အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၂၆၉ -
===တရုတ်ပြည်သူ့ သမ္မတနိုင်ငံ===
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ထိုစဉ်က တရုတ်သံအမတ်ကြီး Cheng Ruisheng သည် NLD ရုံးချုပ်ကို ဂုဏ်ပြုခဲ့သည့် ပထမဆုံး သံတမန်ဖြစ်ခဲ့သည်။<ref name=":1">https://burma.irrawaddy.com/opinion/viewpoint/2020/09/09/229538.html</ref> တရုတ်ပြည်သူ့သမ္မတနိုင်ငံ အုပ်ချုပ်သူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှုပ်ရှားမှုများကို အားပေးခြင်းမျိုး မရှိခဲ့ဘဲ၊ စစ်အစိုးရနှင့် ၂၀၁၁ အစိုးရသစ်နှင့်ဆက်ဆံမှုများသာ သမိုင်းတလျှောက်တွင် ရှိခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို ကော်မီတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်ဂမ်း Wang Gang ခေါင်းဆောင်သည့်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံခြင်းမရှိခဲ့ပေ။<ref>[http://www.bbc.co.uk/burmese/burma/2012/05/120514_china_wengang.shtml နယ်စပ် ငြိမ်းချမ်းရေး တရုတ် ကူညီဖို့ ဦးသိန်းစိန်ပြော - BBC News မြန်မာ<!-- Bot generated title -->]</ref>
၂၀၁၄ ဧပြီလတွင် တရုတ်ပြည်သူ့သမ္မ တနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။<ref>https://7day.news/တရုတ်ကွန်မြူနစ်ပါတီ-ကိုယ်စားလှယ်များ-ဒီချုပ်လူငယ်စွမ်းဆောင်ရည်ကို-လာရောက်လေ့လာမည်-----10370</ref> ၂၀၁၆ ခုနှစ်မှစ၍ ပါတီ ထိပ်တန်းပုဂ္ဂိုလ်များ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် လူငယ်အဖွဲ့ဝင် များ အပါအဝင် NLD အဖွဲ့ဝင် ၁၀၀ ကျော် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ ခရီးစဉ် တလျှောက်တွင် မြန်မာကိုယ်စားလှယ်များက တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ခေါင်းဆောင်မှုပုံစံနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေးများကို လေ့လာကြသည်။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး တင်းမာမှုများ တိုးပွားလာနေချိန်တွင် တရုတ်နိုင်ငံက NLD နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးတခုကို တည်ဆောက်ခဲ့သည်။<ref name=":1" />
== ဆက်လေ့လာရန် ==
* [[ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ]]
|