ချစ်ကောင်း(ဗိုလ်မှူး): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Minor Encoding fixes by Lionslayer::.
စာကြောင်း ၁ -
==ဗိုလ်မှူး ချစ်ကောင်း (ခရစ် ၁၉၂ဝ-၁၉၆၆)==
[[File:GnChitK.gif|thumb|ဗိုလ်မှူး ချစ်ကောင်း]]
ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်သော ကာနယ်ချစ်ကောင်း (ခေါ်) ဗိုလ်မှူးချစ်ကောင်း (ခေါ်) ရဲဘော်စိုးမောင်အား ၁၉၂၂ ခုနှစ်၊ မြင်းခြံခရိုင် လယ်သစ်ရွာတွင် မြေတိုင်းစားရေးကြီး ဦးအုန်းဖေ၊ အမိ ဒေါ်အိတို့က ဖွားမြင်ခဲ့သည်။ ငယ်စဥ်ကငယ်စဉ်က မြင်းခြံ အေဘီအမ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပြီး ၁၉၃၆ ခုနှစ်၊ မန္တလေး ဥပစာကောလိပ်မှ ဥပစာ (သိပ္ပံ) အောင်သည်အထိ ပညာ သင်ကြားခဲ့သည်။
 
 
ဗိုလ်မှူးချစ်ကောင်းသည် ဒုတိယကမာ္ဘစစ် မတိုင်မီခေတ် ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်၍ မြင်းခြံခရိုင်၊ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌနှင့် မြေအောက် တော်လှန်ရေး အင်အားစု ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဘီအိုင်အေ၊ ဘီဒီအေတပ်များမှာ ပါဝင်၍ မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်း အပါတ်စဥ်အပါတ်စဉ် (၂) သို့ တက်ရောက်ခဲ့သည်။
 
 
ထို့နောက် ၁၉၄၄ ခုနှစ်တွင် စစ်ဦးစီး ဌာနချုပ်ရုံးတွင် အမှုထမ်းဆောင်နေစဥ်အမှုထမ်းဆောင်နေစဉ် အိနိ္ဒယသို့ လျို့ဝှက်စေလွှတ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၎င်းနှင့်အတူ သွားရောက်ခဲ့သူများမှာ [[သခင်ဗိုလ်]] (ဂျပန် တော်လှန်ရေး အတွက် အိန္ဒိယမှ မြန်မာနိုင်ငံသို့ လေထီးဆင်းရန် လေယာဥ်ပျံအတက်တွင်လေယာဉ်ပျံအတက်တွင် ပျက်ကျကာ သေဆုံး)၊ [[မန်းဝင်းမောင်]] (နောင် နိုင်ငံတော် သမ္မတကြီး)၊ ကိုကျော်ရင် (ကထိက [[ဦးကျော်ရင်]])၊ ကိုအုန်းမောင် ([[လေထီးဦးအုန်းမောင်]]) တို့ ဖြစ်ကြသည်။ အိနိ္ဒယနိုင်ငံ၊ ကလကတ္တားမြို့ရှိ အင်္ဂလိပ်တို့ ဖွင့်လှစ်ထားသော ဗမာပြည် ဌာနခွဲ (B.C.S.) တွင် ဂျပန် တိုက်ခိုက်ရေးနှင့် ပတ်သက်သည့် စည်းရုံးရေးနည်း၊ စာလုံးမပေါ်အောင် ရေးနည်း၊ ဖတ်နည်း၊ ပြောက်ကျားတပ် ဖွဲ့နည်း၊ ဖောက်ခွဲ ဖျက်ဆီးနည်း၊ လက်နက်ငယ်များ ကိုင်စွဲပစ်ခတ်နည်း စသည်တို့ကို သင်ကြားခဲ့ရသည်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သင်တန်းဆင်းပြီးသော အခါ စစ်ဘက်ဆိုင်ရာတို့၏ စီစဥ်ချက်အရစီစဉ်ချက်အရ မြန်မာနိုင်ငံတွင် ဂျပန်တို့ သိမ်းပိုက်ထားသော နယ်မြေများ အတွင်းသို့ လေထီးဖြင့် ဆင်း၍ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ကြီးနှင့် ပူးပေါင်းကာ ဖက်ဆစ် တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားခဲ့သည်။
 
 
စာကြောင်း ၁၆ -
 
 
၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဗမာ ကွန်မြူနစ် ပါတီ တောခိုသော အခါ ဗိုလ်မှူးချစ်ကောင်းသည် ပျဥ်းမနားမှပျဉ်းမနားမှ တဆင့် လိုက်ပါသွားခဲ့သည်။ ထို့နောက် မကြာမီမှာပင် ဗမာပြည် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီဝင် တဦး ဖြစ်လာခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပြည်သူ့ တပ်မတော်တွင် နိုင်ငံရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရသည် ဗိုလ်မှူးချစ်ကောင်းအား အရှင် သို့မဟုတ် အသေ ဖမ်းဆီးမိပါက ဆုငွေ ငါးသောင်း ချီးမြှင့်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
 
 
၁၉၅၅ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ရန်ကုန်ပုလိပ်အဖွဲ့၏ ဖမ်းဆီးခြင်းခံရကာ ပုဒ်မ ၅ ဖြင့် ထိန်းသိမ်းခံရသည်။ ထိန်းသိမ်းခံရစဥ်ထိန်းသိမ်းခံရစဉ် အတွင်း ခရိုင် တရားသူကြီး ဦးသန်းနွဲ့ရုံးမှ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ရာဇသက်ကြီး ပုဒ်မ ၁၂၂ (၁) အရ သေဒဏ် ကျခံစေရန် အမိန့် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၁၉၆ဝ ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်၊ တနင်္လာနေ့တွင် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမောင် (မန်းဝင်းမောင်) ၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် ကြိုးဒဏ်မှ လွတ်မြောက်ကာ ထောင်မှ လွတ်မြောက် သွားခဲ့သည်။
 
 
စာကြောင်း ၃၁ -
 
 
ဗိုလ်မှူး ချစ်ကောင်းသည် ပြည်သူ့အာဏာ ဂျာနယ်၊ အလင်းရောင် သတင်းစဥ်၊သတင်းစဉ်၊ ဒဂုန်မဂ္ဂဇင်းနှင့် အခြား စာနယ်ဇင်းများ၌ 'သိန်းဖေစခန်းမှ သိန်းဖေစခန်းသို့' (၁၈၄၅)၊ 'လေးဆယ်တစ်' (၁၉၅၈)၊ 'အနှစ်နှစ်ဆယ်' (၁၆ဝ)၊ 'နိုင်ငံရေးအဘိဓာန်' (၁၉၆၃)၊ 'လူ၏ မူလအစ' (၁၈၆၃) တို့ ဖြစ်သည်။ ၁၉၆၈ ခုနှစ်က Pelican စာအုပ်တိုက်ထုတ် ဂျမန်စစ်ဗိုလ်ချုပ်ကြီး ကလော့စ်ဝစ် (Carl Von Clausewitg) (၁၇၈ဝ-၁၈၃၁) ၏ On War စာအုပ်ကို 'စစ်၏ အခြေခံဥပဒေသ' အမည်ဖြင့် ဘာသာပြန်ဆိုသော်လည်း စာအုပ်အဖြစ် မထုတ်ဝေဖြစ်ခဲ့ချေ။
<ref>အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ်
</ref>--[[User:Mayor mt|Mayor mt]] 03:18, 14 ဧ​ပြီ 2010 (UTC)