ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၉ -
== ဘာသာ သာသနာ နှင့် စာပေ ==
 
မြိုလူမျိုးတို့၏ ''Krama''-ကရာမာ ဘာသာ သာသနာ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း သည် ဘင်္ဂလားဒေရ် ့စစ်တကောင်းခရိုင် ၊ခမောင်းဖြူကျေးရွာ၌ နေထိုင်သော ဦးမာန်ဆိန်း (Man Chien )၏ ဇနီးဒေါ်(Arue Tun Te) သည် တောထဲသို့ ထင်းခွေသွားရာ အတောင်ပံပါသော ကောင်းကင်တမန်တော်တစ်ပါးကို မြင်ခဲ့ပြီး မကြာမီအချိန်တွင်းမှာ ပဋ္ဋိသနေ​္ဒစွဲနေသည်။ ''Arue Tun Te'' သည် ကိုးလလွယ် ဆယ်လမွေး ပြီး သားယောကျၤားကိုဖွားမြင်ခဲ့သည်။ ထိုသားကို ''Manley မန်လေ'' ဟုအမည်ပေးလေ၏ ။ ''[[Manley Mro-မန်လေမြို]]'' သည် ငယ်စဉ်ကတည်းကပင် သူများနှင့်မတူသည့် အတွေ့အခေါ်၊ အမြော်အမြင်ရှိသူ တစ်ယောက်ဖြစ်သည် သာမက ဉာဏ်ရည် ထက်မြတ်သူ တစ်ဦးလည်းဖြစ်သည်။ မိဘနှစ်ပါးသည် သူတို့၏ သားဖြစ်သူ "မန်လေ'' ကို ပညာတတ်ကြီးဖြစ်ချင်သော ကြောင့် ဘင်္ဂလားဒေရ့်နိုင်ငံ စစ်တကောင်းပြည်နယ်၊ (Slogute or I cha school ria) အမည်ရှိကျောင်းတော်၌ ပညာသင်ယူရန်စေလွတ်ခဲ့ပါသည် ''မန်လေ'' သည်ဉာဏ်ပညာထက် မြတ်သူ တစ်ယောက်ဖြစ်သော်လည်း အလွန်ပျင်းရိသော သူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ဆရာ/မများသင်ပေးသော ကျောင်းစာကိုစိတ်မဝင်စားဘဲ တောထဲကို သာ နေ့စဉ်နေ့တိုင်း သွားတတ်ပြီး တစ်နေ့တွင် စာသင်ခန့်ထဲ၌ အိပ်ပျော်နေစဉ် အိပ်မက်ထဲတွင် ကောင်းကင်တမန် ဟုခေါ်သော ''Krama Mu Mang'' သည် ကမ်ဘာပေါ်တွင် မရှိသည့် စာပေ တစ်မျိုးကို ''မန်လေမြို'' အားပေးလိုက်သည်။ အိပ်ရာမှ နိုးလာသည်နှင့် ထိုစာပေ ကို ရေးလေသည်။ ထိုစာပေ ၏အမည်မှာ မြို စာပေတစ်မျိုးဖြစ်ပြီး (၃၁) လုံးဗျဉ်းအက္ခရာ ရှိ၍ (၃၁) ဗျဉ်းအက္ခရာသည် [[လူ့ဘုံ (၃၁-ဘုံ)|လူ့ဘုံ]]၊ နဂါးဘုံ၊ နတ်ဘုံ၊ [[ဗြဟ္မာဘုံ]] စသည့် ဘုံအဆင့်ဆင့်မှ တစ်ခုစီယူလာ၍ ဗျဉ်းအက္ခရာ (၃၁) လုံးကို ကောင်းကင်တမန်က ''မန်လေးမြို''အား (မြို ကရာမာ)စာပေနှင့် အတူ (မြို ကရာမာဘာသာ တရား )လည်း စတင်ပေါ်ပေါက်လာပါသည်။ ထိုစာပေ ကို ရရှိသည်နှင့် ''မန်လေ''သည်သူ၏နဂို ဉာဏ်ရည်ထက် ပညာကြွယ်ဝလာသည်။ သူ၏ဆရာ ကစာတစ်ကြောင်း သင်ပေးလျှင် နှစ်ကြောင်း ပိုရသည် ။ ဥပမာ- သူ၏ဆရာသည် သူ့ကိုစာမသင်ပေးခင်ကတည်းက ရှေ့မှာသင်ယူရမည့် သင်ခန်းစာများကို ကြိုသင်သိရှိနေပြီဖြစ်သည်။
ထိုကဲ့သို့ပညာထက်မြက်ပြီး မကြုံစဖူးသော အရာများကို ကြုံတွေ့နေရသည့် ကျောင်းဆရာသည် အံ့ဩ ပြီး ''မန်လေး''ကို ကျောင်းထုတ်လိုက်လေသည်။ ထိုကျောင်းကနေ ထွက်ပြီး မွေးရက်မြေ ကိုပြန်လာသည်။ သူ၏ဇတိမြေရပ်ဒေသသို့ ရောက်လာသည်နှင့် သူမွေးဖွားခဲ့သော အိမ်နေရာ၌ ဘုရားကျောင်း ဆောက်လုပ်ရန် မိဘ နှစ်ပါးထံတောင်းဆိုခဲ့ပါသည်။ ငယ်ငယ်ရွယ်ရွယ်၌ သူများမမြင်ဖူးသောစာပေ များ ၊ အတွေ့အခေါ်အပြောအဆိုများနှင့်ပြည့်စုံသည့်''မန်လေး''ကိုအရူးဟုခေါ်ခဲ့ကြသည်။တစ်နေ့မှာသူ၏မိခင်ကသူ့ကိုနောက်ကျောပို့ရန်ငြင်းဆိုရာအတိတ်ဘဝဟောင်းကသူသည်ဂဏန်းဖြစ်ခဲ့ဖူးသည့်အကြောင်းကိုဖွင့်ပြောလိုက်လေသည်။ ဤသို့ပင် သူသည် ကြီးပြင်းလာပြီး တောနက်ကြီးထဲတွင် တရားထိုင်လျက်နေလေ၏ ။ရက်၊ လ၊ အတော်ကြာ သူတရားထိုင်နေစဉ် ဗိုက်ဆာလာသောအခါ ကျားကြီးတစ်ကောင်က ပန်းတစ်ပွင့် ကိုးလာဆက်သလိုက်သည်။ ထိုပန်းပွင့်၏ အမွှေးအနံ့ကြောင်း ဗိုက်မဆာတော့ပေ။ ''မန်လေး'' သည် တရားထိုင်သည့်အချိန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် ခရီး ထွက်ရန် တရား ထိုင်ရာမှ ထွက်ခွာပြီး (Spark) ဟုခေါ်သော ချောင်းကိုရေဖြတ်ကူးနေစဉ် ကောင်းကင်တမန်တော်က သူ၏ လက်နှစ်ဖက်ကိုကိုင်ကာ ကူညီလိုက်သည်။ ''မန်လေး''ကိုပန်းဆက်သလိုက်သည့်ကျားကြီးကလည်းတစ်ဖက်ကိုင်းထိကူပြီးဘေးအန္တရာယ်များကိုကာကွယ်ပေးရန်စောင့်ရှောက်လိုက်ပါခဲ့ပါ။သည် [[ကီမိုတောင်]] ဘက်သို့ ခရီးသွားလိုသည်ဖြစ် ၍ တော ၊တောင်ကိုဖြတ်ကာ ချင်းပြည်နယ်၊ [[ပလက်ဝမြို့]]နယ် အုန်းသီးဝရွာ သို့ ရောက်ခဲ့ဖူးသည်ဟုသိရသည်။
ထို့နောက် ပလက်ဝမြို့နယ် ဆမီးကျေးရွာ၌နေ ထိုင်သော မြိုလူမျိုး ''Aman '' ဆိုသူတစ်ဦးနှင် ့ တွေ့ဆုံ စကားပြောဖြစ်ခဲ့ ပါသည်။ ထို ''Aman'' အမန် ဆိုသော လူသည် ပုဏားကျွန်းမြို့နယ် [[အထက်မြတ်လှဲရွာ|အထက်မြတ်လှဲ]]ရွာ ၌ ယနေ့(၂၀၁၃) နှစ်ထိ အသက်ရှင်လျှက် ရှိပါသည်။ ''အမန်း'' ကို ''မန်လေး'' ကဘိသိတ်တန်ခိုး ပေးရန် နှင့် (ကရာမာ) သာသနာပြုဆရာ လုပ်ရန် တိုက်တွန်းသည်။ သူသည် အရက်သေစာအနည်းငယ်သောက်စားသောကြောင့် သူ၏ ဆန္ဒကိုငြင်းဆိုလိုက်သည်။