ဘသော် (ခ) မောင်သော်က၊ ဗိုလ်မှူး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး →‎အစောပိုင်းဘဝ
စာကြောင်း ၅ -
 
== စစ်မှုထမ်းဘဝ ==
မြန်မာ့တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူးဘသော်ဟု လူသိများသည်။ [[စစ်ရေယာဉ် (မေယု)]] ကို အင်္ဂလိပ် အစိုးရထံမှ [[ဗိုလ်ချုပ်အောင်ဆန်း]] ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဗိုလ်ဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြုတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
 
တပ်မတော် (ရေတပ်) တွင် ဗိုလ်မှူးရာထူးအထိ ထမ်းဆောင်ခဲ့သည်။ ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် မိမိ စစ်ရေယာဉ်မှူးအဖြစ် တာဝန် ထမ်းဆောင်နေသော တိုက်ရေယာဉ် ၁၀၃ သည် မဟာမိတ် ကျွန်းစုများတဝိုက် ငါးဖမ်း သင်္ဘောများကို လိုက်လံ နိုမ်နင်းရေး တာဝန် ထမ်းဆောင်နေစဉ် မုန်တိုင်းမိကာ ပင်လယ်ပြင်တွင် မျောနေခဲ့သည်။ ဗိုလ်ကြီးဘသော် (မောင်သော်က) နှင့် ရဲဘော် ၁ဝ ဦးတို့သည် အသက်ကယ်ဖောင်ဖြင့် ၁၃ ရက်ကြာမျှ ပင်လယ်ပြင်တွင် မျောနေရာမှ [[ဂျပန်နိုင်ငံ|ဂျပန်]] ကုန်တင်သင်္ဘောတစီးက တွေ့ရှိ ဆယ်ယူခဲ့၍ အသက်မသေ ကျန်ရစ်သူ ၁ဝ ဦးတွင် ပါဝင်သည်။ [[File:HMS Fal 1943 IWM FL 10071.jpg|thumb|[[စစ်ရေယာဉ် (မေယု)]]]]စာပေရေးသားခြင်းကို ကျောင်းသားဘဝမှ စတင်၍ စစ်ပြန်၊ ပဒေသာ မဂ္ဂဇင်း၊ စစ်နှလုံး ဂျာနယ်၊ [[မြဝတီ]]၊ [[ငွေတာရီ]]တို့၌ ဆောင်းပါးများ၊ ဝတ္ထုများ များစွာ ရေးသား ဖော်ပြခဲ့သည်။ ရေကြောင်းစွန့်စားခန်းဝတ္ထုများ ရေးသားရာတွင် ဗိုလ်ဘသော် (ရေတပ်) ဟု ကလောင် အမည်သုံးသည်။ တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၆၉ ခုနှစ်တွင် တပ်မှ အငြိမ်းစားယူကာ ရှေ့သို့၊ ဖော်ဝပ်၊ အင်္ဂလိပ် မြန်မာ နှစ်စောင်စလုံးတွင် စာတည်းချုပ်အဖြစ် တိုင်းပြည် တာဝန်များကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ မောင်သော်ကသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာလုံးဖြင့် ဝတ္ထု၊ ဆောင်းပါးများကို ပိုင်နိုင်စွာ ရေးသားနိုင်သူဖြစ်ကာ နေ့စဉ်သတင်းစာများ၌ အချိန်အားလျော်စွာ ရေးသားခဲ့သော မောင်သော်က၏ ဆောင်းပါးများမှာ သတင်းစာဖတ် ပရိသတ်ကို အထူးနှစ်ချိုက်စွာဖြင့် စောင့်မျှော်ဖတ်ကြရသည့် ဆောင်းပါးများ ဖြစ်သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်စာ၊ စကား သင်ကြားပို့ချခြင်း၊ ရေကြောင်းသိပ္ပံ အတတ်ပညာများကို နိုင်ငံခြားသွား သင်္ဘောသားများအား သင်ကြား ပို့ချပေးခြင်း၊ စာပေကဗျာ ရေးသားခြင်း စသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
 
== နိုင်ငံရေး နောက်ခံ ==