သစ်ကြံပိုးပင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ် |
||
စာကြောင်း ၂ -
သစ်ကြံပိုးပင်သည် လော်ရေစီအီး
မျိုးရင်းတွင်ပါဝင်၍ မျိုးခွဲ၏အမည်သည် စင်နာမိုမံဖြစ်သည်။
သစ်ကြံပိုးမျိုးစိတ်ပေါင်း ၂၇ဝ ကျော်ရှိ၍ ခြုံပင်၊ သစ်ပင်တို့လည်း ပါဝင်သည်။ အာရှတိုက်နှင့် ဩစတြေးလီးယားတိုက်တို့တွင် ပျံ့နှံ့ပေါက်ရောက်ရာ အိန္ဒိယနိုင်ငံတွင် ပေါက်ရောက် သော သစ်ကြံပိုးပင်တို့သည် အမျိုး ၂ဝ ခန့်ရှိ၍ မြန်မာနိုင်ငံတွင် ကရဝေး၊ မှန်သင်း၊ လုလင်ကျော် (နလင်ကျော်)ဟု ခေါ်ကြသော
အပင်များသည်လည်း သစ်ကြံပိုးမျိုးဝင်များ ဖြစ်သည်။
သစ်ကြံပိုးခေါက်သည် ဟင်းခတ်အမွှေး
အကြိုင်တမျိုးအဖြစ် ထင်ရှားကျော်ကြားသည်။ အခေါက်သည်သာမက အရွက်သည်လည်း ဟင်းခတ်အမွှေးအကြိုင်များတွင် အပါအဝင်ဖြစ်သည်။ အခေါက်၊ အရွက်၊
အမြစ် စသည်တို့မှ ထုတ်ယူရရှိသော အဆီသည် ဆေးဖက်လည်းဝင်သည်။ ဆပ်ပြာ၊ ရေမွှေး၊ ဆေးဝါးစသည်တို့ကို လုပ်ကိုင်ရာ၌လည်း အသုံးပြုကြရသည်။
ထိုကြောင့် သစ်ကြံပိုးမျိုးဝင် အပင်များစွာတို့သည် စီးပွားကုန်သွယ်ရေး တန်ဖိုးရှိကြပေသည်။ ယင်းတို့အနက် အရေးပါ၍ အထင်ရှားဆုံးသော သစ်ကြံပိုး လေးမျိုးကိုသာ
ဖေါ်ပြလိုပေရာ၊ ထိုလေးမျိုးမှာ သီဟိုဠ်သစ်ကြံပိုး၊ မြန်မာသစ်ကြံပိုး၊ တုတ်သစ်ကြံပိုးနှင့် ပရုပ်သစ်ကြံပိုးတို့ ဖြစ်ပေသည်။
[[File:Cinnamomum verum - Köhler–s Medizinal-Pflanzen-182.jpg|thumb|သစ်ကြံပိုးပင် ]]
သီဟိုဠ်သစ်ကြံပိုးကို သစ်ကြံပိုးအစစ်ဟူ၍လည်း
ခေါ်သည်။ မြန်မာနိုင်ငံတွင် သင်္ဘောသစ်ကြံပိုးဟုလည်းခေါ်သေးသည်။ ရုက္ခဗေဒအမည်မှာ စင်မာမိုမမ် ဇေလာနီကမ် ဖြစ်သည်။ ထိုအပင်မျိုးသည် အိန္ဒိယနိုင်ငံ အနောက်ပိုင်းနှင့်
တောင်ပိုင်းဒေသများတွင်လည်းကောင်း၊ သီဟိုဠ်ကျွန်းတွင်လည်းကောင်း၊ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်းကောင်း
ပေါက်ရောက်သည်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း တောင်ဘက်ပင်လယ် ကမ်းရိုးတန်းတလျှောက်တွင် ပေ ၆ဝဝဝ အထိ မြင့်သောဒေသများတိုင်အောင် ထိုသစ်ကြံပိုးမျိုးတို့ အလေ့ကျ
ပေါက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ပင်လယ်ရေပြင်မှ အမြင့်ပေ ၁ဝဝမှ ပေ ၇ဝဝ အထိရှိသော ဒေသများ၌ အများအပြား ပေါက်ရောက်၍ ပေ ၃၅ဝဝအမြင့် ရှိသော
ဒေသများတွင် လည်းအတော်အသင့် တွေ့ရှိရသည်။
ထိုသစ်ကြံပိုးပင်တို့သည် အပင်အလတ်စားဖြစ်၍
အမြင့်ပေ ၂ဝမှ ၂၅ပေ အထိရှိနိုင်သည်။ သီဟိုဠ်ကျွန်းတွင် ပေ ၆ဝ ခန့်မြင့်သော ထိုသစ်ကြံပိုးပင်များကို ရံဖန်ရံခါ တွေ့ရသည်။အရွက်များသည် လေးလက်မမှ ခုနစ်လက်မ အထိ ရှည်၍ ပျဉ်းတွဲတွဲနေသည်။ အရွက်ရင့်များ၏ အပေါ်ဘက်တွင် တောက်ပသည်။ အရွက်ကိုချေလိုက်လျှင် စူးရှရှ မွှန်တွန်တွန်
အနံ့မျိုးထွက်သည်။ အရွက်တစ်ရွက်တွင် သုံးခုမှ ငါးခုအထိ အကြောများယှဉ်ပြိုင်ပါရှိသော ကြောပြိုင်အရွက်မျိုး ဖြစ်လေသည်။ ဇန္နဝါရီလ လောက်တွင် စိမ်းဝါဝါ အပွင့်ကလေးများပါသည့် ပန်းခိုင်မျိုးပွင့်သည်။ အပွင့်အနံ့ မကောင်းချေ။ မေလမှ ဩဂုတ်လအတွင်း အသီးများသီး၍
မှည့်သည်။ ခရမ်းရင့်ရောင်ရှိသော အသီးသည် အခွံပျော့၍ အစေ့တစ်စေ့တည်းသာ ပါသည်။ ဘဲဥပုံသဏ္ဌာန်ရှိ၍ လက်မဝက်ခန့်မှ တစ်လက်မခန့်အထိ ရှည်ပြီးလျှင် အသီးကိုခွဲကြည့်လျှင် တာရပင်ဆီအနံ့မျိုး ထွက်လေသည်။
ချောမွတ်၍ ဖြူဖျော့ဖျော့အရောင်ရှိသည်။ အကိုင်း ရင့်များ၏ အခေါက်သည် ကြမ်း၍ အညိုရောင်ဖြစ်သည်။ အလယ်ကိုင်း
များမှ အခေါက်သည် အပြင်ကိုင်းများမှ အခေါက်ထက် ပို၍ကောင်းသည်။ အကိုင်းအလယ်မှ အခေါက်သည် အရင်းနှင့်
အဖျားပိုင်းအခေါက်ထက် ပို၍ကောင်းသည်။
အပင်အရင်းပိုင်း၏အခေါက်သည် အညံ့စားဖြစ်လေသည်။
ထိုသစ်ကြံပိုးပင်မျိုးကို
အများဆုံးတင်ပို့နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် အလေ့ကျ ပေါက်သောအပင်များမှ ရရှိသည့် အခေါက်များကိုသာ တင်ပို့ရောင်းချရာ သီဟိုဠ်မှ သစ်ကြံပိုးခေါက်က အမျိုးအစားပို၍ကောင်း လေသည်။
သီဟိုဠ်သစ်ကြံပိုးပင်မျိုးသည် အပူပိုင်းဇုံဒေသ
အတွင်း၌ဖြစ်လျှင် မြေအမျိုးအစားမရွေးဘဲ ပေါက်ရောက် ဖြစ်ထွန်းနိုင်သည်။ သို့သော် အခေါက်အမျိုးအစားတွင်သာ ကွာခြားမှုရှိလေသည်။ သီဟိုဠ်ကျွန်းဒေသတွင်ပင်
သဲဖြူဆန်သောမြေမျိုး၌ စိုက်ပျိုးပေါက်ရောက်သည့် အပင်မှရရှိသည့် သစ်ကြံပိုးခေါက်သည်
အကောင်းဆုံးဖြစ်သည်ကို တွေ့ရလေသည်။
ထိုသစ်ကြံပိုးမျိုးကို အစေ့ပျိုး၍စိုက်ရသည်။
ယင်းတို့သည် အနည်းဆုံး မိုးရေချိန်လက်မ ၈ဝခန့် လိုသည်။
အပင်များပျိုး၍ နှစ်နှစ်ခန့်ရှိလျှင် အပင်ပေါက်များသည် ခြောက်ပေမှ ရှစ်ပေခန့်အထိ မြင့် လာ၍ အပင်လုံးသည် လက်ညှိုး၊ လက်မခန့် ဖြစ်လာသည်။ စိုက်ခင်းထဲတွင် အပင်များကို ထိုထက်ပိုမိုမြင့်မား ကြီးထွားအောင်မထားဘဲ
အခေါက်ရနိုင်ရန် ထိုအရွယ်၌ပင် အပင်များကို ခုတ်ချရသည်။ ထိုအရွယ်၌ခုတ်မှသာ အခေါက်ခွါ၍လွယ်သည်။ သီဟိုဠ်ကျွန်း၌ မေလမှ ဩဂုတ်လအတွင်း၌လည်းကောင်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း၌လည်းကောင်း ခုတ်ရသည်။ ခြောက်သွေ့သော ရာသီဥတုအခါ၌ခုတ်လျှင် အခေါက်ခွါရန် မလွယ်ကူချေ။
မြေကြီးနှင့်ကပ်၍ အပင်ကိုခုတ်ချသော်လည်း နောင်အခါ ငုတ်တက်များ ပြန်လည်ထွက်ပြီးလျှင် အပင်ပြန်၍ တက်လာလေသည်။
ဖြတ်ချလိုက်သော အပင်လုံး၏အခက်အလက်များကို ရှင်းလင်းပြီးနောက် အပင်လုံး၏ တဖက် တချက်တွင် ဓားနှင့်တစ်ချက်စီ အလျားလိုက် မွှမ်းချလိုက်ရသည်။
မိုးရာသီအတွင်းမဟုတ်လျှင် အခေါက်ကပ်နေတတ်ရာ ဓားရိုးဖြင့်ဖြစ်စေ၊ တုတ်ဖြင့်ဖြစ်စေ ပင်လုံးကို အနည်းငယ် ထုရိုက်ပေးရသည်။ ထိုအခါမှ အခေါက်ကွာလေသည်။
ခွာပြီးသားအခေါက်များကို စုပြီးလျှင် တစ်ရက်နှစ်ရက်ခန့် ဖိထားရသည်။ ထိုအခါမှ အခေါက် အပေါ်ဖက်ရှိ အမြှေးနှင့် အောက်ဖက်တွင်ကပ်နေသော အသားဖတ်တို့ကို ခွာထုတ်ရန်လွယ်ကူသည်။ ယင်းတို့ကို ခွာပြီးလျှင် အခေါက်များကို တစ်ပေခန့်အရှည်ထား၍ ပိုင်းဖြတ်ကာ
သုံးရက်ခန့် နေပြ၍ ခြောက်အောင်လှန်းရလေသည်။ ထိုအခါ အခေါက်ရောင်သည် ညိုလာပြီးလျှင် အခေါက်များ သည်လည်း
ခွေလိပ်သွားကြလေသည်။ ထိုအခါမှ အခေါက်လိပ်များကို အစည်းများစည်းကာ အရွယ်အ စား ခွဲခြား၍ ထုပ်ပိုးပြီးလျှင်
နိုင်ငံခြားသို့ တင်ပို့သည်၊ များသောအားဖြင့် သီဟိုဠ်ကျွန်းမှ သစ်ကြံပိုး ခေါက်ကို ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ရလေသည်။
သီဟိုဠ်ကျွန်းတွင် တစ်ဧကရှိသော စိုက်ခင်းမှ
သီဟိုဠ်သစ်ကြံပိုးပင်၏ အခေါက်၊ အရွက်၊ အမြစ်တို့ မှလည်း ဆီထုတ်ယူ ရရှိသည်။ သစ်ကြံပိုးခေါက်တွင် ဆီ နှစ်ပိုင်းတစ်ပိုင်း ရာခိုင်နှုန်းမှ တစ်ရာခိုင်နှုန်းအထိ ပါရှိသည်။
ထုတ်ယူပြီးစ ဆီအရောင်သည် အဝါနုဖြစ်သော်လည်း ကြာလျှင် အနီရောင်သို့ ပြောင်းသွားလေသည်။ သီဟိုဠ်ကျွန်းတွင်ထုတ်ယူ
သော အခေါက်ဆီထက် ဥရောပနှင့် အမေရိကန်ပြည်ထောင်စု တို့တွင် ထုတ်ယူသော အခေါက် ဆီကပို၍ အမျိုးအစား ကောင်းသည်။ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်
သီဟိုဠ်မှတင်ပို့သော သစ်ကြံပိုး ခေါက်များမှ အဆီထုတ်ယူ ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်မူ သစ်ကြံပိုးခေါက်များကို ဆီထုတ်ယူခြင်း မပြုကြချေ။ အခါက်ဆီကို ချိုချဉ်
မုံ့ပဲသရေစာလုပ်ငန်း၊ အရက်ချိုမွှေးလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ သွားကိုက်ပျောက်ဆေးနှင့် သွားတိုက်ဆေးလုပ်ငန်းတို့တွင် အသုံး ပြုကြသည်။အထူးသဖြင့်
အစာကြေ ရင်ချောင်သော ဆေးဝါးများဖေါ်စပ်ရာ၌ ထည့်သွင်းအသုံးပြုကြ လေသည်။
အရွက်တွင် ဆီ တစ်ရာခိုင်နှုံးပါရှိ၍ အရွက်ဆီ၏ အရောင်သည် ညိုသည်။ ပူရှိန်းရှိန်း အရသာ ရှိပြီးလျှင် ပရုတ်နံ့ထွက်သည်။ ရေမွှးလုပ်ငန်းနှင့် ချိုချဉ် မုံ့ပဲသရေစာလုပ်ငန်း၊ ဆပ်ပြာလုပ်ငန်းတို့တွင် ထိုအဆီကို
အသုံးပြုကြသည်။ လေးညှင်းဆီ နည်းတူ ဆေးဖက်ဝင်၍ လေးညှင်းဆီကဲ့သို့လည်းကောင်း၊ အခေါက်ဆီကဲ့သို့လည်းကောင်း
ဆေးဝါးဖေါ်စပ်ရာ၌ သုံးကြသည်။ ရူမက်တစ်ရောဂါအတွက် လိမ်းဆေးအဖြစ် လည်း အသုံးပြုနိုင်လေသည်။ အမြစ်တွင်ဆီ သုံးရာခိုင်နှုန်း ပါဝင်သည်။ အမြစ်မှထုတ်ယူ ရရှိသောဆီသည် အခေါက်ဆီ၊ အရွက်ဆီ
တို့နှင့် မတူပေ။ အရောင်အဆင်းမရှိဘဲ ပရုတ်နံ့ပြင်းသည်။ အမြစ်ဆီကို အသုံးနည်း၍ အရောင်း အဝယ် မပြုလုပ်ကြချေ။ အသီးမှရရှိသော ဆီသည်လည်း ဆေးဖက်ဝင်သည်ဟု ဆိုသည်။ အသီးရင့်များကို ဘုံဘိုင်မြို့သို့ တင်ပို့၍ လေးညှင်းပွင့်များနှင့် ရောနှော ရောင်းချကြလေသည်။
အစေ့များတွင် ဆီ ၃၃ ရာခိုင်နှုံးပါရှိ၍ ယင်းတို့မှထုတ်ယူ ရရှိသောဆီကို ဖရောင်းတိုင်လုပ်ကိုင်ရာ၌ အသုံးပြု ကြလေသည်။
သီဟိုဠ်သစ်ကြံပိုးပင်၏ အသားသည် ညိုမှိုင်းမှိုင်း အရောင် ဝါညိုညိုအရောင်မျိုး ရှိတတ်၍ အကွက်အပျောက် မပါရှိချေ။ အနည်းနှင့်အများ အရောင်တောက်ပ၍ အနံ့သင်းသင်းမွှေးသည်။ အသားသည် မလေးလွန်းဘဲ ပေါ့ပေါ့ပါးပါး ရှိတတ်၍ အကြောဖြောင့်သည်သာ များလေသည်။ များသောအားဖြင့် အသားညက်၍ ပျော့ပြီးလျှင် အသားသေအောင် ပြုလုပ်ရန် လွယ်ကူသော်လည်း ကောက်ကွေးခြင်း ကွဲအက်ခြင်း ဖြစ်တတ်လေသည်။
ရုက္ခဗေဒအမည်ဖြင့် စင်နာမိုမမ် တမလာဟုခေါ်သော သစ်ကြံပိုးပင်မျိုးကို မြန်မာသစ်ကြံပိုးဟု အမည်သတ်မှတ်ထားသည်။ ယင်းအပင်မျိုးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့ပိုင်း၊ အရှေ့ဘင်္ဂလား ပြည်နယ်၊ ခါဆီတောင်တန်း၊ ဂျိန္တိယာတောင်တန်းနှင့် မြန်မာနိုင်ငံတို့၌ တွေ့ရှိရပြီးလျှင်
မြေပြင်အမြင့် ပေ ၃ဝဝဝ မှ ၇ဝဝဝ ရှိသော ဒေသများ၌ ပေါက်ရောက်လေသည်။
ရွက်မပြတ်သော အပင်မျိုးဖြစ်၍ အပင်အလတ်စားမျိုး တွင်ပါဝင်ပြီးလျှင် ၂၅ပေခန့်အထိ မြင့်နိုင်၍ လုံးပတ် လေးပေခွဲခန့် ရှိလေသည်။ အရွက်သည် လှံသွားပုံရှိ၍
ကြွပ်ဆတ်သည်။ ထိုသစ်ကြံပိုး မျိုး၏ အရွက်ကို အခေါက်ထက်ပို၍ အသုံးများကြသည်။ ထိုအပင်မျိုး၏ အခေါက်သည် သီဟိုဠ် သစ်ကြံပိုးခေါက်ထက် ပို၍ ကြမ်းလေသည်။ ဆစ်ကင်ပြည်နယ်၌ ပေါက်ရောက်သော ထိုသစ်ကြံပိုးမျိုး၏ အခေါက်ကိုမူ ဟင်းခတ် အမွှေးအကြိုင် အဖြစ်လည်း အသုံ့းပြုကြလေသည်။ သစ်ကြံပိုး အဆစ်ခေါက် (သီဟိုဠ်သစ်ကြံပိုးခေါက်)နှင့် ရောနှောရောင်းချခြင်းလည်း ပြုကြလေသည်။
ထိုသစ်ကြံပိုးပင်ကိုလည်း အစေ့ပျိုး၍ စိုက်ကြသည်။ အပင်သက် ၁ဝ နှစ်ခန့်ရှိလျှင် အရွက်များ ကို ခူးနိုင်ပေပြီ ထိုအချိန်မှစ၍ နောင်နှစ်ပေါင်း ၁ဝဝ ခန့်အထိ ထိုသစ်ကြံပိုး ပင်များမှ အကျိုးခံစားခွင့် ရနိုင်ကြပေသည်။
အရွက်များကို မိုးကုန်စပြုသော အောက်တိုဘာလမှ ဒီဇင်ဘာလများအတွင်း ဆွတ်ခူးကြလေသည်။ အချို့ဒေသများတွင် မတ်လအထိ ခူးကြလေသည်။
အပင်ပျိုများမှ တစ်နှစ်တစ်ခါခူးကြသော်လည်း အပင်အိုများမှာ နှစ်ခြား ခူးကြရသည်။အရွက်များ ခူးဆွတ်ချိန်တွင် အရွက်များများပါသော အကိုင်းများ ကို ခုတ်ချ၍ သုံးလေးရက်မျှ နေလှန်းရသည်။ ထိုနောက် ထိုအကိုင်းများကို
စည်းနှောင်၍ဈေးသို့ တင်ပို့ရောင်းချကြသည်။ အချို့ဒေသတွင် ချွေ၍ တောင်းများတွင်ထည့်ပြီးလျှင် ဈေးသို့ ပို့လေသည်။
ထိုအရွက်များကို များသောအားဖြင့် ဟင်းခတ်
အမွှေးအကြိုင်အဖြစ် အသုံးပြုကြသော်လည်း
ကသမီယပြည်နယ်တွင် ကွမ်းကဲ့သို့ စားသုံးကြသည်။ စင်စစ် အရွက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးကြသော
သစ်ကြံပိုးပင်မျိုးသည် စင်နာမိုမမ် တမျိုးတည်းမဟုတ်ချေ။
စင်နာမိုမမ် အင်နာမီဒိယမ်၊ စင်နာမိုမမ် အော့တူစီဖိုလီယမ်နှင့် စင်နာမိုမမ် အယ်လဗီဖလော်ရမ်တို့၏ အရွက်များကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးကြသည်။ မြန်မာနိုင်ငံတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများသော ကရဝေးရွက်သည် စင်နာမိုမမ် အင်နမ့်တမ်၏အရွက် ဖြစ်သည်။
ထိုသစ်ကြံပိုးအရွက်မှ ထုတ်ယူရရှိသော ဆီသည်
သီဟိုဠ်သီဟိုသစ်ကြံပိုးအရွက်ဆီနှင့် တူသည်၊
အခေါက်ဆီအရောင်သည် ဝါဖျော့ဖျော့ဖြစ်သည်။ ယခုအခါ ဓါတုဗေဒသစ်ကြံပိုးဆီများ အတုပေါ်လာ၍ ထိုအဆီများ အရောင်းအဝယ် ယုတ်လျော့လာလေသည်။ ယင်းတို့ကို
တာရပင်ဆီ အပေါစားများနှင့် လည်း ရောနှေ၍ ရောင်းချကြလေသည်။
တုတ်သစ်ကြံပိုးဟု ခေါ်ဝေါ်ကြသော သစ်ကြံပိုးမျိုး၏ ရုက္ခဗေဒအမည်သည် စင်နာမိုမမ် တက် ဆီယာ ဖြစ်သည်။ ထိုသစ်ကြံပိုးပင်တို့သည် အပင်အလတ်စားမျိုးဖြစ်၍ ပေ ၄ဝမှ
၅ဝအထိ အမြင့် ရှိနိုင်သည်။ အရွက်များသည် လှံသွားပုံရှိ၍ ကြွပ်ဆတ်လေသည်၊ အင်ဒိုချိုင်းနားပြည်၌ မူလ ပေါက်ရောက်ရာမှ တုတ်၊ ဂျားဗား၊ သီဟိုဠ် စသော အာရှတိုက်ဒေသများ
သို့ မျိုးပြန့်ခဲ့သည်။ ရှေးပဝေဏီကပင် ထိုသစ်ကြံပိုးမျိုးကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုခဲ့ကြောင်းကို
ခရစ်မပေါ်မီ နှစ်ပေါင်း ၂ရဝဝ က တုတ်နိုင်ငံ၏
အပင်ငယ်စာရင်း၌
သည်။ တပင်လုံးပင် အနံ့သင်း၍ အခေါက်သည် သီဟိုဠ်သစ်ကြံပိုးထက် အတန်ငယ်ညံ့သော်လည်း ထိုသစ်ကြံပိုးခေါက် အစားအသုံးပြုနိုင်သည်၊ ထိုသစ်ကြံပိုးပင်၏ အသီးသည်လည်း ဆေးဖက်ဝင်သည်။အရွက်မှ ထုတ်ယူရရှိသောဆီကို ဆပ်ပြာလုပ်ငန်း နှင့် ဆေးဝါးလုပ်ငန်းတို့၌ အသုံးချ၍ တုတ်နိုင်ငံမှ ထိုဆီမျိုးကို အများဆုံး ထုတ်လုပ်တင်ပို့လေသည်။
ထိုသစ်ကြံပိုးမျိုးကို သီဟိုဠ်သစ်ကြံပိုးပင်မျိုးတို့ကဲ့သို့ စိုက်ပျိုးရသည်။ သို့သော် သီဟိုဠ်သစ်ကြံပိုးကဲ့သို့ ငယ်ငယ် အရွယ်တွင် ခုတ်ချခြင်း မပြုသဖြင့် အပင်ကြီးများ ဖြစ်လေသည်။ ထိုကြောင့်အခေါက် ရနိုင်ရန် အပင်ကြီးများ၏
အကိုင်းအခက်များကို အချိန်အခါအလိုက် ခုတ်ချ၍ အခေါက်ခွါယူကြသည်။ ယင်းတုတ်သစ်ကြံပိုးပင်၏ အခေါက်များသည် သီဟိုဠ်သစ်ကြံပိုးအခေါက်များကဲ့သို့ ခွေလိပ်ခြင်း မရှိပေ။ ကုန်သွယ်ရေး စီးပွားရေးအတွက် ထွက်ကုန်ပစ္စည်း ရရှိသော အခြားသစ်ကြံပိုးတမျိုးမှာ ပရုတ်သစ်ကြံပိုး ဖြစ်သည်။ ပရုတ်သစ်ကြံပိုးပင်ကို ရုက္ခဗေဒအမည်ဖြင့်
စင်နာမိုမမ် ကမ်ဖိုရာဟု ခေါ်၍ [[ပရုတ်]] ချက်ယူရရှိသော ပရုတ်ပင် ဖြစ်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
==Ceylon Cinnamon (သစ်ကြံပိုး)==
|