အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၄၃ -
* ပြန်ကြားရေးမှူး - အကယ်ဒမီ ဦး[[အောင်လွင်]] တို့ဖြစ်ပါသည်။
 
ပထမဆုံး ဗဟိုကော်မတီ အစည်း အဝေးကို ဦးကြည်ဟန်အိမ်မှာ ကျင်းပပါသည်။<ref>https://www.kumudranews.com/idea-impression/74363</ref> နောက်ပိုင်းတွင် အလုပ် အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် မလုံလောက်တော့သည့်အတွက် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) ဦး တိုးချဲ့ဖွဲ့စည်းခဲ့သည်။{{Citation needed|date=April 2012}} ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးချမ်းအေး([[မောင်စူးစမ်း (စာရေးဆရာ)|စာရေးဆရာ မောင်စူးစမ်း]])၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦး[[တင်ရွှေ၊ ဦး (မုံရွာ)|တင်ရွှေ]](မုံရွာ)၊ ဦးမိုးသူ၊[[မောင်မိုးသူ|ဦးမိုးသူ]]၊ ဦးဝင်းခက်၊ [[ဘသော် (ခ) မောင်သော်က၊ ဗိုလ်မှူး|စာရေးဆရာ မောင်သော်က( ဗိုလ်မှူး ဘသော်]])၊ ဦးစိုးသိန်း([[ဝံသ၊ မောင်|မောင်ဝံသ]])၊ ဒေါက်တာငွေစိုး စသည့်ပုဂ္ဂိုလ်များ ပါဝင်ခွင့်ရခဲ့သည်။ ထိုအချိန်တွင် ဥက္ကဋ္ဌ ဦးအောင်ကြီးက အဖွဲ့ချုပ်အတွင်းမှာ “ကွန်မြူနစ်တွေ ရောက်နေပါပြီ” “ကွန်မြူနစ်တွေကို ဖယ်ရှားပစ်ရမယ်”ဟုပြောရင်း ပြဿနာမီးပွား စတင်လိုက်ပါသည်။ ဦးအောင်ကြီး ဖယ်ရှားပစ်လိုသည့်သူများမှာ ဦးဝင်းတင် အပါအဝင် ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးချမ်းအေး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ၊ ဦးမိုးသူ တို့ဖြစ်သည်။{{Citation needed|date=April 2012}}
 
နောက်ဆုံးတွင် အလုပ်အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) စုစုပေါင်း (၄၂) ဦး၏ ရှေ့မှာ အစွပ်စွဲခံရသူများဘက်မှ ရှုံးလျှင် နုတ်ထွက်ပေးရေး၊ စွပ်စွဲသူဘက်မှ ရှုံးနိမ့်လျှင်လည်း နုတ်ထွက်ပေးရမည် သဘောတူညီချက်နှင့် မဲခွဲဆုံးဖြတ်ကြပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး အပြတ်အသတ် ရှုံးနိမ့်သွားပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး နုတ်ထွက်ပေးရပြီး “ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီ”ဟူ၍ ပါတီတစ်ခု ထူထောင်သွားပါသည်။ ဦးအောင်ကြီး၏ ပါတီထဲသို့ တက္ကသိုလ် ကောလိပ်ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းဆရာဟောင်းများ စသည့် ပညာရှင်၊ ပညာတတ်ပေါင်းများစွာ ပါဝင်သွားခြင်းဖြစ်ပါသည်။{{Citation needed|date=April 2012}}