ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၉ -
 
== ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကား ==
မြိုတိုင်းရင်းသား လူမျိုးများသည် ယခင် ယခင် ကဆိုလျှင် နတ်ဘာသာ ကို ကိုးကွယ်ယုံကြည်ကြပါသည်။ ယင်းတို့မှာ ဘုရား (သုံး)ပါး ကို ကိုးကွယ် ယုံကြည်ကြောင်း THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOZi. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon, စာမျက်နှာ -၄၂၅ တွင် ဤသို့ ဖော်ပြသည် "They have Three gods , Too-ra-ee, the the father, Tsoon-toon, the nat of the hills and Oo-rengs, the nat of the streams" by (Sir, Arthur Phayre)" ယင်းတို့မှာ ဘုရား သုံးပါး ရှိသည် ထူရိုင်းဘုရား -Too-ra-ee , ဆုန်တောမ်း နတ်-Tsoon-toon,နှင့် အော်နှာမ့်နတ် - Oo-rengs ဟူ၍ ဖော်ပြထားသည်။ မြိုတို့ ဘာသာစကားဖြင့် စက်ြာဝဌာ တစ်ခုလုံးကို အုပ်စိုးသော ဘုရား ကို "ထူရိုင်း"(သို့)"ထိုရိုင်း" ဟု ခေါ်ဆိုသည်။ တောင်စောင့်နတ် ကို ကား " "ဆုန်တောင်မ့်" (သို့) "ဆုန်နှာမ့်" ဟုခေါ်၍ ချောင်းစောင့်နတ် ကိုမူ "အော်နှာမ့်" ဟုခေါ်ဆိုသည်။ "ထူရိုင်း "ဘုရားသည် ဘုရားတကာတို့ထက် ကြီးမားသည် ကောင်းကင်ဘုံမှာ နေသည်ဟု ယုံကြည်ကြသည်။ "ဆုန်တောမ်း" (သို့) "ဆုန်နှာမ့်" နတ်ဘုရားသည် ကုန်းမြေကို အုပ်စိုး၍ ကုန်းမြေရှိသမျှအရပ်ရပ်တွင် ရှိသည်ဟု ယုံကြည်သည်။ "အော်နှာမ့်" နတ် ဘုရားသည် မြစ်၊ချောင်း၊ အင်း၊ အိုင် ၊ ပင်လယ်သမုတ္တရာ တို့ကို အုပ်စိုး၍ ရေရှိသော အရပ်ရပ်တွင် ရှိသည်ဟု ယုံကြည်ကြသည်။တဖန် ၁-၁၁-၁၉၇၀-ခုနှစ် ထုတ် ရှုဒေါင့်ဂျာနယ် စာမျက်နှာ (၃၅) တွင်ပါရှိသော ဆောင်းပါး တွင်လည်း မြိုတို့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို " လောကတခုလုံး၌ ရှိသော စုန်းနတ်များကို အုပ်ချုပ်သည့် "ထိုရိုင်း" အမည်ရှိနတ်မင်းကြီးသည် ကောင်းကင်ဘုံတွင်နေသည်" ဟူ၍ဖော်ပြထားသည်။ ပြီးနောက်မှဗုဒ္ဒဘာသာ ​ထွန်းကားလားလာပြီး ထေရဝါဒ ဗုဒ္ဒဘာသာ ကို ကိုးကွယ် ယုံကြည်လာကြသည်။ ၁၉၈၀ ခုနှစ် မှ မြို တိုင်းရင်းသားလူမျိုးများ ဘာသာ ကိုးကွယ် ယုံကြည်မှု ကို လေ့ လာကြည့်သော်
 
[[နတ်ကိုးကွယ်ယုံကြည်မှု]]