အီတလီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

→‎မူဆိုလီနီဗင်နီတို: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ဖက်ဆစ်ဝါဒ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉၉ -
 
==== ဖက်ဆစ်ဝါဒ ====
၁၉၁၅ ခုနှစ် မေလတွင် အီတလီနိုင်ငံသည် ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံများကို စစ်ကြေညာလိုက်လေသည်။ ထိုနောက်တွင် ဆက်လက်၍ ဗူလဂေးရီးယား၊ တူရကီနှင့် ဂျာမနီနိုင်ငံတို့ကိုလည်းလည်း စစ်ကြေညာခဲ့၏။ ယင်းသို့ အီတလီနိုင်ငံ ပါဝင်လာသည့်အတွက် မဟာမိတ်နိုင်ငံများမှာ များစွာ အထောက်အကူ ရရှိခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားဘက်မှစစ်ရေးမသာခိုက် ဂျာမန်တို့ အင်အားတောင့်တင်းလာသောကြောင့် အီတလီတို့သည် မိုင်ပေါင်းများစွာ ဆုတ်ခဲ့ရလေသည်။ သို့ရာတွင် နောက်တစ်နှစ်၌ အားသစ်အင်သစ်ဖြည့်တင်းပြီးဖြစ်သော အီတလီစစ်တပ်များက ဩစတြီးယားကို အပြုတ်တိုက်ထုတ်နိုင်ခဲ့လေသည်။ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့တွင် စစ်ကြီးပြီးဆုံးနိုင်ခဲ့ခြင်းမှာ အီတလီတို့၏ လျင်မြန်လှသော အောင်မြင် မှုများကြောင့်လည်း ဖြစ်ပေသည်။ စစ်ကြီးအပြီးတွင် အီတလီသည် ဝေစုအဖြစ် ဗီနီးရှား၊ ထရိုင်ဒင်ရှား၊ ဂေါရိဇားနှင့် ဂရေဒစ်စကား၊ ထရိယက်စဘီ၊ အစ္စတြီးယား ဇာရာ၊ ဒါလမေရှားပြည်နယ်တွင် ပါဝင်သော ကျွန်းကလေးများနှင့် ဖီးယမ်းနယ်မြေများကို ရရှိခဲ့သည်။ စစ်ပွဲတွင် လူပေါင်း ခြောက်သိန်းကျော်သေ၍ တစ်သန်းကျော် ဒဏ်ရာရခဲ့လေသည်။ မူဆိုလီနီသည်လည်း စစ်ထဲသို့ ပါဝင်ခဲ့၍ ဒဏ်ရာရရှိခဲ့၏။ စစ်ကြီး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက်ပြီးဆုံးသည်နှင့်တပြိုင်နက် အီတလီနိုင်ငံတွင်း၌ နိုင်ငံရေးနှင့် စက်မှုလက်မှု အလုပ်သမားများအရေးသည် ရှုပ်ထွေးလာခဲ့လေသည်။ အခက်အခဲများမှာ ကုန်ဈေးများ အဆမတန်ကြီးခြင်း၊ စစ်ပြန်အလုပ်လက်မဲ့များ ပေါများခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် စစ်ပြေငြိမ်းရေး အစီအစဉ်နှင့် စပ်လျဉ်း၍ မကျေနပ်မှုတို့ပင် ဖြစ်၏။ ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ ပြည့်နှစ်များတွင် အလုပ်သမား၊ လယ်သမားများ အနှံ့အပြား သပိတ်မှောက်ကြလေရာ၊ အလုပ်ရုံအချို့တွင် ဆိုရှယ်လစ်အလုပ်သမားအဖွဲ့က လူစားထိုးနိုင်ခဲ့သော်လည်း၊ နိုင်ငံရေး သဘောကွဲလွဲမှုများကြောင့် ဆိုရှယ်လစ်တို့ မအောင်မြင်ခဲ့ချေ။ ၁၉၁၉ ခုနှစ် မတ်လတွင် မူဆိုလီနီသည် နောက်လိုက်များကို စုရုံးကာ ဖက်ဆစ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။
 
==== ကိုလိုနီနယ်ချဲ့ခြင်း ====