* တော်ပီဒိုလေယာဉ်များနှင့်
* အခြား မြေပြင် တိုက်ခိုက်ရေး လေယာဉ်များ တီထွင် အသုံးပြုလာကြသည်။
 
== ယနေ့ခေတ် ဗုံးကြဲလေယာဉ်များ ==
ယနေ့ခေတ် လေတပ်များတွင် စရိတ်စက သက်သာစေရန် ဘက်စုံသုံး တိုက်လေယာဉ်များ အသုံးပြုလာခြင်းကြောင့် ဗုံးကြဲလေယာဉ်များ ၊ [[ဗုံးကြဲတိုက်လေယာဉ်များ]] နှင့် [[တိုက်လေယာဉ်များ]] အကြား ကွာဟချက်မှာ နည်းပါးလာပြီ ဖြစ်သည်။ တိုက်လေယာဉ်များသည်လည်း ဗုံးများကို သယ်ဆောင် ကြဲချ နိုင်လာကြသည်။ ဥပမာ - [[F-16]] ကဲ့သို့သော တိုက်လေယာဉ်များသည် စီးချင်းထိုး တိုက်ခိုက်ရန် ရည်ရွယ် တည်ဆောက်ထားသော်လည်း ဗုံးကြဲရန်အတွက် အဆင်ပြေစွာ စွမ်းဆောင်နိုင်ကြသည်။