သိန်းမောင် (သံအမတ်ကြီး): တည်းဖြတ်မှု မူကွဲများ

added photo
No edit summary
စာကြောင်း ၇ -
 
== လုပ်ဆောင်ချက်များ ==
၁၉၂၃ ဒိုင်အာခီဥပဒေပြုကောင်စီအမတ်၊ ၁၉၂၅-၂၆ မှ ၁၉၃၁-၃၂ ခုနှစ်အထိ [[အ.ထ.က(၂)ဒဂုံ|မြို့မအမျိုးသားကျောင်း]]တွင် ကျောင်းအုပ်ကြီး၊ ၁၉၃၁-၃၂ ခုနှစ် တွင် [[လန်ဒန်မြို့]] မြန်မာပြည်ဆိုင်ရာ မျက်နှာစုံညီဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့ဝင်၊ ၁၉၃၄ ခုနှစ်တွင် [[အိန္ဒိယ]]ဥပဒေပြုကောင်စီအမတ်၊ ၁၉၃၆ ခုနှစ်တွင် ငါးပွင့်ဆိုင်အဖွဲ့မှ ဥပဒေပြုကောင်စီအမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ အိန္ဒိယဥပဒေပြုကောင်စီအမတ်အဖြစ်ဆောင်ရွက်ခဲ့စဉ် အိန္ဒိယမှ မြန်မာပြည်ခွဲထွက်ရေးနှင့် ဗုဒ္ဓဂါယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းကို ဟိန္ဒူဘုန်းတော်ကြီးမဟန့် လက်မှ ပြန်လည်ရရှိရန် မဟာဗောဓိအသင်းမှတစ်ဆင့် ကြိုးစားခဲ့သူဖြစ်သည်။<ref >{{cite book |author=မောင်ဇေယျာ |title=မြန်မာလူကျော် ၁ဝဝ (ပထမအုပ်ပထမတွဲ) စာအုပ်|date=မတ်၂၀၀၂ နိုဝင်ဘာ ၂၀၁၀|publisher=UNITYနှစ်ချို့ဝိုင်စာအုပ်တိုက် စာပေ|author=မောင်ဇေယျာ| page=Page: 195-199}}</ref> ၉၁ ဌာနအုပ်ချုပ်ရေးတွင် ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရ (၁၉၃၇-၃၉) ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ အမျိုးသားပညာရေးအဖွဲ့ချုပ် အဖွဲ့ဝင်လူကြီး ဖြစ်ခဲ့သည်။
 
၁၉၃၉ ခုနှစ်တွင် [[သခင်ကိုယ်တော်မှိုင်း]]၊ သခင်မြ၊ မြို့မဆရာကြီး[[ဘလွင်|ဦးဘလွင်]]၊ ဒေါက်တာသိန်းမောင်တို့က ဗြိတိသျှနယ်ချဲ့ကို လက်နက်ကိုင် တော်လှန်ရန်အတွက် သခင်အောင်ဆန်းအား ရွေးချယ်ခဲ့သည်။ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ဆရာကြီးဦးဘလွင် (တရုတ်-မြန်မာချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်)၊ သခင်နု၊ ဒီးဒုတ်ဦးဘချို စသောပုဂ္ဂိုလ်များက တရုတ်သမ္မတကြီး လင်စင် (Lin Sen, Chairman of the National Government of China)၊ စစ်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့သာမက ဗိုလ်ချုပ်ကြီးချန်ကေရှိတ်၊ မဒမ် ချန်ကေရှိတ်တို့ထံသွားရောက်တွေ့ဆုံခဲ့သည်။ တရုတ်စစ်ကြောင်းတွင် မြန်မာလူငယ်များ စစ်သင်တန်းတက်ရောက်လိုပါက ခွင့်ပြု-မပြု သိချင်ပါသည်ဟု ဆရာကြီးဦးဘလွင်က ဗိုလ်ချုပ်ကြီးချန်ကေရှိတ် (Chiang Kai-shek) ကို မေးမြန်းရာ "မြန်မာစစ်ပညာသင်ကျောင်းသားလူငယ်များအားလက်ခံပါမည်" ဟု ချန်ကေရှိတ်က ပြန်လည်ပြောကြားခဲ့သည်။ မြို့မကျောင်းသားသခင်လှဖေ (နောင်အခါ [[ဗိုလ်လက်ျာ]]) သည် သခင်အောင်ဆန်း၊ သခင်လှမြိုင်တို့အား တရုတ်နိုင်ငံ အမွိုင်မြို့သို့ ရေကြောင်းခရီးဖြင့် သွားရောက်နိုင်ရေး အတတ်နိုင်ဆုံးကူညီပေးရန် တာဝန်ပေးအပ်ခြင်းခံရသည်။
စာကြောင်း ၁၈ -
== ရဲဘော်သုံးကျိပ်အစ၊ ဒေါက်တာသိန်းမောင် က ==
[[File:Dr. Ba Maw, Thakhin Mya, Dr. Thein Maung and Bogyoke Aung San (1943).jpg|thumb|270px|ဝဲမှယာသို့ - ဒေါက်တာဘမော်၊ [[သခင်မြ]]၊ [[ဒေါက်တာသိန်းမောင်]] နှင့် [[ဗိုလ်ချုပ်အောင်ဆန်း]]]]
၁၉၄၀ ပြည့်နှစ် မေလတွင် ဗိုလ်မှူးကြီးဆူဇူကီးသည် မြန်မာနိုင်ငံသို့ရောက်ရှိပြီးနောက် စက်တင်ဘာလတွင် [[သခင်ကိုယ်တော်မှိုင်း]]၊ သခင်မြ၊ မြို့မဆရာကြီး[[ဘလွင်|ဦးဘလွင်]]၊ ဒေါက်တာသိန်းမောင်တို့နှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်။ အမွိုင်မြို့တွင် သောင်တင်နေသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့အား တိုင်ပေမြို့ (နောင်အခါ [[ထိုင်ဝမ်]])ရှိ ဂျပန်စစ်ဌာနချုပ်သို့လည်းကောင်း၊ တိုင်ပေမှတစ်ဆင့် ဂျပန်နိုင်ငံသို့လည်းကောင်း ပို့ဆောင်စေခဲ့သည်။ သခင်အောင်ဆန်း (နောင်အခါ [[အောင်ဆန်း|ဗိုလ်ချုုပ်အောင်ဆန်း]])နှင့် ဂျပန်ဘုရင့်တပ်မတော်မှ ဗိုလ်မှူးကြီး ဆူဇူကီး (Colonel Suzuki Keiji) တို့အား ဂျပန်-မြန်မာချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်<ref>{{cite web |author=AUNG ZAW |title=Opinion {{!}} The Man Behind the Burma Independence Army |url=https://www.irrawaddy.com/opinion/commentary/man-behind-burma-independence-army.html |website=The Irrawaddy |ref=head of the Japan-Burma Friendship Society Dr. Thein Maung said that a Japanese diplomat planned Aung San’s escape to Amoy, now known as Xiamen, in southern China. |language=English |date=25 August 2017}}</ref> သံအမတ်ကြီးဒေါက်တာသိန်းမောင်က ဆက်သွယ်ပေးခဲ့သည်။ သခင်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များ ဂျပန်ပြည်သို့ သွားရောက်စစ်ပညာသင်ယူရေးကိစ္စတွင် အဓိကနေရာမှ ဆောင်ရွက်ပေးသောပုဂ္ဂိုလ်မှာ ဆရာကြီးဒေါက်တာသိန်းမောင် ဖြစ်သည်။<ref name="ublb">{{cite book| author=[[မြင့်ကြွယ်၊ မြို့မ|မြို့မ-မြင့်ကြွယ်]]|title=စာပေဗိမာန် စာပဒေသာပထမဆုရ မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒါန်းအစ|publisher=[[ပြန်ကြားရေး ဝန်ကြီးဌာန]] [[စာပေဗိမာန်]]|location=ရန်ကုန်မြို့|date=၂၀၀၃ ခုနှစ် }}</ref> ထို့ကြောင့် '''[[ရဲဘော်သုံးကျိပ်]]အစ၊ ဒေါက်တာသိန်းမောင် က''' ဟု ပြောစမှတ်ပြုကြသည်။
 
== ဆုတံဆိပ်များ ==