ကဝါလမိုင်း: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ==ကဝါလမိုင်း== ကမ္ဘာဦးအစပိုင်းတွင် ဗေဒင်ကျမ်းဂန်များ၌ အလွ...
 
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၁ -
==ကဝါလမိုင်း==
ကမ္ဘာဦးအစပိုင်းတွင် ဗေဒင်ကျမ်းဂန်များ၌ အလွန်ကျွမ်းကျင်တတ်မြောက်သော ကဝါလမိုင်း အမည်တွင်သည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့သည်။ သူသည် နက္ခတ်ကျမ်း၊ ဗေဒင်ကျမ်းတို့တွင် တစ်ဖက်ကမ်းခပ် တတ်မြောက်သော ဣန္ဒိ၀ိဒ္ဓဣန္ဒိဝိဒ္ဓ ရသေ့ကြီး ဝင်စားသည်ဟု ဆို၏။
 
ကဝါလမိုင်း၏ ပညာစွမ်းကို စုံစမ်းအံ့သောငှာ သိကြားမင်းသည် လူ၏အသွင်ဖြင့် လူ့ပြည်သို့ ဆင်းသက်လာ၍ ယခုအချိန်၌ သိကြားမင်းသည် အဘယ်အရပ်တွင် ရှိသနည်းဟု ကဝါလမိုင်းအား မေး၏။ ကဝါလမိုင်းသည် သေချာကျနစွာ တွက်ချက်ပြီးနောက် သိကြားမင်းသည် လူ့ပြည်တွင်ရှိကြောင်း အသင်ပင် ဖြစ်ကြောင်း ဟောကြားလေလျှင် များစွာ နှစ်ထောင်းအားရ ရှိလေသည်။
စာကြောင်း ၆ -
တရံရောအခါ အာသီမည်သော ဗြဟ္မာမင်းနှင့် သိကြားမင်းတို့သည် ဗေဒင်ဆိုင်ရာ ပြဿနာ တစ်ခု (သိကြားမင်း နှင့် ဗြဟ္မာမင်းတို့ လူ့ပြည် ပြဿဒါးရက်နှင့် ပတ်သက်၍ အငြင်းအခုံဖြစ်ကြ၏။ သိကြား မင်းက သက္ကရာဇ်ကိုတည်၊ ခုနစ်နှင့်စား၊ သုံးကြွင်းပါက လူ့ပြည် ပြဿဒါး ဟု ဆို၏။ ဗြဟ္မာမင်းကမူ ငါးကြွင်း ပါက လူ့ပြည် ပြဿဒါး ဟု ဆို၏။) အတွက် အငြင်းဖြစ်ပွားကြရာ နောက်ဆုံး၌ လူ့ပြည်မှ ကဝါလမိုင်း ဆရာ၏ အဆုံးအဖြတ် ကို ခံယူပြီးသော် နိုင်သူက ရှုံးသူကို ဦးခေါင်းဖြတ်စတမ်းဟု သဘောတူညီကြသည်။ ကဝါလမိုင်းက သိကြားမင်း၏ အယူအဆ မှန်ကန်ကြောင်း အဆုံးအဖြတ်ပေးလိုက်သည်။ သို့သော် သိကြားမင်းက ဗြဟ္မာမင်း၏ ဦးခေါင်းကို မဖြတ်လိုသောကြောင့် ဗြဟ္မာမင်းက အဓိဋ္ဌာန်ပြုလျှက် မိမိ၏ဦးခေါင်းကို ပြတ်စေ၏။
 
ထိုအခါ သိကြားမင်းသည် ဗြဟ္မာကြီး၏ ကိုယ်တွင် တပ်ဆင်ရန်အတွက် မြောက်အရပ်မှ တွေ့သော သတ္တဝါ တစ်ဦး၏ ဦးခေါင်းကို ဆောင်ယူခဲ့ရန် ကဝါလမိုင်းအား ပြောကြားသည်။ ကဝါလမိုင်းသည် ၀ိင်္ဂလဆင်၏ဝိင်္ဂလဆင်၏ ဦးခေါင်းကို ယူ၍ သိကြားမင်းအား ပေးရာ၌ သိကြားမင်းသည် နတ်ရေစင်ဖြန်း၍ ဗြဟ္မာမင်း၏ ကိုယ်တွင် တပ်ဆင်လိုက်သောအခါ မဟာပိန္နဲနတ် ဖြစ်လာသည် ဟုဆိုသည်။ မဟာပိန္နဲကား နတ်ကြီးငါးပါး အပါအဝင်တည်း။
 
ဗြဟ္မာကြီး၏ ဦးခေါင်းကို သမုဒ္ဒရာတွင် ပစ်သော် ရေခမ်းခြောက်မည်။ ကောင်းကင်သို့ ပစ်တင်လိုက်ပါကလည်း ခုနစ်နှစ်တို့ပတ်လုံး မိုးခေါင်မည်။ မြေပြင်တွင် ပစ်သော် မီးဟုန်းဟုန်းလောင်ကျွမ်းမည်။ ထိုကြောင့် သိကြားမင်းသည် ပြောက္က၊ ရဿကာ အစရှိသော နတ်သမီး ခုနှစ်ဖော်အား ဗြဟ္မာကြီး၏ ဦးခေါင်းကို အလှည့်ကျ ပွေ့ချီထားစေသည်။ နတ်သမီး တစ်ဦးမှ တစ်ဦးသို့ ပြောင်းလွဲပေးသော ကာလမှာ လူတို့အရေအတွက်အားဖြင့် တစ်နှစ်ပြည့် မြောက်သော အချိန်နှင့် ညီမျှလေသည်။ ထိုသို့ပြောင်းလွှဲပေးသည်ကို သက္ကရာဇ်ဦးခေါင်း ပြောင်းသည်ဟု ခေါ်စမှတ်ပြုကာ အတာ [[သင်္ကြန်]] ပွဲများ ကျင်းပကြောင်း ဖော်ပြထားသည်။