ဂျိမ်းစ် မွန်ရိုး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅၀ -
သူ့ခေတ်ကို နေပျော်ထိုင်ပျော်ခေတ်ဟု ဆိုကြသည်။ နှစ်ဖက်လုံးမှ ပါတီစွဲဖြုတ်ပြီး အဆင်ပြေပြေနေထိုင်ကြခြင်းကြောင့်ဖြစ်သည်။ ဤအချက်က ၁၈၂၀ ရွေးကောက်ပွဲတွင် သက်သေခံသည်။ မွန်ရိုးသာ မဲအပြတ်အသတ်ဖြင့် နောင်သမ်မတဖြစ်မည့် ဂၽွန် ကွင်စီ အဒမ်စ် ကိုနိုင်၍ သမ်မတဆက်ဖြစ်သည်။ သူ့သမ်မတသက်တမ်းအတွင်း ပြည်နယ်ငါးခု တိုးလာခဲ့သည်။ ပြည်တွင်းရေးအနေဖြင့် မွန်ရိုးလက်ထက်တွင် အက်ကြောင်းများစပေါ်ပေါက်လာသည်။ [[မစ်ဇူရီပြည်နယ်]]တွင် ကျေးကၽွန်ပိုင်ဆိုင်ရေးအတွက် အငြင်းပွားရာ သမ်မတက ဗဟိုအစိုးရကိစ်စမဟုတ်၊ ပြည်နယ်ကိစ်စသာဖြစ်သည်ဟု ယူဆပြီး လက်ရှောင်နေခဲ့သည်။ လှှတ်တော်အမတ် [[ဟင်နရီ ကလေး]] ကဦးဆောင်စေ့စပ်မှ ထိုပြဿနာပြေလည် ခဲ့သည်။ သို့သော် သမ်မတက အာဏာဖြင့် ၀င်ရောက်ဖြေရှင်းခြင်း မဟုတ်သည့်အတွက် ထိုပြဿနာသည် နောင်တွင် [[အမေရိကန် ပြည်တွင်းစစ်]] အဖြစ်သို့ ဦးတည်သွားခဲ့ရသည်။
 
ကျေးကၽွန်များကို စာနာသော်လည်း မွန်ရိုးကိုယ်တိုင်သည် ဇာတိဗာဂျီးနီးယားတွင် မြေပိုင်ရှင်ဖြစ်နေသည်။ ထို့ကြောင့် ကျေးကၽွန်လွတ်မြောက်ရေးကို လက်မခံနိုင်ပေ။ ထိုသို့ ကျေးကၽွန်များကို လွတ်မြောက်ခွင့်ပေးလိုက်လျှင် အကြမ်းဖက်မှု၊ ဒုစရိုက်မှုတို့ကြောင့် လူမှုရေး၊နိုင်ငံရေးတို့တွင် ပြဿနာများနိုင်သည်ကို မြင်ပြီး ကျေးကၽွန်များအား ကိုလိုနီအဆင့် ထူထောင်ပေးရန်နှင့် အဆင့်မြင့်တင်ပေးရန်လိုလားသည်။ အမေရိကန် ကိုလိုနီအသင်းကြီး ကို တက်တက်ကြွကြွထောက်ခံသည်။ ထိုအသင်း၏ မူ၀ါဒမှာ လွတ်လပ်ပြီးသော ကျေးကၽွန်များကို [[အာဖရိကတိုက်အာဖရိက]]တွင် ပြန်လည်နေရာချထားပေးရန်ဖြစ်သည်။ ပထမဆုံးအသုတ်ကို ပြန်လည်နေရာချထားပေးသည့် နယ်မြေကိုလည်း [[မွန်ရိုးဗီးယား]] ဟုဂုဏ်ပြုခေါ်ခဲ့ကြသည်။ (ယနေ့[[လိုင်ဘေးရီးယား]]နိုင်ငံ၏ [[မြို့တော်]])
 
မွန်ရိုး၏ အအောင်မြင်ဆုံး လုပ်ဆောင်ချက်မှာ နိုင်ငံခြားရေး၀ါဒဖြစ်သည်။ သမ်မတမဖြစ်မီက နိုင်ငံခြားရေးဌာနတွင် နေရာစုံမှ နိုင်ငံစုံ တာ၀န်ထမ်းဆောင်ဖူးသည်။ သမ်မတ [[ဂျော့ချ် ၀ါရှင်တန်]] လက်ထက်တွင် ပြင်သစ်သို့ သံအမတ်အဖြစ် စေလှှတ်ခံရသည်။ သို့သော် နှစ်နှစ်အကြာတွင် သဘောမတွေ့သဖြင့် ပြန်လည်ခေါ်ယူခံရသည်။ ၁၈၀၃တွင် အထူးသံတမန်အဖြစ် ပြင်သစ်သို့ ပြန်သွားရပြီး [[လူ၀ီစီယားနားနယ် ၀ယ်ယူမှု]]အတွက် ဆောင်ရွက်နိုင်ခဲ့သည်။ ဗြိတိန်တွင် သံအမတ်အဖြစ် တာ၀န်ယူစဉျက ကြိုးစားပမ်းစား ပုံဖော်ခဲ့သည့် ကုန်သွယ်ရေးစာချုပ်ကို လှှတ်တော်သို့ တင်ပြရန် ငြင်းဆန်ခံရသည်။