စုဖုရားကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၅၁ -
စသည်ဖြင့် အကျယ်တဝင့် ဖော်ပြထားသည်။
ဂန္ဓာလစက္ကဇာတိဋ္ဌဒီပနီကျမ်း မှာ အာစရာဘိဓဇသီရိပဝရ ရာဇဂုရု တံဆိပ်တော်ရ ဗန်းမော်မြို့ သိမ်တော်ဆရာတော် အရှင်အာဓရ ပြုစုသော ကျမ်း ဖြစ်သည်။ ယင်းဆရာတော် အရှင်အာစာရမှာ သစ်ဆိမ့်ဆရာတော်၏ တူဖြစ်၍ မင်းတုန်းမင်းတရားကြီး ပဉ္စမ သင်္ဂါယနာကျောက်ထက် အက္ခရာတင်စဉ်က ကျောက်စာကြပ် အဖြစ် တာဝန်ယူခဲ့ရသော ဆရာတော် ဖြစ်သည်။
ထိုအချိန်က ညောင်အုပ်မင်းသားမှာ ကာလကတ္တားမြို့တွင် စံနေတော်မူသည်။ သို့သော် ဆင်ဖြူမရှင် မိဖုရားကြီး ပေးလိုက်သောစာသည် ညောင်အုပ်မင်းသားထံသို့ မရောက်ဘဲ စလေဒင်လက်ထဲသို့ ရောက်သွားသည်။ ဆင်ဖြူမရှင်နှင့် ကင်းဝန်မင်းကြီးတို့၏ နန်းတွင်း နိုင်ငံရေး လှည့်ကွက်ကို စလေဒင် သိရှိသွားခြင်းမှာ ‘ဗမာအခက်သည် အဂင်္လိပ်အချက်’အင်္ဂလိပ်အချက်’ ဖြစ်ဖို့ အကွက်ကောင်း ဝင်သွားခြင်းပင် ဖြစ်၏။
ထို့ကြောင့် တတိယအဂင်္လိပ်တတိယအင်္ဂလိပ် - မြန်မာစစ်ပွဲတွင် အဂင်္လိပ်တို့သည်အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ဝန်ထောက် ဦးအုန်း၏ သား မောင်ဘသန်းဆိုသူကို ညောင်အုပ်မင်းသား အသွင့် ဝတ်ဆင်စေကာ အဂင်္လိပ်တို့၏အင်္ဂလိပ်တို့၏ သင်္ဘောပေါ်၌ တင်ဆောင်ခေါ်ငင်လာခဲ့သည်။ ကင်းဝန်မင်းကြီးထံသို့လည်း ‘ညောင်အုပ်မင်းသားကြီး ချီတက်လာပြီ ဖြစ်ကြောင်း’ အကြောင်းကြားထားသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း မန္တလေးဆိပ်ကမ်းသို့ အဂင်္လိပ်စစ်တပ်များအင်္ဂလိပ်စစ်တပ်များ ဆိုက်ရောက်လာသောအခါ ၌ ကင်းဝန်မင်းကြီးက သူ၏ လူယုံတစ်ယောက်အား ကမ်းနားသို့ စေလွှတ်ကာ ‘ညောင်အုပ်ကိုယ်တော်ကြီး တကယ်ပါ၊ မပါ’ အြကည့်ခိုင်းလိုက်သည်။ ယင်းလူယုံတော်အား နောင်ဗြိတိသျှ တို့လက်ထက်၌ ပုဂံဝန်ထောက် ဦးတင်ဟု ထင်ရှားလာမည့် လွှတ်စာရေး မောင်တင် ဖြစ်ကြောင်း စတုတ္ထသမီးတော်က သူ၏ ‘အရေးတော်ပုံစာတမ်း’ ၌ ဖော်ပြထားသည်။
ထိုအချိန်က ညောင်ရမ်းမင်းသား သို့မဟုတ် ညောင်အုပ်မင်းသားသည် အဂင်္လိပ်စစ်တပ်များနှင့်အင်္ဂလိပ်စစ်တပ်များနှင့် အတူ မန္တလေးရွှေမြို့တော်သို့ ပါလာသည်ဟူသော သတင်းမှာ ထိပ်တန်းလျှို့ဝှက် နိုင်ငံ ရေးသတင်း အြဖစ်ဖြင့် နန်းတော်တွင်း၌ ပျံ့နှံ့နေဟန်တူသည်။ အဂင်္လိပ်တို့၏အင်္ဂလိပ်တို့၏ လက်သို့ သီပေါဘုရင် ပါတော်မူ၍ သင်္ဘောပေါ်သို့ ရောက်ရှိနေသည့်တိုင်အောင် ထိုသတင်းသည် အချို့နန်းတွင်း သူ နန်းတွင်းသားများ အဖို့ ဇဝေဇဝါ ဖြစ်နေတုန်းပင် ရှိသေးသည်ဟု ယူဆရသည်။ အဘယ့်ကြောင့် ဆိုသော်…
သီပေါဘုရင်သည် ရေဆိပ်သင်္ဘောပေါ်တွင် ရှိနေစဉ် ပင်းယ မင်းသမီးက အြခား သင်္ဘောတစ်စင်းဦးတွင် ရှိသူမှာ ညောင်ရမ်းမင်းသား ဟု ပြောကြကြောင်း၊ သီပေါဘုရင်ကို နန်းချပြီး ညောင်ရမ်းမင်းသားနှင့် ထိပ်စုဘုရားကြီးကို လက်ဆက်ပြီး နန်းတင်မည် ဟု ပြောကြပါကြောင်း လျောက်ထားလေ၏။ ထိုအခါ သီပေါဘုရင် သည် ကိုယ်တော်တိုင် ထ၍ သင်္ဘောခန်း တရုတ်ကပ်ကို လှန်၍ ကြည့်ရှုတော်မူပြီး ‘နောင်တော် ညောင်ရမ်းမင်း မဟုတ်ပါဘူး။ ငါ့နောင်တော် ငါသိပါတယ်။ ဘယ်က လူမှန်းမသိ’ ဟူ၍ ‘ပါတော်မူ အရေးတော်ပုံ’ ၌ ဖော်ပြထားသောကြောင့် ဖြစ်သည်။
ဤတစ်ကြိမ်၌လည်း စုဘုရားကြီးမှာ မိဖုရားခေါင်ကြီး မြဖစ်ရဘဲမဖြစ်ရဘဲ ကံချော်ခဲ့ရပြန်သည်။
 
==ကံ​တော်ကုန်ခြင်း==
စုဘုရားကြီးသည် မယ်တော် ဆင်ဖြူမရှင် ကံကုန်ပြီးနောက် ဝင်ဆာလမ်း ( ယခု ရှင်စောပုလမ်း ) စံအိမ်တော်မှ မင်းကွန်းသို့ ပြောင်းရွှေ့၍ သီလရှင်ဘဝဖြင့် ၁၉၁၂ ခု၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကံကုန်ခဲ့လေသည်။