တံလျှပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး တံလှပ် စာမျက်နှာကို တံလျှပ် သို့ Mayor mtက ရွှေ့ခဲ့သည်: စာလုံးပေါင်းမှား၍
No edit summary
စာကြောင်း ၁ -
{{wiktionary}}
အပြောကျယ်သော[[သဲကန္တာရ]]ကို [[ကုလားအုပ်]]များဖြင့် ဖြတ်သန်းသွားလာကြရသူတို့သည် သဲကန္တာရအလယ်တွင် စိမ်းစိမ်းစိုစိုနှင့် တည်ရှိသည့် အိုအေဆစ်များကိုသာ မှီခိုအားကိုး၍ ခရီးသွားကြရ၏။ ထိုအိုအေဆစ်များသို့ ရောက်မှ ခရီးတထောက်နား၍ စခန်းချကာ သောက်ရေသုံးရေတို့ကို ချိုးသုံးကြရသည်။ တစ်ခါတစ်ရံတွင်မူ အိုအေဆစ်စခန်းနှင့် ကွာလှမ်းလျက်ရှိစဉ်မှာပင် ခပ်လှမ်းလှမ်း၌ တောတန်းသဖွယ် စိမ်းလန်းစိုပြည်သည့် အိုအေဆစ်တစ်ခုကို အံ့သြစွာ တွေ့မြင်ရတတ်၏။ တွေ့လိမ့်နိုးနှင့်တိုး၍သွားသောအခါ ထိုအိုအေဆစ်မှာပျောက်ကွယ်၍သွားတော့သည်။ စင်စစ်သော်ကား ယင်းမှာ တကယ့်အိုအေဆစ်မဟုတ်ချေ။ မမြင်နိုင်လောက်အောင် ဝေးကွာသောအရပ်ရှိ အိုအေဆစ်တစ်ခု၏ပုံတူရိပ်ကို မြေမျက်နှာပြင်အနီးရှိ လေပူက ရောင်ပြန်ဟပ်လိုက်သည့် အရိပ်သာလျှင်ဖြစ်၏။ ဤသို့ လေ၏လှည့်စားမှုကြောင့် အကယ် မရှိသည့် အရာဝတ္ထုများကို ရှိဘိသကဲ့သို့ ထင်ယောင်ထင်မှာ မြင်စေသော ပုံမျိုးကို တံလှပ်ဟုခေါ်ဆိုကြလေသည်။ တံလှပ်များကို ပင်လယ်သမုဒ္ဒရာများတွင်လည်း တွေ့မြင်ရတတ်သည်။
== တံလှပ်ဖြစ်ပေါ်ပုံ==